NEWS

ကိုရီးယားနိုင်ငံက ဝန်ဆောင်မှုလုပ်ငန်း အမျိုးအစားများအတွက် အမျိုးသမီးအလုပ်သမား လျှောက်လွှာများ လက်ခံတော့မည်

CoverLogo
604 Views
 
ကိုရီးယားနိုင်ငံက ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် အမျိုးသမီးအလုပ်သမားတွေ စတင်ခေါ်တော့မှာဖြစ်ပြီး အလုပ်လျှောက်လွှာတွေကို လာမယ့်နှစ် ဇန်နဝါရီလဆန်းမှာ စတင်လျှောက်ထားနိုင်မယ်လို့ အစိုးရ ပြည်ပအ လုပ်အကိုင် အေဂျင်စီက ထုတ်ပြန်ကြေညာထားပါတယ်။
ထုတ်ပြန်ချက်ထဲမှာတော့ အမျိုးသမီးအလုပ်သမားတွေပါ လုပ်ကိုင်နိုင်မယ့် ဝန်ဆောင်မှု (၁) အတွက် အလုပ် လျှောက်လွှာကို ဇန်နဝါရီလ (၂) ရက်မှာ ထုတ်ပေးမှာဖြစ်ပြီး အလုပ်လျှောက်လွှာတွေကိုတော့ ဇန်နဝါရီလ (၈) ရက်မှာ လက်ခံပေးမယ်လို့ ဖော်ပြထားပါတယ်။
“အမျိုးသမီး အလုပ်သမားက အခုမှစပြီး သွားမှာပေါ့နော်။ ပြောမယ်ဆို အရင်ဆုံး သွားတဲ့သူတွေ အဆင်ပြေပြေ လုပ်နိုင်ရင် ရေရှည်အခွင့်အလမ်း ပွင့်သွားမှာပေါ့နော်။ ကိုရီးယားက တစ်နှစ်တစ်ခါ လုပ်အားခက တိုးနေတာဆို တော့ ပြည်တွင်းက သွားချင်တဲ့သူတွေလည်း များပါတယ်။ အဲဒီတော့ ကိုယ့်ဖက်က ကြိုးစားဖို့ပဲ လိုတာပေါ့”လို့ ကိုရီးယားဘာသာစကား သင်ကြားရေးဆရာတစ်ဦးက ပြောပါတယ်။
အလုပ်လျှောက်လွှာထုတ်ယူရာမှာ ကာယကံရှင်ကိုယ်တိုင် နိုင်ငံကူးလက်မှတ်၊ စာမေးပွဲ ဖြေဆိုခွင့်ဖြတ်ပိုင်းတွေ ပြသထုတ်ယူရမှာဖြစ်ပြီး ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ ပင်လုံခန်းမမှာ အလုပ်လျှောက် လွှာ ထုတ်ယူတာနဲ့ ၊ လက်ခံပေးတာတွေ လုပ်ဆောင်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။
“သူများနိုင်ငံမှာ သွားလုပ်ရတယ်ဆိုတာ ထင်သလောက်တော့ လွယ်ကူနေတာ မဟုတ်ပါဘူး။ အလုပ်ထဲမှာလည်း အခက်အခဲတွေတော့ ရှိပါတယ်။ တစ်ခုပဲ လုပ်ခလစာကွာတော့ မိသားစုကို အထောက်အပံ့တော့ ဖြစ်တာပေါ့။ ဒါပေမယ့် အရာအားလုံး အဆင်ပြေနေမယ်လို့တော့ မတွေးစေချင်ဘူး”လို့ ကိုရီးယားရောက် မြန်မာနိုင်ငံသားတစ် ဦးက ပြောပါတယ်။
ကိုရီးယားနိုင်ငံဟာ ပြည်တွင်းကနေ သွားရောက်လုပ်ကိုင်လိုသူများတဲ့ နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံအစိုးရချင်း ချိတ်ဆက် ပြီး အမျိုးသားအလုပ်သမားတွေ စေလွှတ်နေတာဖြစ်ပါတယ်။ အမျိုးသမီး အလုပ်သမား ခေါ်ယူတာကိုတော့ လာမယ့်နှစ်မှသာ စတင်မှာဖြစ်ပြီး ရာသီချိန်လုပ်သားအတွက်တော့ ခေါ်ယူတာ မရှိသေးပါဘူး။

Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026