NEWS

ကိုရီးယားကို လုပ်သားပို့ဆောင်သည့် ပုဂ္ဂလိကအေဂျင်စီ များကို  အလုပ်ခေါ်စာ တစ်စောင်လျင် ၁၀ ဦးသာ ခွင့်ပြုမည်ဟုထုတ်ပြန်

CoverLogo
570 Views

တောင်ကိုရီးယား နိုင်ငံ အတွက် မြန်မာလုပ်သား အလုပ်ခေါ်စာ တင်ပြခွင့် တွင် အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ မှ ပို့ဆောင်ပေးနေတဲ့ EPS စနစ် အလုပ်ခေါ်စာ အတွက်  လုပ်သားဦးရေ ကိုတော့ ကန့်သတ်မှုမရှိ ပေမယ့်ပုဂ္ဂလိက အေဂျင်စီ မှ ပို့ဆောင်ပေးနေတဲ့  အလုပ်ခေါ်စာ များ ကို တော့  တစ်လလျှင် ၁၀ဦးသာ ခွင့်ပြုမယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက မတ်လ၂၄ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ 

 

တောင်ကိုရီးယား နိုင်ငံ ကို မြန်မာလုပ်သားစေလွှတ်တာ မှာ Public Oversea Employment Angency (POEA)အစီစဉ်နဲ့ ကိုရီးယားဘာသာစကား အရည်ချင်းစစ်စာမေးပွဲ ဖြေဆိုစေပြီး သတ်မှတ် နှုန်းထား အတိုင်း အောင်မြင်သူတွေ ကို 

G to G စနစ် ဖြင့် လုပ်သား ပို့ဆောင်သလို သင်္ဘောကျင်းလုပ်ငန်းများ အတွက် ကျွမ်းကျင်လုပ်သား (E-7-3 ဗီဇာ)နဲ့ရေလုပ်ငန်းများအတွက် ရေလုပ်သား(E-10-2ဗီဇာ) တို့ကိုတော့ ပုဂ္ဂလိကပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ တွေ က ပို့ဆောင်ပေးလျက်ရှိပါတယ်။ 

 

အလုပ်သမားဝန်ကြီးဌာနရဲ့ ကိုရီးယားနိုင်ငံ သို့ မြန်မာလုပ်သားစေလွှတ်နိုင်ရေးနဲ့ပက်သက်တဲ့ လုပ်ငန်းစဉ် ထုတ်ပြန်ချက်မှာတော့ G to G ပို့ဆောင်နေတဲ့ အလုပ်အကိုင်တွေ အတွက် လုပ်သားဦးရေ ကို ကန့်သက်မှုမရှိဘဲ ပုဂ္ဂလိက အေဂျင်စီ ပို့ဆောင်ပေးနေတဲ့ အလုပ်တွေ အတွက် အလုပ်ခေါ်စာတင်ပြမှု ကိုတော့ အေဂျင်စီ တစ်ခု ကို တစ်လ လျှင် အလုပ်သမား ၁၀ဦး ထိသာ တင်ပြခွင့်ပြုတယ်လို့ ပါရှိပါတယ်။ 

 

"ကိုရီးယား ကတော့ သူတို့ အစိုးရ ကိုယ်တိုင်ပို့တာ ဆိုတော့ ဘာကန့်သက်ချက်မှ မရှိဘူး ပုဂ္ဂလိက အေဂျင်စီ ပို့တာ ကို ၁၀ဦး ထိ သာ လက်ခံ မယ်ဆိုတယ် ကိုရီးယား ကို  EPS စနစ်နဲ့ပဲ သွားကျတာများတယ်  E 7 တို့ E 10 တို့နဲ့ သွားသူလည်းနည်းသလို လုပ်သားစေလွှတ်တဲ့ အေဂျင်စီ လည်း နည်းပါတယ် အခုလို လုပ်သားဦးရေကန့်သက်လဲ ပဲ အခြားနိုင်ငံ တွေလိုတော့ ထိခိုက်နစ်နာမှာတွေ သိပ်မရှိပါဘူး""လို့ လိုင်စင်ရအေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

 

အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် ထဲ တွင် ကိုရီးယားနိုင်ငံ အတွက် ၂၀၂၅ ဇန်နဝါရီ ၃၀ ရက်မတိုင်ခင် Demand Letterတင်ထားတဲ့   အေဂျင်စီတွေအနေနဲ့ လူဦးရေ ၁၀ ဦးထက်ပိုနေပါက  အခုလ ၂၅ ရက်က စပြီး ပြင်ဆင်တင်ပြဖို့လည်း အသိပေးထားကာ အလုပ်ခေါ်စာအသစ်ကိုတော့  မေလ ၂ရက် နေ့မှာ စတင်လက်ခံမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

 

စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက မြန်မာနိုင်ငံ မှ ကနေ အလုပ်သမားစေလွှတ်နေတဲ့ နိုင်ငံအလိုက် အလုပ်ခေါ်စာ လူဦးရေကန့်သက်ချက်တွေ ကို နေ့စဉ် ထုတ်ပြန်ကြေညာနေတာမှာ  ထိုင်းနိုင်ငံအတွက် ၅၀ဦး၊ ဂျပန်နိုင်ငံအတွက် ၁၅နဲ့ ကိုရီးယားနိုင်ငံအတွက် ၁၀ဦး အဖြစ် ကန့်သက်ကြောင်း   ကြေညာ ထားပြီးဖြစ်စင်ကာပူ၊ မလေးရှားနဲ့ တခြားနိုင်ငံတွေအတွက် လုပ်ငန်းစဉ်ကိုလည်း ဆက်လက်ထုတ်ပြန်မယ်လို့ သိရပါတယ်။ 

 


Related posts

Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026