NEWS

ကိုရီးယား ရောက် မြန်မာလုပ်သားတစ်ဦး ဆေးကုသစရိတ် အခက်အခဲ ဖြစ်နေ

CoverLogo
149 Views
 
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားတစ်ဦးဟာ ဆိုင်ကယ် တိမ်းမှောက်ရာမှ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တဲ့ အတွက် ဆေးကုသမှုခံယူ ရာ မှာ ကုသစရိတ်အတွက်အခက်ခဲ ဖြစ်နေတယ်လို့ ကိုရီးယားရောက်မြန်မာလုပ်သားအရေးကူညီပေး နေတဲ့ကိုဇော်မိုးအောင် ထံမှ သိရပါတယ်။
 
ဂယောင်ဆန်းပြည်နယ် မီယန်းမြို့ရှိ စက်ရုံ တစ်ခု မှာ အလုပ် လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ကိုမင်းထက်နိုင်ဟာ ဇူလိုင် ၁၈ရက် ညက အလုပ်သိမ်းချိန် မှာ ဆိုင်ကယ်ဖြင့် အပြင်ကိုသွားရာ လမ်းတွင် ဓါတ်တိုင်ကို ဝင်တိုက်မိပြီး ဆိုင်ကယ်ဦးထုပ်မဆောင်းမိတာကြောင့် ဦးခေါင်းတွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရခဲ့ပြီးဘူဆန်တက္ကသိုလ် ဆေးရုံကြီးမှာ ဦးခေါင်း ဒဏ်ရာ ခွဲစိတ်ကုသတာမှာ ခွဲစိတ်မှုအောင်မြင်တယ်လို့သိရပါတယ်။
 
လက်ရှိ ဆေးကုသစရိတ်ဟာ သိန်း ၅၀၀ ကျော်ရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူ ကိုမင်းထက်နိုင်မှာ ကျန်းမာရေးအာမခံ မရှိတဲ့ အတွက် ဆေးကုသစရိတ်ကို ရာနှုန်းပြည့်ပေးရမှာ ဖြစ်တာကြောင့်ကုသစရိတ် ပေးဖို့ အခက်ခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
 
ဆေးကုသစရိတ်ကူညီ လိုသူတွေ အနေနဲ့ ကိုမင်းထက်နိုင်ရဲ့ ညီအရင်းဖြစ်သူ ဖြိုးမင်းနိုင် ဖုန်း နံပတ် 010-30376249 ထံ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။
 
ဆေးကုသနေရသူ မြန်မာလုပ်သား ဟာ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် စိန်ရွှေကုန်းကျေးရွာမှတောင် ကိုရီးယား နိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင်သူဖြစ်ကြောင်းသိရပါတယ်။
 

Related posts

Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့ ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင်
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု
Oct 02, 2025
Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့(ရုပ်သံသတင်း) ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင် (ရုပ်သံသတင်း)
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု(ရုပ်သံ)
Oct 02, 2025
Cover
အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
ကြိုတင်အသိမပေးဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
မြန်မာလုပ်သား ၁၅၀၀ ခန့်ကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ဖြုတ်
Oct 01, 2025
Cover
ရနောင်း-ရန်ကုန် ကုန်ပစ္စည်းတင်းသွင်း၊ တင်ပို့မှုကို အောက်တိုဘာ ၁ ရက်မှစပြီး MACCS စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်
Oct 01, 2025