NEWS

ကိုရီးယား ရောက် မြန်မာလုပ်သားတစ်ဦး ဆေးကုသစရိတ် အခက်အခဲ ဖြစ်နေ

CoverLogo
271 Views
 
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားတစ်ဦးဟာ ဆိုင်ကယ် တိမ်းမှောက်ရာမှ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တဲ့ အတွက် ဆေးကုသမှုခံယူ ရာ မှာ ကုသစရိတ်အတွက်အခက်ခဲ ဖြစ်နေတယ်လို့ ကိုရီးယားရောက်မြန်မာလုပ်သားအရေးကူညီပေး နေတဲ့ကိုဇော်မိုးအောင် ထံမှ သိရပါတယ်။
 
ဂယောင်ဆန်းပြည်နယ် မီယန်းမြို့ရှိ စက်ရုံ တစ်ခု မှာ အလုပ် လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ကိုမင်းထက်နိုင်ဟာ ဇူလိုင် ၁၈ရက် ညက အလုပ်သိမ်းချိန် မှာ ဆိုင်ကယ်ဖြင့် အပြင်ကိုသွားရာ လမ်းတွင် ဓါတ်တိုင်ကို ဝင်တိုက်မိပြီး ဆိုင်ကယ်ဦးထုပ်မဆောင်းမိတာကြောင့် ဦးခေါင်းတွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရခဲ့ပြီးဘူဆန်တက္ကသိုလ် ဆေးရုံကြီးမှာ ဦးခေါင်း ဒဏ်ရာ ခွဲစိတ်ကုသတာမှာ ခွဲစိတ်မှုအောင်မြင်တယ်လို့သိရပါတယ်။
 
လက်ရှိ ဆေးကုသစရိတ်ဟာ သိန်း ၅၀၀ ကျော်ရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူ ကိုမင်းထက်နိုင်မှာ ကျန်းမာရေးအာမခံ မရှိတဲ့ အတွက် ဆေးကုသစရိတ်ကို ရာနှုန်းပြည့်ပေးရမှာ ဖြစ်တာကြောင့်ကုသစရိတ် ပေးဖို့ အခက်ခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
 
ဆေးကုသစရိတ်ကူညီ လိုသူတွေ အနေနဲ့ ကိုမင်းထက်နိုင်ရဲ့ ညီအရင်းဖြစ်သူ ဖြိုးမင်းနိုင် ဖုန်း နံပတ် 010-30376249 ထံ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။
 
ဆေးကုသနေရသူ မြန်မာလုပ်သား ဟာ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် စိန်ရွှေကုန်းကျေးရွာမှတောင် ကိုရီးယား နိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင်သူဖြစ်ကြောင်းသိရပါတယ်။
 

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026