NEWS

ကိုရင်တစ်ပါးရိုက်နှက်နှိပ်စက်ခံရပြီး ပျံလွန်တဲ့ အပေါ်ဝေဖန်မှုများမြင့်တက်နေ

CoverLogo
585 Views

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှာ ၁၃ နှစ်အရွယ် ကိုရင်တစ်ပါးညှင်းပန်းနှိပ်စက်ခံရပြီး ပျံလွန်တဲ့အပေါ်ပြည်သူတွေကြားမှာဝေဖန်မှုမြင့်တက်နေပါတယ်။ 

စက်တင်ဘာလထဲမှာဖျာပုံခရိုင်၊ အမာမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာရှိ သရက်တောဘုန်းတော်ကြီးကျောင်းမှာပညာသင်ကြားရေး ကိုရင်ငယ်တစ်ပါးကို ဖုန်းခိုးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ရိုက်နှက်တာကြောင့်ပျံလွန်ခဲ့ပါတယ်။ 

ဒီလုပ်ရပ်ကိုတော့သရက်တောကျောင်းတိုက်နေမဘသဘုန်းကြီးတစ်ပါးနဲ့အတူလူနှစ်ဦးကလုပ်ဆောင်ခဲ့တာပါ။ 

လက်ရှိမှာတော့ကျုးလွန်သူတွေကိုစစ်ကောင်စီရဲတပ်သားတွေကလာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးစစ်‌ စစ်​ဆေး​နေတယ်လို့ စစ်​ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ 

"သတင်းကိုစမြင်ရတော့လေတော်တော်ကိုထိတ်လန့်မိတယ်။ဘယ်လိုမှမဖြစ်သင့်တဲ့လုပ်ရပ်လို့လည်းမြင်တယ်။လူအချင်းချင်းတောင်လူ့အသက်ဆိုတာဥပဒေမဲ့လုပ်လို့မရဘူးလေ။အခုကျသင်္ကန်းဝတ်ဘုန်းကြီးကပါဒီလိုလုပ်ရပ်ကျူးလွန်တယ်ဆိုတော့ရင်မောတယ်။ဒီလိုသာသနာဘောင်ထဲကဥပဒေမဲ့လုပ်ရပ်တွေဘယ်လောက်တောင်ရှိမလဲတောင်တွေးမိတယ်"လို့ အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပြည်သူတစ်ဦးက ပြောပါတယ်။ 

လက်ရှိမှာသာသနာဘောင်အတွင်းမှာစာသင်သားတွေ အအများအပြားရှိနေပြီးဒီလိုလုပ်ရပ်‌​ကြောင့် စာသင်တိုက်​တွေမှာ ဒါမှမဟုတ် ငွေကြေးမတတ်နိုင်လို့ ဘကဘုန်းတော်ကြီးကျောင်းတွေမှာပညာသင်ကြားနေရသူတွေအတွက်မိဘတွေကစိုးရိမ်သောကများနေရပါတယ်။ 

"အခုကတရားတော်နဲ့အညီနေထိုင်တာတော်တော်ကိုရှားသွားတယ်။ရန်ကုန် ​ရွှေပြည်သာဘက်မှာကိုကိုယ်တိုင်ကားမောင်းတဲ့ဘုန်းကြီးတွေ၊ ဆိုင်ကယ်ဘေးတွဲကိုကိုယ်တိုင်မောင်းနေတာတွေပါအများကြီးတွေ့ရတယ်။သာသနာ‌ဝင်​တွေပါ ပျက်စီးနေပြီ ခံစားရတယ်"လို့ ရွှေပြည်သာမြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။ 

လက်ရှိမှာတော့နှိပ်စက်ခံရပြီး ပျံလွန်ခဲ့ရတဲ့ကိုရင်အတွက်တရားမျှတမှုအမြန်ဆုံးရရှိနိုင်ဖို့ပြည်သူတွေမျှော်လင့်နေကြပါတယ်။ 

 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026