NEWS

ကိုယ်ဝန်သည်များအား စံချိန်မပြည်မီဟုဆိုပြီး SUN APPAREL ( ဆန်းဧပရယ်) စက်ရုံမှ အလုပ်ထုတ်ပယ်နေဟုဆို

CoverLogo
1.8K Views

ကိုယ်ဝန်သည် အမျိုးသမီးအလုပ်သမားတွေကို အလုပ်စံချိန်မမီဟုဆိုကာ SUN APPAREL ( ဆန်းဧပရယ်) အထည်ချုပ်စက်ရုံ တာဝန်ရှိသူတွေက အလုပ်ကနေထုတ််ပယ်ဖို့ စီစဉ်နေတယ်လို့ စက်ရုံ အလုပ်သမားတွေက ပြောဆိုပါတယ်။

အမျိုးသမီး ကိုယ်ဝန်သည်တွေကို  လုပ်အားလျော့လာတာနဲ့  မီးဖွားခွင့်ပေးရမှာတွေကြောင့် လုပ်သက် ၆ လမပြည့်သေးတဲ့ အမျိုးသမီး အလုပ်သမားတွေကို စစ်ဆေးပြီး ကိုယ်ဝန်ရှိပါက  အလုပ်ကနေ ရပ်နားခိုင်းနေတယ်လို့  မြန်မာနိုင်ငံ အထွေထွေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FGWM )ရဲ့ လူမှုကွန်ရက် ရေးသားထားပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့ စက်မှုဇုန်၊ (၅) မလိခလမ်း၊ အမှတ် ၇၈  မှာ လုပ်ငန်း လုပ်ကိုင်နေတဲ့ SUN APPAREL ( ဆန်းဧပရယ်) အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးတွေ မရရှိဘူးလို့ သိရပါတယ်။

အလုပ်သမားတွေကို ဖိအားပေး ခိုင်းစေနေပြီး မလုပ်နိုင်တဲ့ အထည်စံချိန်ကို အဓမ္မ တောင်းဆိုတဲ့ အလုပ်သမားခေါင်းဆောင်တွေကလည်း အလုပ်ရှင် သဘောကျ လုပ်ဆောင်ပေးနေတယ်လို့ SUN APPAREL ( ဆန်းဧပရယ်) အထည်ချုပ်စက်ရုံ  အလုပ်သမားတွေက ပြောပါတယ်။

လုပ်ငန်းခွင်အတွင်း စက်ရုံတာဝန်ရှိသူတွေရဲ့ ဖိနှိပ်တာတွေကြောင့် လစဥ် ဥပဒေမဲ့ အလုပ်ထုတ်မှုတွေနဲ့  လုပ်ခလစာ ဖြတ် တောက်တာတွေရှိနေတယ်လို့   သိရပါတယ်။

SUN APPAREL ( ဆန်းဧပရယ်) အလုပ်သမားတွေက စက်ရုံတာဝန်ရှိသူတွေရဲ့ ဖိနှိပ်မှုနဲ့ အဓမ္မ ခိုင်းစေခံ နေတာတွေကို ဖြေရှင်းညှိနှိုင်းနိုင်ဖို့ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းထူထောင်ဖို့ ကြိုးစားတဲ့ အလုပ်သမားတွေကို လည်း အပြစ်ရှာ ဖိအားပေးပြီး အလုပ်မထွက် ထွက်အောင် လုပ်ဆောင်နေတာတွေကြောင့် တာဝန်ရှိသူ တွေကကူညီဖြေရှင်းပေးနိုင်ဖို့  FGWM အဖွဲ့ကို အကူညီတောင်းထားတယ်လို့ သိရပါတယ်။

Source_FGWM


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026