NEWS

ကားအတွင်း ပြည့်ကြပ်စွာတင်ဆောင်လာသည့် မြန်မာလုပ်သား ၄၈ဦး ကန်ချနဘူရီ တွင် အဖမ်းခံရ

CoverLogo
290 Views
 
ကန်ချနဘူရီခရိုင် လတ်ယာ ဒေသ ရှိ အဝေးပြေး လမ်းမပေါ် မောင်းနှင်လာတဲ့ ကားတစ်စီး ပေါ်မှာ ပြည့်ကြပ်စွာ တင်ဆောင်လာတဲ့ မြန်မာလုပ်သား၄၈ဦး ကို ထိုင်းအာဏာပိုင်တွေ က စစ်ဆေး ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေ အရ သိရပါတယ်။
 
ဇန်နဝါရီ ၁၈ ရက် က အဖမ်းခံရတာ ဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့ က ကြိုတင်သတင်းရရှိတာကြောင့် အဝေးပြေး လမ်းမ​ပေါ် တွင် အဖွဲ့ခွဲပြီး စောင့်ဆိုင်းကာ ၎င်း ကားကို တားဆီးဖမ်းဆီး ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
ကားထဲ တွင် တစ်ဦးနဲ့ တစ်ဦး ပူးကပ်စွာ ထိုင်နေရပြီး အသက်ရှုဖို့ ရန်ပင် ခက်ခဲတဲ့ အနေထားနဲ့ လိုက်ပါ လာရတဲ့အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၁၇ ဦး၊ မှီခိုသူ ၅ ဦး စုစုပေါင်း မြန်မာ ၄၈ဦး ကို တွေ့ရှိရပြီး ၎င်းတို့ တွင် အထောက် အထားတစ်စုံတစ်ရာ မှ မပါရှိဘူးလို့ သတင်းမှာ ဖေါ်ပြထားပါတယ်။
 
ယာဉ်မောင်းသူ ထိုင်းအမျိုးသားမှာ အသက်၄၀အရွယ်ရှိပြီး မြန်မာလုပ်သားတို့ကို နယ်စပ်ကနေ ဘန်ကောက် ကို ပို့ဆောင်ပေးဖို့ အခကြေးငွေ ယူဆောင်ပြီး ကားဖြင့် ခေါ်ဆောင်ပေးလာတာ ဖြစ်တယ်လို့ သိရပါတယ် ဖမ်းဆီးရမိသူတွေကို ထိုင်းနိုင်ငံ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်သလို နောက်ကွယ်မှ အဓိက လူကုန်ကူးသူတွေ ကိုလည်း စုံစမ်းစစ်ဆေး ဖမ်းဆီးဖို့ လုပ်ဆောင် သွားမယ်လို့ သိရပါတယ်။
 
Ref- Top News

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026