ကန်ချနဘူရီခရိုင် လတ်ယာ ဒေသ ရှိ အဝေးပြေး လမ်းမပေါ် မောင်းနှင်လာတဲ့ ကားတစ်စီး ပေါ်မှာ ပြည့်ကြပ်စွာ တင်ဆောင်လာတဲ့ မြန်မာလုပ်သား၄၈ဦး ကို ထိုင်းအာဏာပိုင်တွေ က စစ်ဆေး ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေ အရ သိရပါတယ်။
ဇန်နဝါရီ ၁၈ ရက် က အဖမ်းခံရတာ ဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့ က ကြိုတင်သတင်းရရှိတာကြောင့် အဝေးပြေး လမ်းမပေါ် တွင် အဖွဲ့ခွဲပြီး စောင့်ဆိုင်းကာ ၎င်း ကားကို တားဆီးဖမ်းဆီး ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ကားထဲ တွင် တစ်ဦးနဲ့ တစ်ဦး ပူးကပ်စွာ ထိုင်နေရပြီး အသက်ရှုဖို့ ရန်ပင် ခက်ခဲတဲ့ အနေထားနဲ့ လိုက်ပါ လာရတဲ့အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၁၇ ဦး၊ မှီခိုသူ ၅ ဦး စုစုပေါင်း မြန်မာ ၄၈ဦး ကို တွေ့ရှိရပြီး ၎င်းတို့ တွင် အထောက် အထားတစ်စုံတစ်ရာ မှ မပါရှိဘူးလို့ သတင်းမှာ ဖေါ်ပြထားပါတယ်။
ယာဉ်မောင်းသူ ထိုင်းအမျိုးသားမှာ အသက်၄၀အရွယ်ရှိပြီး မြန်မာလုပ်သားတို့ကို နယ်စပ်ကနေ ဘန်ကောက် ကို ပို့ဆောင်ပေးဖို့ အခကြေးငွေ ယူဆောင်ပြီး ကားဖြင့် ခေါ်ဆောင်ပေးလာတာ ဖြစ်တယ်လို့ သိရပါတယ် ဖမ်းဆီးရမိသူတွေကို ထိုင်းနိုင်ငံ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်သလို နောက်ကွယ်မှ အဓိက လူကုန်ကူးသူတွေ ကိုလည်း စုံစမ်းစစ်ဆေး ဖမ်းဆီးဖို့ လုပ်ဆောင် သွားမယ်လို့ သိရပါတယ်။
Ref- Top News









