NEWS

ကလေးလုပ်သားပိုများလာပြီး လုပ်ခလစာခေါင်းပုံဖြတ်ခံနေရ

CoverLogo
909 Views

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စောင့်ကြည့် အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီက  ကလေးလုပ်သားပပျောက်ရေးအတွက် စီမံချက်နဲ့လုပ်ဆောင်နေတယ်လို့ ပြောပေမဲ့ လက်ရှိကာလမှာတော့ကလေးလုပ်သားပိုမိုများလာသလို လုပ်အားခခေါင်းပုံဖြတ်ခံရတာတွေပါ များလာတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။  

တိုင်းပြည်ရဲ့ စီးပွားရေး ယုတ်လျော့မှုအခြေအနေတွေကြောင့် ကလေးလုပ်သားတွေ များပြားလာတဲ့အခြေအနေဟာ ယင်းတို့ကို အပြစ်ဆိုမဲ့အစား လုပ်ခခေါင်းပုံဖြတ်တာမခံရအောင်နဲ့ လုပ်ငန်းခွင်မှာ အန္တရာယ် ကင်းအောင်အလေးထားလုပ်သင့်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူကပြောဆိုပါတယ်။

"သူတို့ကော်မတီကတော့လုပ်နေတာပဲ ပထမငါးနှစ်စီမံကိန်းတွေ  ဒုတိယငါးနှစ်စီမံကိန်းတွေနဲ့ သူတို့ဘယ်လိုပဲလုပ်လုပ် တိုင်းပြည်စီးပွားရေးတွေပျက် ကုန်ဈေးနှုန်းတွေကျဆင်းနေချိန်မှာ လုပ်အားခတွေကလည်းမတက်လာတော့ ကုန်ဈေးနှုန်းမြင့်မားတာနဲ့  စား၀တ်နေရေးမလုံလောက်တာတွေကြောင့် ကလေးတွေကပါစား၀တ်နေရေးအတွက် ၀င်ပြီးလုပ်လာကြရတာ။ ဒီလိုအခြေအနေတွေမှာ ကလေးလုပ်သားပပျောက်ရေးဆိုတာတွေထက် ကလေးတွေလုပ်ငန်းခွင်ထဲမှာ မထိခိုက်ဖို့နဲ့လုပ်အားခတွေခေါင်းပုံမဖြတ်ခံရဖို့ကိုပဲ အလေးထားလုပ်သင့်ပါတယ်။ တိုင်းပြည်ရဲ့အခြေအနေတွေအရ ကလေးတွေပါလုပ်ငန်းခွင်တွေထဲရောက်လာတဲ့အပေါ် အပြစ်ဆိုလို့မရပါဘူး။ ကာကွယ်ပေးနိုင်ဖို့ ကအရေးကြီးပါတယ်"လို့ ပြည်တွင်းအလုပ်သမားရေးဆောင်ရွက်နေသူတစ်ဦးကပြောပါတယ်။  

ပြည်တွင်းမှာနိုင်ငံရေးအခြေအနေတွေနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုတွေအပြင် လုပ်ခလစာနည်းပါးမှုတွေကြောင့် မိသားစုစား၀တ်နေရေးတွေခက်ခဲလာကြတာကြောင့် ကလေးတွေဟာ လုပ်ငန်းခွင်၀င်ရောက်လုပ်ကိုင်လာရတာ တွေရှိသလို စက်ရုံ အလုပ်ရုံတွေမှာလည်း လုပ်သားရှားပါးမှုကြောင့် အသက်မပြည့်သေးတဲ့ကလေးလုပ်သားတွေကိုခေါ်ယူစေခိုင်းတာရှိနေတာပါ။

အချို့စက်ရုံတွေ အနေနဲ့ကတော့ အသက်မပြည့်သေးတဲ့ကလေးလုပ်သားတွေကို လုပ်ခနည်းနည်းပေးကာ နေ့စားခေါ်ယူစေခိုင်းတာတွေ နဲ့ လုပ်အားခခေါင်းပုံဖြတ်တာ၊ ခြိမ်းခြောက်ခိုင်းစေတာ၊  လုပ်ငန်းခွင်အတွင်း မတော်တဆထိ ခိုက်မှုဖြစ်ပွားပါက တာဝန်မယူဘဲ အလုပ်ထုတ်လိုက်တဲ့ ဖြစ်ရပ်တွေ ဖြစ်ပေါ်လာတာလို့ သိရပါတယ်။  

"အဓိကတော့ကျွန်မတော့လုပ်ခလစာကိုပဲပြောချင်တယ်။ အလုပ်သမားတွေလုပ်ခလစာအင်မတန်နည်းပါတာ လုပ်ခလစာတွေမတိုးတာတွေကြောင့်  ကြီးမြင့်လာတဲ့ကုန်ဈေးနှုန်းတွေအရ စား၀တ်နေရေးမလောက်ငှတဲ့အခါ  အိမ်ရှိလူတွေအားလုံးလုပ်ငန်းလုပ်နေမှ ၀င်ငွေရနေမှစားလို့ရမဲ့အနေအထားဖြစ်လာတယ်။ ပြောရရင်တော့ ၀င်ငွေနည်းပါးတော့ မလုံလောက်တဲ့အခါ ကလေးတွေကလည်းသူတို့စရိတ်သူတို့ကိုယ်တိုင်ရှာဖွေ သုံးစွဲလာရတဲ့အနေအထားကိုရောက်လာတာ။ ကုန်ဈေးနှုန်းတွေသာအကုန်မြင့်လာတယ် အလုပ်သမားတွေရဲ့လုပ်ခက လုံး၀မတက်လာဘူး။ အဓိက ပြသနာကဒါပါပဲ"လို့ အလုပ်သမားရေးဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။  

အသက်မပြည့်သေးတဲ့ ကလေးအလုပ်သမားတွေ လုပ်ငန်းခွင်တွေထဲရောက်တဲ့အခါ အလုပ်လုပ်ချိန်ကို အသက်ပြည့်မီသူများနဲ့အချိန်တူခိုင်းစေပြီး တစ်နေ့လုပ်ခ ၄၈၀၀ ကျပ်သာပေးကာ အခြားသောခံစားခွင့်တွေဆုံးရှုံးနေရခြင်းနဲ့ နေ့စားအဖြစ်သာခိုင်းစေခံရတာတွေအပြင်  ပိတ်ရက်မရရှိခြင်း၊ ဆုကြေးနဲ့ကျွမ်းကျင်ကြေး လုပ်သက်ကြေးစတဲ့ ခံစားခွင်ံတွေဆုံးရှုံးရသလို အချိန်ပိုကြေးတွေလည်းမရဘဲ ခေါင်းပုံဖြတ်ခံနေရတာတွေရှိနေတယ်လို့ သိရပါတယ်။ 

စက်ရုံ အလုပ်ရုံတွေမှာ ကလေးလုပ်သားတွေ၀င်ရောက်လုပ်ကိုင်နေရခြင်းမှာလည်း  လက်ရှိမှာ အထွေထွေအကျပ်အတည်းကြောင့် အသက်မပြည့်သေးသူတွေအနေနဲ့လည်း လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်နေရတာဖြစ်ပြီး အသက်မပြည့်သေးတာကို အခွင့်ကောင်းယူပြီး လုပ်ခချိုးနှိမ်မှုတွေရှိနေတာဖြစ်တယ်လို့ အလုပ်သမားတချို့က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်လာမှုနဲ့အတူ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကျင့်သုံးလိုက်ပြီးနောက်မှာ လုပ်ငန်းခွင်အတွင်းသို့၀င်ရောက်သွားတဲ့  ကလေးလုပ်သားဦးရေဟာလည်း ပိုမိုမြင့်တက်လာခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)ကလည်းထုတ်ပြန်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံတွင်း ဆင်းရဲနွမ်းပါးမှုနဲ့ ကပ်ဘေးကြောင့် ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်နေရတဲ့ ကလေးငယ် တစ်သန်းကျော် ရှိနေတယ်လို့ ဆိုပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026