NEWS

ကရိန်းသံဘောင် ပြိုကျမှုဖြစ်စဉ်ကြောင့်သေဆုံးခဲ့သည့် မြန်မာလုပ်သားအတွက် လူမှုဖူလုံရေးအာမခံကြေး ဘတ် ၇ သိန်းခွဲကျော်ပေးအပ်

CoverLogo
243 Views
 
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Italian Thai Development Co.,Ltd ရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ဖြစ်တဲ့ ဖလမ်းဆောင် (RAMA-2) အမြန်လမ်းက ကွန်ကရစ်ဘလောက်တုံးတွေ ချိတ်ဆက်တပ်ဆင်တဲ့ ကရိန်းသံဘောင်ပြိုကျမှုဖြစ်စဉ် မှာ သေဆုံးခဲ့တဲ့ မြန်မာ လုပ်သား အတွက် လူမှုဖူလုံရေး အာမခံကြေး ဘတ် ၇ သိန်းခွဲ ကို ကျန်ရစ်သူမိသားစုထံ ပေးအပ်ခဲ့တယ်လို မြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်ပါတယ်။
 
၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်က ဖလမ်းဆောင် (RAMA-2) အမြန်လမ်းမှာရှိတဲ့ ကွန်ကရစ်ဘလောက်တုံးတွေ ချိတ်ဆက်တပ်ဆင်တဲ့ ကရိန်းသံဘောင်ပြိုကျ မှု ဖြစ်ပေါ်ခဲ့ ပြီး မြန်မာရွှေ့ပြောင်း လုပ်သား ၃ ဦးနဲ့ ထိုင်းနိုင်ငံသား လုပ်သား ၃ ဦး သေဆုံးခဲ့ပါတယ်။
 
သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမား ၃ ဦးမှာ ကိုဇင်ကိုအောင်၊ ကိုနေလင်းအောင်နဲ့ ကိုထိုက်ဝေယံ တို့ ဖြစ်ပြီး ယခု အာမခံကြေးမှာ MoU စနစ်နဲ့ လာရောက်ခဲ့တဲ့ ကိုနိုင်လင်းအောင် အတွက် လူမှုဖူလုံရေးဥပဒေနှင့်အညီ ရသင့်ရထိုက် တဲ့ လူမှုဖူလုံရေးအာမခံကြေး ဘတ် ၇၅၂,၅၉၀ ကို သံအရာရှိရုံး က ဩဂုတ်လ ၅ရက်နေ့မှာပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ကရိန်းသံဘောင်ပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၂၉ ဦးခန့်ရှိပြီး ၄င်းတို့ ထဲမှာ မြန်မာအလုပ်သမား ၁၀ ဦး အထက် ရှိတယ်လို့ သိရကာ ထိခိုက်ဒဏ်ရာ ပြင်းထန်သူတွေလည်းပါဝင်ခဲ့တယ်လို သိရပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာတုန်းကလည်း လုပ်ငန်းခွင်အတွင်းကရိန်းသံဘောင်ပြိုကျမှုကြောင့် မြန်မာအလုပ်သမား ၄ဦးသေဆုံးခဲ့ကာ ကုမ္ပဏီဘက်မှ လူသားချင်းစာနာထောက်ထားမှုအရ စေတနာကြေး အဖြစ်တစ်ဦးကို ဘတ်တစ်သန်းစီ စုစုပေါင်း ဘတ်လေးသန်းကို ၂၀၂၅ခုနှစ် မေလ ၃၀ရက်က မြန်မာသံအရာရှိရုံးမှာ ကျန်ရစ်သူ မိသားစုဝင် တွေကိုပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
 

Related posts

Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025
Cover
အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ MOU ရေးထိုး
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
ဘန်ကောက်တွင် အလုပ်လုပ်ရန် နယ်စပ် ဖြတ်ကျော်သည့် မြန်မာလုပ်သား ၃၆ ဦး အဖမ်းခံရ
Nov 21, 2025