NEWS

ကန်ဒေါ်လာငွေလဲနှုန်း ကျပ် ၅၀၀၀ အောက်သို့ ပြန်လည်ကျဆင်းလာ

CoverLogo
1.4K Views

စက်တင်ဘာ ၂၇ ရက်နေ့ရဲ့ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်အတွင်းအမေရိကန်ဒေါ်လာငွေလဲနှုန်းအရ တစ်ဒေါ်လာလျှင် ၄၈၀၀ ကျပ်အထိ ပြန်လည်ကျဆင်းလာတယ်လို့  ပြင်ပစျေးကွက်ပေါက်စျေးအရ  သိရပါတယ်။ 

"ဒီနေ့က ၄၈၀၀ အမြင့်ဆုံးက ၄၉၀၀။ဒါပေမဲ့ ၄၈၀၀ လောက်နဲ့ပိုအရောင်းဝယ်ဖြစ်တယ်။ online transfer နဲ့ဆိုရင် ၄၇၀၀ လောက်အထိဖြစ်သွားပြီ။ ဒီနေ့ကစျေးကွက်နောက်ဆုံးနေ့ဆိုတော့ ဒီလောက်နဲ့ရှိနေနိုင်တယ်။ လာမဲ့အပတ်တော့မသိနိုင်ဘူး" လို့ လုပ်ငန်းခွင်အတွင်းဒေါ်လာအသုံးပြုသူတစ်ဦးကဆိုပါတယ်။ 

ယခုတစ်ပတ်တာအတွင်း နိုင်ငံခြားငွေစျေးကွက်ဟာ စက်တင်ဘာ ၂၁ ရက်နေ့ပြင်ပပေါက်စျေးအရ တစ်ဒေါ်လာ ၅၁၀၀ ကျပ်ရှိခဲ့ရာကနေ စက်တင်ဘာ ၂၄ ရက်အထိ ကျပ် ၅၁၀၀ နဲ့ စျေးတန်းငြိမ်နေခဲ့ပြီး စက်တင်ဘာ ၂၅ရက်မှာတော့ တစ်ဒေါ်လာကျပ် ၅၀၀၀ ဖြစ်လာကာ စက်တင်ဘာ ၂၆ရက်မှာတော့ တစ်ဒေါ်လာလျှင် ကျပ်၅၀၀၀ အောက် ​ရောက်ရှိကာ ၄၉၀၀ ကျပ်မှ ယနေ့ စက်တင်ဘာ ၂၇ ရက်မှာတော့ တစ်ဒေါ်လာလျှင် ၄၇၀၀ ကနေ အမြင့်ဆုံး ၄၉၀၀ ကျပ်အထိ ရောက်ရှိသွားပြီးဆက်လက်၍လည်း  အကျဘက်ကိုအားသာနေတယ်လို့ခန့်မှန်းတာတွေရှိနေပါတယ်။ 

ပြင်ပပေါက်စျေး online transfer အရ တစ်ဒေါ်လာလျှင် ၄၇၀၀ အထိကျဆင်းလာခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်အပါအဝင် လိုင်စင်ရဘဏ်တွေ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေရဲ့ ဒေါ်လာငွေလဲနှုန်းကတော့ တစ်ဒေါ်လာလျှင်  ၃၅၀၀ ဝန်းကျင်နဲ့ အရောင်းအဝယ်ပြုလုပ်ခဲ့ကာ  Customer တွေကို ရောင်းပေးတဲ့ ငွေလဲနှုန်းကတော့  တစ်ဒေါ်လာကို ၂၁၀၀ ကျပ်မှ အမြင့်ဆုံး ၄၂၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။ 

ယခုလိုဒေါ်လာစျေးကျဆင်းလာတာဟာ စက်သုံးဆီနဲ့ စားသုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၄၇ သန်း ထုတ်ရောင်းပေးထားသလို FX Trading Online Platform ကနေ အမေရိကန်ဒေါ်လာ ၆၃ သန်းကျော်ကို ၁၂ ကြိမ် ခွဲရောင်းပေးထားတာကြောင့် ကျဆင်းလာတာလို့လည်း သုံးသပ်ပြောဆိုနေကြပါတယ်။ 

 


Related posts

Cover
လိုင်စင်မရသည့် နိုင်ငံခြား ငွေ ဝယ်ရောင်းများအား အရေးယူမည်ဟု ဗဟိုဘဏ်ကြေညာ
Jun 17, 2025
Cover
ရွှေဆိုင်တွေ လိုင်စင်မလုပ်ထားပါက အရေးယူခံရတော့မယ်လို့ ရွှေအသင်းအသိပေးလာ
Jun 14, 2025
Cover
အမျိုးသမီးငယ်အား ငွေကြေးမက်လုံးပေးပြီး တရုတ်မယားအဖြစ် ရောင်းစားရန် လုပ်ဆောင်သူများကို ထောင်ဒဏ်နှစ်၂၀စီ ချမှတ်
Jun 11, 2025
Cover
၂၄ နာရီ အတွင်း ပဲခူးမြစ်ရေ ၅ ပေကျော်ထိ မြင့်လာမည်ဟု မိုးဇလထုတ်ပြန်
Jun 10, 2025
Cover
၅နှစ် သက်တမ်း ဗီဇာ စိစစ်ခွင့်ပြုမည်ဟု တရုတ်သံရုံး အသိပေး
Jun 08, 2025
Cover
မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ အပိုင်း ၂
Jun 07, 2025
Cover
မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ။ အပိုင်း ၁
Jun 07, 2025
Cover
ညောင်တုန်းတွင် ကမ်းပါးပြိုကျသဖြင့် လူနေအိမ်အလုံး၂၀ ​ရေထဲမျောပါ
May 27, 2025