NEWS

ကန်ချနဘူရီ၊ သလော်ကမ်းခြေတွင် အလည်အပတ်လာသော မြန်မာလုပ်သားတစ်ဦး ရေနစ်သေဆုံး

CoverLogo
217 Views
 
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီမြို့နယ် သလော်ကမ်းခြေ တွင် အလည်အပတ် လာတဲ့ မြန်မာလုပ်သား လူငယ်တစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပေါ် ခဲ့တယ်လို့ ထိုင်းဒေသတွင်း သတင်းတွေ အရ သိရပါတယ်။
 
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၈ရက်က သေဆုံးသူ မြန်မာအလုပ်သမား နဲ့ အတူ လုပ်ဖော်ကိုင်ဖက် မြန်မာလုပ်သား ၄၄ဦး ဟာ နှစ်ကူး အလုပ်ပိတ်ရက် အဖြစ် ကမ်းခြေ ကို သွားရောက် လည်ပတ် ကျရင်း လှေစီးကျရာ မှ ၎င်းမြန်မာလုပ်သားဟာ လှေပေါ်မှ ပြုတ်ကျရာ ရေမကူးတတ်တာကြောင့် ရေနစ်သေဆုံးခဲ့တယ် လို့ သိရပါတယ်။
 
သေဆုံးသူမှာ အသက် ၂၁နှစ်အရွယ် ရှိပြီး ၎င်းရဲ့ ရုပ်အလောင်း ကို ခွန်ရတနဝုဏ်ဖောင်ဒေးရှင်းရေအောက်ကယ်ဆယ်ရေးအဖွဲ့ ကဒီဇင်ဘာ၂၈ရက်မှာ စတင် ရှာဖွေ ပေးခဲ့ရာ ဒီဇင်ဘာ ၂၉ ရက် ညနေ ၄နာရီခန့်မှာ တော့ ရုပ်အလောင်းကို တွေ့ရှိ ပြီး ဆယ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
 
ရုပ်အလောင်းကို ဆေးရုံသို့ပို့ဆောင်ထားကာ ယခု ဖြစ်စဉ်နဲ့ပက်သက်ပြီး တာဝန်ရှိသူတွေက ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊မြစ်ချောင်း၊ကမ်းခြေ များမှာ ရေကူး အပန်းဖြေ တဲ့အခါ များမှာလည်း လုံခြုံရေး အတွက် သတိပြုဖို့ ကိုလည်း အာဏာပိုင်တွေကသတိပေးထားပါတယ်။

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026