NEWS

ကန်ချနဘူရီ တွင် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာသည့် ယာဉ်တိမ်းမှောက်ပြီး ၃ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရ

CoverLogo
241 Views
 
ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် သောင်ဖဖွမ်း အမြန်လမ်းမကြီးတွင် အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တင်ဆောင်လာတဲ့ယာဉ် တိမ်းမှောက်ပြီး ၃ဦးသေဆုံးကာ ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထိုင်းသတင်းတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။
 
အောက်တိုဘာ ၂၅ ရက် မနက်၉နာရီခွဲ လောက်မှာ မြန်မာလုပ်သားတွေ ကို တင်ဆောင်လာတဲ့ Nissan Navara ပစ်ကပ်ကားဟာ အရှိန်မြှင့်မောင်းနှင်လာချိန် ကားဘီးကျွတ်ထွက်ပြီး အရှိန်မထိန်းနိုင်တော့ဘဲ တိမ်မှောက်ခဲ့တယ်လို့ သိရပါတယ်။
 
ယာဉ်တိမ်းမှောက် မှုကြောင့် မြန်မာလုပ်သား ၃ဦး သေဆုံး ခဲ့ ပြီး ၁၅ဦးထိခိုက်ဒဏ်ရာ များ ရရှိခဲ့ကာ ယာဉ်ပေါ်ပါလာတဲ့ ကျန်ရှိ မြန်မာလုပ်သား ၁၀ဦးကျော် နဲ့ယာဉ်မောင်းသူ တို့ ဟာ တောထဲ ကို ထွက်ပြေးသွားတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
အခင်းဖြစ်ပွားရာ နေရာ သို့ ထိုင်းအာဏာပိုင်တွေနဲ့ကယ်ဆယ်သမားတွေ ရောက်ရှိလာပြီး ဒဏ်ရာရရှိသူတွေ နဲ့ သေဆုံးသူတွေကို Said Yok ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
 
နောက်ဆုံးသတင်းများအရ တောထဲသို့ ထွက်ပြေးသွားတဲ့ မြန်မာလုပ်သား ၁၀ ဦးကျော်ကို အာဏာပိုင်တွေက လိုက်လံဖမ်းဆီးရာ မှာ ၇ ဦးခန့် ဖမ်းမိထားပြီ ဖြစ်ကြောင်း သတင်းမှာဖေါ်ပြထားပါတယ်။
 
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ရက်ကလည်း ကန်ချနဘူရီ ခရိုင် အတွင်းမှာ အထောက်ထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၅ဦး ကို တင်ဆောင်လာတဲ့ယာဉ် ဟာ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှု ကို တိမ်းရှောင် ရင်း ဓါတ်တိုင်ကိုတိုက်မိ မှု ဖြစ်ပေါ်ခဲ့ပါသေးတယ်။
Ref-Kachanaburi News

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026