NEWS

ကန့်သတ် လုပ်ငန်း လုပ်ကိုင်သည့် မြန်မာလုပ်သား ၅၀၀ နီးပါး ဖမ်းဆီးခံရ

CoverLogo
380 Views
 
နိုင်ငံခြားသားတွေကို လုပ်ကိုင်ခွင့် မပြုတဲ့ ကန့်သတ်ထား လုပ်ငန်းတွေ လုပ်ကိုင်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၅၀၀ နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ The Nation သတင်းစာမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံသားတွေပဲ လုပ်ခွင့်ရှိတဲ့ အလုပ်ကို လုပ်ကိုင်လို့ အရေးယူခံရတဲ့ နိုင်ငံခြားသား လုပ်သား ၈၈၃ ဦး ရှိပြီး အဲဒီထဲမှာ မြန်မာလုပ်သား ၄၈၁ဦး ပါဝင်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားအများစုက ဈေးရောင်း၊ ဆံပင်ညှပ်၊ အငှားယာဉ်မောင်း စတဲ့ ကန့်သတ် လုပ်ငန်းတွေမှာ လုပ်ကိုင်ကြသူတွေလို့ သိရပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ၂၀၂၅ ခုနှစ် ဧပြီ ၁၈ ရက်အထိ ထိုင်းနိုင်ငံက စီးပွားရေး လုပ်ငန်းပေါင်း ၃၈,၇၃၄ ခုကို စစ်ဆေးခဲ့ပြီး လုပ်ငန်း ၁၃၂၉ ခုက ချမှတ်ထားတဲ့ စည်းမျဥ်းတွေကို ဖောက်ဖျက်လို့ အရေးယူခဲ့တယ်လို The Nation သတင်းမှာ ဖော်ပြပါတယ်။
နိုင်ငံခြားသားအလုပ်သမား ၅၂၃,၇၀၆ ဦးကို စစ်ဆေးခဲ့ပြီး မြန်မာ (၃၉၈,၄၉၃) ဦး၊ ကမ္ဘောဒီးယား (၇၀,၃၇၁)၊လာအို (၃၂,၉၈၃)၊ ဗီယက်နမ် (၅၂၂)၊ တရုတ် (၉,၁၈၉) နဲ့ တခြားနိုင်ငံသား (၁၂,၁၄၈) ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
အလုပ်သမား၂၅၇၅ ဦးက အကြောင်းအမျိုးမျိုးနဲ့ ဥပဒေ ချိုးဖောက်တာကြောင့် အရေးယူခဲ့တယ်လို့လည်း သိရပါတယ်။
အလုပ် လုပ်ခွင့် ပါမစ် မရှိသူ ဒါမှမဟုတ် ခွင့်မပြုထားတဲ့ အလုပ်တွေ လုပ်ကိုင်တဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ထိုင်းဘတ်ငွေ ၅,၀၀၀ ကနေ ၅၀,၀၀၀ အထိ ဒဏ်ရိုက်တာ ၊ မိခင်နိုင်ငံကို ပြန်ပို့ကာ၊ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်ပါမစ် လျှောက်ထားတာကို ၂နှစ် ပိတ်ပင်တာ စတဲ့ပြစ်ဒဏ်တွေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်တဲ့ နိုင်ငံခြားသား လုပ်သားတွေကို ငှားရမ်းတဲ့ လုပ်ငန်းရှင်ကိုလည်း လုပ်သားတစ်ဦး အတွက် ဘတ် ၁၀,၀၀၀ ကနေ ၁၀၀,၀၀၀ ကြား ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပါတယ်။
ထပ်မံ ကျူးလွန်ပါက ထောင်ဒဏ်တစ်နှစ် ချမှတ်နိုင်ပြီး လုပ်သားတစ်ဦး အတွက် ဘတ် ၅၀,၀၀၀ နဲ့ ၂၀၀,၀၀၀ ကြား ဒဏ်ရိုက်ခံရမဲ့အပြင် နိုင်ငံခြားသား လုပ်သားငှားရမ်းခွင့် ၃နှစ် ပိတ်ပင်နိုင်တယ်လို့လည်း သိရပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026