NEWS

ZYZ Apparel စက်ရုံ လုပ်သက် တနှစ်ခွဲရှိ အလုပ်သမားတဦးအား အလုပ်ထုတ်

CoverLogo
220 Views

ZYZ Apparel Co.,Ltd စက်ရုံက လုပ်သက် တနှစ်ခွဲ ဝန်းကျင်ရှိ အလုပ်သမားတဦးကို စက်ရုံတာဝန်ရှိသူတွေက အလုပ်ကနေ ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။  

 

မပိုင်ဆိုသူ အလုပ်သမား အလုပ်ထုတ်ခံခဲ့တာ ဖြစ်ပြီး မပိုင်ရဲ့ နိုဝင်ဘာလ လုပ်ခလစာထဲက ကျပ် ၂၀၀၀၀ နဲ့ ဒီဇင်ဘာ လုပ်ခလစာထဲက ကျပ် ၅၀၀၀၀ ဖြတ်တောက်ခဲ့တာ ကြောင့် အလုပ်သမားရုံးကို တိုင်ကြားထားတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများ အဖွဲ့ချုပ် STUM အဖွဲ့က ပြောပါတယ်။

 

“ အလညကို တိုင်ထားတယ်။ အနည်းဆုံးလုပ်ခလစာကို မပြည့်မီဘူး ဒီအတွက်လည်း တိုင်ကြားထားပါတယ်” လို့ STUM အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ 

 

ZYZ Apparel Co.,Ltd စက်ရုံ ရဲ့ အလုပ်သမားဖြစ်သူ မပိုင်ဟာ ဇန်နဝါရီ ၂ရက် ညနေပိုင်းမှာ မနက်ပိုင်း အလုပ် နောက်ကျတာနဲ့ ဂိတ်ပတ်စ်ယူတာတွေရှိလို့ ဝမ်တိန် လက်မှတ်ထိုး ခိုင်းတာကြောင့် ထိုးပေးခဲ့တယ်လို့ သိရပါ တယ်။ အဲဒီလို ၀မ်တိန်ထိုးပြီးနောက် နောက်ရက်ကစ အလုပ်လာစရာမလိုဘဲ အလုပ်ကနေ ထုတ်ပယ်ကြောင်းကို စက်ရုံ မန်နေဂျာက ပြောခိုင်းတယ်ဆိုပြီး လိုင်းစူပါက လာရောက် ပြောဆိုပြီး အလုပ်ထုတ်ခံခဲ့ရတာလို့ သိရပါ တယ်။  

 

ZYZ Apparel Co.,Ltd စက်ရုံကတော့ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်မှာရှိပြီး အလုပ်သမား ၈၀၀ လောက်နဲ့ လုပ်ငန်းလည်ပတ်နေတာ ၆ နှစ် ဝန်းကျင်ရှိပြီလို့ သိရပါတယ်။ စက်ရုံက ROMAN PETITE ၊ GEMO ၊ Sinsay စတဲ့ ကုန်အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

 #MyanmarLabourNews


Related posts

Cover
လုပ်ငန်းခွင်အတွင်း အလုပ်ရှင်အလိုကျ WCC ဖွဲ့ရန် အလုပ်သမားတွေကို အတင်းအကျပ်လက်မှတ်ထိုးခိုင်း
Jul 26, 2024
Cover
အစိုးရဝန်ထမ်းနဲ့ အငြိမ်းစားတွေကို အပိုထောက်ပံ့ကြေးငွေ သုံးသောင်းကျပ်   ခံစားခွင့်ပြုမယ်လို စစ်ကောင်စီ ထုတ်ပြန်
Jul 26, 2024
Cover
တိုင်ဖွန်းမုန်တိုင်းကြောင့် MV FU SHUN အမည်ရှိသင်္ဘော နစ်မြုပ်ခဲ့လို့ ပျောက်ဆုံးနေတဲ့ မြန်မာ သင်္ဘောသား ၉ ဦးအနက် ၄ ဦးပြန်လည်တွေ့ရှိထား
Jul 26, 2024
Cover
အလုပ်သမားတစ်ယောက်ရဲ့ တစ်နေ့လုပ်ခ တစ်ဒေါ်လာ သာရရှိနေပြီး ပြည်ပ အလုပ်အကိုင်တွေကို ပိုမိုရွေးချယ်လာ
Jul 25, 2024
Cover
၂၀၂၀ မှာ အခြေခံလုပ်ခ ဒေါ်လာ ၁၆၀ ဝန်းကျင်ရှိပြီး၊ ၂၀၂၄ မှာ အခြေခံလုပ်ခလစာဒေါ်လာ ၄၀ ကျော်သာရရှိနေ
Jul 24, 2024
Cover
Feng Teng Garment အချိန်ပိုအလွန်အကျွံခေါ်ခိုင်းစေ၊ စံချိန်အများအပြားတောင်းခံနေဟုဆို
Jul 23, 2024
Cover
Sheng Mei Garment အများပြည်သူ ပိတ်ရက် နှစ်ရက်အပြင် အောနိုက် လုပ်ကိုင်ခိုင်း လုပ်ခ ဖြတ်မဲ့အစီအစဉ်အား အတင်းအကြပ် လက်မှတ်ထိုးခိုင်း
Jul 21, 2024
Cover
New Plus အထည်ချုပ် နေ့စဉ် ည ၈ နာရီအထိ လုပ်ကိုင်ခိုင်း၊ တနင်္ဂနွေနေ့ပါ အနားမရ၊ ဝန်ထမ်းတချို့ အလုပ်သမားများအား ဆဲဆို
Jul 19, 2024