NEWS

Zong Hong အထည်ချုပ်စက်ရုံမှာ ရုံးပိတ်ရက် တနင်္ဂနွေနေ့တိုင်းအချိန်ပိုဆင်းနေရ မဆင်းပါက ဂရိတ်ကြေးလျှော့ချတာတွေလုပ်လို့ အလုပ်သမားတွေအခက်အခဲဖြစ်နေဟုဆို

CoverLogo
1.8K Views

နိုင်ငံတကာအမှတ်တံဆိပ်တွေဖြစ်တဲ့    Sinsay,၊ ONLY၊ Fbsister  စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်တဲ့ Zong Hong အထည်ချုပ်စက်ရုံမှာ တနင်္ဂနွေနေ့တွေပါ အိုတီဆင်းနေရပြီး ဆင်းရန်ငြင်းဆန်ပါက ဂရိတ်ကြေးတွေ လျှော့ချတာကြောင့် အခက်တွေ့နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန်မှာဖွင့်လှစ်ထားတဲ့အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီးအလုပ်သမား ၂၇၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး လုပ်ငန်းခွင်အတွင်းမှာ သမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့လည်းအလုပ်သမားတွေကပြောပါတယ်။

အဆိုပါစက်ရုံမှာ အလုပ်သမားတွေကို နေ့စဉ် ည ၈ နာရီအထိ မဆင်းမနေရ ဆင်းခိုင်းပြီး အစိုးရရုံးပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေ နေ့မှာလဲ မပိတ်ဘဲ အိုတီဆင်းရန် ဖိအားပေးခိုင်းစေတာတွေ ငြင်းဆန်ပါက ကျွမ်းကျင်အဆင့်ကို လျှော့ချပစ်တာ ကြောင့် နစ်နာမှုတွေရှိနေတယ်လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်ချိန်မရောက်သေးဘဲ မီတင်ခေါ်ကာ အလုပ်သမားတွေကို ရိုင်းစိုင်းစွာ ပြောဆိုတာ ဆဲဆိုတာနဲ့ စံချိန်မပြည့်မီပါက ဝမ်တိမ်လက်မှတ်ထိုးခိုင်းတာ ဖိအားပေးခိုင်းစေနေတာတွေ ပြုလုပ်လျှက်ရှိတယ်လို့ ကျေနပ်မှုမရှိတဲ့အလုပ်သမားကပြောပါတယ်။

"စံချိန်ကမတရားတောင်းထားတာပါ ချုပ်ရတာက ဂျာကင်ထည်တွေ ချုပ်ရခက်ပါတယ် အလုပ်သမား တစ်ဦးကို တစ်နာရီမှာ အထည် ၅၀ တောင်းခံတာပါ ရေမသောက် အပေါ့အပါးမသွားဘဲ ချုပ်တာတောင် စံချိန်ပြည့်ဖို့ တအားခက်ခဲပါတယ် သူတို့တောင်းတဲ့စံချိန်မပြည့်ရင်တော့ စူပါ တွေက အော်ဟစ်ဆိုပြီး ဝမ်တိမ်ထိုးခိုင်းတာ"လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောဆိုပါတယ်။

လက်ရှိလုပ်ငန်းခွင်မှာ အလုပ်တက်ချိန် ၇ နာရီ ၃၀ မိနစ် ဖြစ်ပြီး မိနစ် ၃၀ ခန့်စောပြီး အလုပ်ခိုင်းစေတာ ထမင်းစားချိန် မိနစ် ၃၀ ကို အပြည့်အဝ အနားယူခွင့်မရတာ အော်ဟစ်ဆဲဆိုပြီး အလုပ်လုပ်ခိုင်းတာတွေနဲ့ လုပ်ငန်းခွင် အသွားအပြန်ဖယ်ရီစီးရာမှာလည်း အဆင်မပြေမှုတွေ ဖြစ်ပေါ်နေတာရှိတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

"အလုပ်သမားများ ခံစားခွင့်ရှိသော ခွင့်ရက်နှင့်အလုပ်ပိတ်ရက် မရရှိခြင်း၊ အလုပ်သမားများ အရေးပေါ်ကိစ္စရှိပါက ရှောင်တခင်ခွင့်ဖြင့် ခွင့်တိုင်လျှင် ခွင့်မပေးဘဲ  အလုပ်သမားများ လစာထဲမှ ဒေးကြေး (၄၈၀၀) ကျပ်၊ ရက်မှန်ကြေး (၁၀၀၀၀)ကျပ်၊ စုစုပေါင်း (၁၄၈၀၀)ကျပ် ဖြတ်တောက်ခံရတယ်"လို့ ဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း WCC အလုပ်သမားကိုယ်စာလှယ်များမှ အလုပ်သမားများ အခက်ခဲများ ကိုယ်စားပြု ဆွေးနွေးပေးခြင်း မရှိဘဲ ၊အချိန်ပိုအိုတီခေါ်ယူမှုကို အလုပ်သမားများ ဆန္ဒအား မမေးမြန်ဘဲ ၊ WCC ကပါ ဖိအားပေးလက်မှတ်ထိုးခိုင်းခြင်းနဲ့  အလုပ်ရှင်အလိုကျသူများ ဖြစ်နေခြင်းကြောင့် လုပ်ငန်းခွင်ထဲတွင် အလုပ်သမားများ အမျိုးမျိုးဖိအားပေး စေခိုင်းခံနေရခြင်းများ ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

အလုပ်သမားတောင်းဆိုချက်အနေနဲ့

၁။ အလုပ်သမားများ ခံစားခွင့်ရှိသော ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များ ခံစားခွင့်ပေးရန်။
၂၊။ တနင်္ဂနွေနေ့ အချိန်ပိုအိုတီကို အလုပ်သမားသဘော ဆန္ဒပါမှသာ ဆင်းခိုင်းပြီး၊ အချိန်ပိုအိုတီ မဆင်းပါက ဂရိတ်ကြေးဖြတ်တောက်ခြင်း မပြုလုပ်ရန်။
၃။ စံချိန်များကို အလုပ်သမားတစ်ဦး ချုပ်လုပ်နိုင်သော စံချိန်ကို တောင်ခံရန်နှင့် စံချိန်တောင်းခံရာတွင် ဆဲဆိုခြင်း၊ ရိုင်းစိုင်းစွာပြောဆိုခြင်း၊မပြုလုပ်ရန်။
၄။  စံချိန်မတရားတောင်းခံခြင်းကြောင့် စံချိန်မပြည့်လျှင် ဝမ်တိန်ထိုးခိုင်းခြင်းမပြုလုပ်ရန်။
၅။ စူပါများမှ အလုပ်သမားများကို လူအများရှေ့တွင် ဆဲဆိုခြင်း၊ အရှက်ရစေရန် ရိုင်းစိုင်းစွာပြောဆိုခြင်း ။
၆။ ဖယ်ရီကားများ ပြန်လည်း ကြီးကြပ်ပေးရန်စတာတွေကို အလုပ်သမားတွေက တောင်းဆိုလိုက်ပါတယ်။


#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026