NEWS

Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း

CoverLogo
226 Views
 
Zhong Ying Co.,Ltd ပိုင် အထည်ချုပ် စက်ရုံ အောစူပါက အချိန်ဆင်းရမယ်ဆိုပြီး ကြိုပို့ယာဉ်ပေါ်အထိ လိုက်လံ ခေါ်ယူ အတင်းအကျပ် ခိုင်းစေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် အချိန်ပို မဆင်းလို့ဆိုပြိး အလုပ်က ထုတ်ပယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
“ကားပေါ်ရောက်နေပြီ။ ပါကင်စူပါ က ဆဲဆိုပြီး အချိန်ပိုဆင်းဖို့ ခေါ်သွားတယ်။ ‘အရေးကြီးတယ် နင်တို့ ပြန်စရာမလိုဘူး’ ဆိုပြီး ခေါ်တာ။ အိမ်ကိုအကျိုးကြောင်း မပြောရသေးလို့ မဆင်းတာပါ။ QCဌာနက အလုပ်သမားဆို အချိန်ပို မဆင်းနိုင်လို့ အကျိုးအကြောင်း ပြောပြတာကို လက်မခံဘူး ၊ နောက်နေ့ အလုပ် လာစရာမလိုဘူး ဆိုပြီး ပြောလိုက်တယ်။” လို့ ပြောပါတယ်။
 
အလုပ်ထုတ်ခံရတဲ့ အလုပ်သမားက ပြီးခဲ့တပတ်လုံး အချိန်ပို ဆင်းပေးခဲ့သူ ဖြစ်ပြီး အဲ့ဒီနေ့ တရက်တည်း မဆင်းပေးလို့ အလုပ်ထုတ်ခံရတာလို့ အလုပ်သမားတွေ ပြောပါတယ်။ စက်ရုံဘက်က အချိန်ပို ဆင်းဖို့ ကြိုတင်ပြောဆိုတာမရှိသလို အထည်မပြီးမှ အောလင်းအောနိုက် ဆင်းခိုင်းတာလို့ အလုပ်မသားတွေက ပြောပါတယ်။
 
“အချိန်ပိုကို ကြိုမပြောဘူး။ အထည်မပြီးဘူးဆိုတာနဲ့ အောနိုက်ဆင်းခိုင်းတယ်။ နောက်နေ့ ပုံမှန်အတိုင်း အလုပ်ပြန်ဆင်းပေးရပြန်တယ်။ အိပ်ရေးမဝလို့ ကျန်းမာရေးမကောင်း ဖြစ်တယ်။ မဆင်းလို့လည်း မရဘူး။ “ လို့ ပြောပါတယ်။
 
အချိန်ပို မဆင်းတဲ့ အလုပ်သမားတွေကို အလုပ် ဆက်လုပ်ဖို့ အဆင်မပြေဘူးလို့ဆိုပြီး အော်ဒါပါးလို့ဆိုကာ အလုပ်ထုတ်ပယ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်ထုတ်တာကို ကြိုတင် အကြေားင်း မကြားတဲ့အပြင် လုပ်ခလစာကို လကုန်မှ လာထုတ်ပြီး ပြန်ခိုင်းလိုက်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် အလုပ်ခန့် သတ်မှတ် လစာနဲ့ အလုပ်လုပ်ပြီး ရတဲ့ လစာက ကွဲပြားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်စဝင်လို့ အင်တာဗျူးမှာ ပြောတဲ့ လစာက တစ်မျိုး၊ လကုန် လစာထုတ်ရင် ပေးတာက တမျိုး မတူပါဘူး။ စက်ရုံမှာ တစ်လလုံး ရက်မပျက်ဘဲ အလုပ် လုပ်ရတယ်။ အချိန်ပို ဆင်းတာတောင် လေးသိန်းကျော်ပဲရတယ်။ လစာကိုရော ဘယ်လိုတွက်လည်း မသိဘူး။ တစ်ကဒ်ကြေးလဲ ထည့်ပေးချင်မှ ထည့်ပေးတယ်” လို့ ပြောပါတယ်။
 
အချိန်ပိုအောလင်းဆင်းပြီး တစ်လလုံး လုပ်ထားတဲ့ ကျွမ်းကျင် ကြေးကို ‘တစ်ကျပ်မှထည့်မပေးနိုင်ဘူး။ နင့်တို့ ကြောင့် ထွက်မဲ့အော်ဒါက နှောင့်နှေးတယ်’ ဆိုပြီး ကျွမ်းကျင်ကြေး မပေးနိုင်ဘူးလို့ စက်ရုံမှူး ဒေါ်စန်းစန်းဝင်းက ပြောကြားခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ စက်ရုံက တောင်းတဲ့ အထည်စံချိန်မရရင် စက်လိုင်းခေါင်းဆောင်တွေက ပြောဆိုပြီး၊ တစ်ကဒ်ကြေး လုံးဝ မပေးဘူးလို့ ပြောဆိုတယ်” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်မှာ အသက်မပြည့်တဲ့ ၁၂၊ ၁၃၊ ၁၄အရွယ် လူငယ် အများအပြားကို ခိုင်းစေထားပြီး လူကြီးအလုပ် သမားတွေနဲ့ တန်းတူခိုင်းစေပြီ လုပ်ခ လျှော့ပေးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“တန်းတူခိုင်းတယ်၊ ကလေးတွေကို ဒေးကြေး ၇၈၀၀ ပဲ ရှင်းပေးတယ်။ ကလေးတွေက မိုးအလင်းလည်း ဆင်း ရတယ်။ နောက်မနက် အနားမရဘူး၊ ဆက်ဆင်းပဲ။ ရက်ဆက်ဆင်းရတော့ ကလေးတွေ မျက်ကွင်းတွေ ညို၊ ပိန်ပြီး နေမကောင်းတွေဖြစ်ကြတယ်။” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်မှာ ဆေးပေးခန်းမရှိသလို အချိန်ပိုဆင်းရလို့ အိပ်ရေးမဝဖြစ်ပြီး ဆေးတောင်းလည်း မရဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် ရှောင်တခင်ခွင့်၊ ဆေးခွင့်တွေမပေးဘဲ ဒေးကြေး၊ ရက်မှန်ကြေးနဲ့ အခြားခံစားခွင့်တွေ ဖြတ်တောက်ခံတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ကြိုပို့ယာဉ် အချင်းချင်း တိုက်မိလို့ အလုပ်သမားတွေ ထိခိုက်ဒဏ်ရာ ရခဲ့ပေမဲ့ စက်ရုံဘက်က ထိခိုက်မိသူတွေကို အကျိုးအကြောင်းမမေးဘဲ မသိသလို ပြုမူတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
Zhong Ying Co.,Ltd စက်ရုံက ၃ ရုံတွဲဖြစ်ပြီး အလုပ်သမားများ ၃၀၀ကျော် လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ပိုင်ဆိုင် အထည်ချုပ်စက်ရုံဖြစ်ပါတယ်။ စက်ရုံက ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ် ၊ စက်မှုဇုန်၂၊ ဗိုလ်ချုပ်လမ်းမှာ ရှိပြီး Cool Ciub တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။
 
Photo - Zhong Ying Co.,Ltd စက်ရုံ အတွင်းမှ ကလေးလုပ်သားများ

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026