NEWS

Zhong Xin Wang စက်ရုံတွင် အလုပ်သမားတစ်ဦး ဓာတ်လိုက်မှုဖြစ်ပွား ၊ ပြင်းထန်ဒဏ်ရာ ရထား

CoverLogo
538 Views

ဝါးတရာစက်မှုဇုန် Zhong Xin Wang စက်ရုံမှာ နိုဝင်ဘာ ၇  ရက် မနက်ပိုင်းက အလုပ်သမားတဦး ဓာတ်လိုက်မှု ဖြစ်ပွားခဲ့တယ်လို သိရပါတယ်။  အဲဒီနေ့ မနက် ၈နာရီခွဲ ဝန်းကျင်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အင်းစိန်ဆေးရုံကို ပိုဆောင် ကုသထားတယ်လိုအလုပ်သမားတွေက ပြောပါတယ်။ 

“ အဲ့နေ့ ကွန်တိန်နာ စက်ရုံထဲဝင်လာတာကို ဓါတ်ကြိုးမလွတ်လို ကွန်တိန်ပေါ်တက်ပြီး ဓါတ်ကြိုးကို မြှောက် ပေးရင်း ဖြစ်သွားတယ်။ အုန်းခနဲ အသံကြားလို ထွက်ကြည့်လိုက်တော့ ကွန်တိန််နာပေါ်မှာပဲ ရှိနေသေးတယ်” လို အလုပ်သမားတွေက ပြောပါတယ်။

စက်ရုံဝန်းထဲကို ကွန်တိန်နာ နောက်ဆုတ် ဝင်လာချိန် လျှပ်စစ်ဓာတ်ကြိုးနဲ့ မလွတ်တာကြောင့်  အလုပ်သမားက တုတ်နဲ့ ဓာတ်ကြိုးတွေ မြှောက်ပေးရင်း တုတ်ကျိုးခဲ့တာကြောင့် ကွန်တိန်နာကားပေါ်ကတဆင့် မြှောက်ပေး ရာကနေ  ဓာတ်လိုက်ပြီး ဒဏ်ရာအများအပြား ရရှိခဲ့တာလို ပြောပြပါတယ်။ 

အဲဒီ ဖြစ်ရပ် ကြောင့် အလုပ်သမား ခန္ဓာကိုယ် အားလုံး မဲနက်သွားပြီး မေးစေ့၊ဦးခေါင်း ဆံပင်၊ ပါးစပ် နဲ့ ပြင်းထန်တဲ့ သွေးထွက်ဒဏ်ရာတွေ ရခဲ့ တယ်လို ကိုယ်တိုင်မြင့်တွေ့သူ  အလုပ်သမားတဦးက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အလုပ်သမားက Store (ဂိုဒေါင်) အလုပ်သမားတဦးဖြစ်ပြိး နေ့စားလုပ်သက် ၅ လကြာလုပ်ခဲ့ပြီးနောက်  အမြဲတမ်းခန့် အလုပ်သမားအနေနဲ့ လုပ်သက် ၁ လ ရှိတယ်လို သိရပါတယ်။ 

“အင်းစိန်ဆေးရုံကို တင်ထားတယ်။ သတိ ပြန်ရလာပြီ၊ ခွဲစိတ်ခန်းဝင်ပြီး အရေပြားတွေကို ခြစ်ထုတ်ရမယ်လို ပြောထားတယ် ” စက်ရုံ အလုပ်သမား တဦးက ပြောပါတယ်။ 

ထိခိုက်ဒဏ်ရာရရှိတဲ့ အလုပ်သမားကို စက်ရုံဘက်က ဆေးရုံပို့ဆောင်ပေးပေမဲ့ မန်နေဂျာဆိုသူကတော့ လူနာဖြစ်သူ ကို EPC ရုံးက တရားစွဲနိုင်တယ် ဆိုပြီး ပြောဆိုခဲ့တယ်လိုလည်း အလုပ်သမားတချိုက ပြောပါတယ်။ စက်ရုံ လုပ်ငန်းခွင်အတွင်း ကြယ်သီးရိုက်စက်မှာ အလုပ်သမားတဦး ထိခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာလည်း အဲဒီ အလုပ်သမားရဲ့ လက်ကို ဖြတ်ခဲ့ရပြီး အလုပ်ထုတ် ခဲ့တယ်လို လည်း သိရပါတယ်။  

“ ဖြတ်လိုက်ရတဲ့ လက် သက်သာရင် အလုပ်ပြန်လာလျှောက်ဆိုပြီး အလုပ်ထုတ်ခဲ့တာပဲ။ အလုပ်  ပြန်ခန့်မယ် ပြောတာပဲ၊ အလုပ်တော့ ပြန်မခန့်ခဲ့ဘူး။” ဆိုပြီး အလုပ်သမားတဦးက ပြောပြပါတယ်။ 

Zhong Xin Wang စက်ရုံမှာ အစမ်းခန့်ကာလ ၄၊ ၅  လကနေ ၁ နှစ်အထိ ခိုင်းစေနေပြီး EC စာချုပ် ချုပ်ပေး တာ မရှိလို အလုပ်သမားတွေက အခွင့်အရေးနစ်နာမှာကိုလည်း စိုးရိမ်နေတယ်လို သိရပါတယ်။ ဒါ့အပြင် နေ့စား အလုပ်သမားတွေ လုပ်ခကို တပတ်ကျော်မှာ ရှင်းပေးတဲ့ အပြင်  တနင်္ဂနွေ အချိန်ပိုလုပ်ခထဲက ကျပ် ၄၀၀ ကို ဖြတ်တောက် ရယူနေတယ်လိုလည်း အလုပ်သမားတွေက ပြောပါတယ်။ 

“ညနေပိုင်းကို ထမင်းမကျွေးဘဲ မုန့် ၄၀၀ တန်ကိုပဲကျွေးတယ်။ မုန့်စားချိန်ဆိုပြီး သက်သက်မပေးဘဲ စားပြီးတာနဲ့ တန်း  လုပ်ရတာရှင့်။ နေမကောင်းလို ဖူလုံရေးခွင့်ယူလည်း မန်နေဂျာက အားနေ ခွင့်ပဲပေးနေတာ ဆိုပြီး ပြောတယ် ။ အဲ့ မန်နေဂျာနဲ့ လိုင်း ၆ အောစူပါက အတူပဲ အလုပ်သမားတွေကို မဟုတ်တာတွေ ပြောတယ်” လို အလုပ်သမားတွေက ပြောပါတယ်။  

အချိန်ပိုမဆင်းနိင်တဲ့ အလုပ်သမားတွေကို အလုပ် ထုတ်တာတွေ ရှိနေပြီး  နေ့လယ်ထမင်းစားအပြီးကနေ အချိန်ပို ည ၈ နာရီခွဲအထိ ဆက်တိုက်လုပ်ကိုင်ပေးရပြီး နားချိန်မပေးသလို ထမင်းလည်း မကျွေးဘူးလို သိရပါတယ်။ စက်ရုံ ဘက်က သေရေးရှင်ရေးမဟုတ်ပါက ရှောင်တခင်ခွင့်ကို ယူခွင့်မပေးဘဲ ဂိတ်ပတ်စ်လည်း အလွယ်တကူ ယူမရဘူးလို  အလုပ်သမားတွေက ပြောပြပါတယ်။ 

“စက်ရုံထဲမှာ အမှုန်တွေချည်းပဲ လေစုတ်စက်လည်း မရှိဘူး အလုပ်သမားတွေရဲ့ ကျန်းမာရေးတွေလည်း အတော် ထ်ိခိုက်တယ်။ ဒီကြားထဲ အိမ်သာက ပြည့်နေတယ်။ တခြားစက်ရုံမှာတောင် အိမ်သာသွား တက်ရတာမျိုး ရှိသေး တယ်။ ထောက်ပံ့ကြေး တနေ့ ၂၀၀၀လည်း မရဘူး။ စက်ရုံထဲ ရေဝင်တော့လည်း အလုပ်သမားတွေ အားလုံး မပြန် ခိုင်းဘူး။ ခိုင်းလိုရတဲ့ အလုပ်သမားတွေကို ခွဲခြားပြီး ခိုင်းသေးတယ်”လို စက်ရုံ အလုပ်သမားတဦးက ပြောထား ပါတယ်။  

Zhong Xin Wang Garment စက်ရုံကတော့ ရန်ကုန်မြို၊ ရွှေပြည်သာမြိုနယ်၊ ဝါးတရာစက်မှုဇုန်၊ ဝါးတရာလမ်းမ ပေါ်မှာ လုပ်ငန်း လုပ်ကိုင်နေတယ်လို သိထားပါတယ်။

Photo - ssstik.io@yght  
 #MyanmarLabourNews


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026