NEWS

ZHEJIANG NEWWAY(MYANMAR) GARMENT စက်ရုံ  အထည်စံချိန်အလွန်အကျွံတောင်းခံနေ

CoverLogo
1.2K Views

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဗန်းမော်အတွင်းဝန်လမ်း မှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်တဲ့ ZHEJIANG NEWWAY(MYANMAR) GARMENT စက်ရုံ       အထည်ချုပ်စက်ရုံမှာ အထည်ချုပ်လုပ်သားတွေထံက အထည်စံချိန်အလွန်အကျွံတောင်းခံနေပြီး စံချိန်မပြည့်ပါက ဖိအားပေးပြောဆိုတာတွေ ပြုလုပ်ပြီး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမား အင်အား ၁၀၀၀ ကျော်နဲ့ ဂျပန်အမှတ်တံဆိပ် FSBN,CNTMP ဘောင်းဘီအထည်များ ချုပ်လုပ်နေတာဖြစ်ပြီး လုပ်ငန်းခွင်ထဲ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘူးလို့ သိရပါတယ်။

လက်ရှိမှာအထည်ချုပ်လုပ်သားတွေရရှိနေတဲ့အခကြေးငွေနှုန်းထားမှာ ဒေးကြေး ၅၈၀၀ ကျပ် အချိန်ပိုကြေး တနာရီ ၁၄၀၀ ကျပ် ရက်မှန်ကြေး ၂၀၀၀၀ ကျပ် နဲ့ ကျွင်းကျင်ကြေး (A)၄၀၀၀၀ကျပ်၊(B)၃၀၀၀၀ကျပ်၊(C)၂၀၀၀၀ကျပ် သတ်မှတ်ထားတာလို့ ဆိုပါတယ်။

ချိုးဖောက်မှုအနေနဲ့ အလုပ်သမားတွေ ချုပ်လုပ်နိုင်တာထက်ပိုများတဲ့အထည်စံချိန်များတောင်းခံနေပြီး အလုပ်ချိန်မနက် ၈ နာရီမှ ည ၇ နာရီ အိုတီအချိန်ပါ စုစုပေါင်း အလုပ်ချိန် ၁၀ နာရီအတွက် အထည်စံချိန် ၅၀၀ ကျော်တောင်းခံထားပြီး ပြည့်မီခြင်းမရှိပါက ကြီးကြပ်ရေးလုပ်သားတွေဖြစ်တဲ့ စူပါ အောစူပါများမှ အော်ဟစ်ပြောဆိုတာတွေ ပြုလုပ်လျက်ရှိတာကြောင့် အခက်တွေ့နေရတယ်လို့ အလုပ်သမားကပြောဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း နိုင်ငံခြားသားများ တိုက်ရိုက်ဝင်ရောက် ခိုင်းစေတာ စကားပြန်များနှင့်အတူ အော်ဟစ်ခိုင်းစေတာတွေ ပြုလုပ်လျှက်ရှိနေတယ်လို့ လည်းအလုပ်သမား‌ကပြောဆိုပါတယ်။

အထည်ချုပ်လုပ်သားတွေအနေနဲ့ ခွင့်ခံစားခွင့်မရဘဲလုပ်ကိုင်နေရတာဖြစ်ပြီး ကျန်းမာရေးကြောင့် ဆေးခွင့် ရှောင်တခင်ခွင့်များ ယူပါက ရက်မှန်ကြေး နှင့် ကျွမ်းကျင်ကြေးများဖြတ်တောက်ခံရပြီး အလုပ် ၁ ရက်ပျက်ပါက လစာထဲမှာ ၃၀၀၀၀ ကျော်ဖြတ်တောက်ခံရပြီး အရေးပေါ်အကြောင်းကိစ္စကြောင့် ဂိတ်ပက် ယူပါကလည်း ရက်မှန်ကြေး ၂၀၀၀၀ ကျပ်ဖြတ်တောက်ခံရလို့ အခက်ကြုံနေရတယ်လို့ အလုပ်သမားကပြောပါတယ်။

"‌ရှောင်တခင်ခွင့်ဆိုတာ အရေးပေါ်ကိစ္စမျိုးတွေမှာ ယူကြတာမျိုးပေါ့နော် ဘယ်သူမှတော့ ဒီတိုင်းမယူချင်ကြပါဘူး အဲ့လို ရှောင်တခင်ခွင့် ယူရင် စူပါတွေနဲ့ နိုင်ငံခြားသားတွေက ကျွမ်းကျင်ကြေးအဆင့်တွေဖြတ်တောက်မယ်လို့ ခြိမ်းခြောက်ပါတယ် လုပ်ငန်းခွင်ထဲမှာ အရေးပေါ် ထွက်ပေါက်တွေလည်းမရှိဘူး အထည်ပုံးတွေနဲ့ပိတ်ဆို့ထားတာ ပူလောင်လောင်ပဲ လုပ်နေရတာ"လို့ ယင်းကပြောဆိုပါတယ်။

အလုပ်သမား‌တောင်းဆိုချက်အနေနဲ့ လုပ်ငန်းခွင်ထဲမှာ ချုပ်လုပ်နိုင်သော စံချိန်ကိုသာတောင်းခံရန် နိုင်ငံခြားသားနှင့် စကားပြန်များ တိုက်ရိုက်အုပ်ချုပ်ခြင်းမပြုရန် ဥပဒေပါ ခွင့်များယူပါက ကျွမ်းကျင်ကြေး၊ ရက်မှန်ကြေးမဖြတ်တောက်ရန် ဂိတ်ပက်ယူပါက ရက်မှန်ကြေးမဖြတ်ရန် အောစူပါ စူပါများမှ လုပ်ငန်းခွင်အတွင်း အော်ဟစ်ပြောဆိုခြင်းမပြုရန် စက်ရုံအတွင်း အပူအအေး မျှတအောင်ဆောင်ရွက်ပေးရန် လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ပေးရန် စတဲ့အချက်တွေ ‌ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမား‌တွေကပြောဆိုပါတယ်။


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026