NEWS

Zero Cost စနစ်ဖြင့် လုပ်သားခေါ်ယူသော်လည်း အေဂျင်စီနှင့်ပွဲစားများက အလုပ်သမား များထံမှ  ဘတ် ၁ ဒသမ ၆ သန်းကျော်  ကောက်ယူထားသည့်အတွက် ပြန်တောင်းပေးခဲ့ရ

CoverLogo
263 Views

ထိုင်းနိုင်ငံ ပထုမ်ဌာနီ ခရိုင်ရှိ အီလက်ထရွန်းနစ်စက်ရုံ မှ ကုန်ကျစရိတ်စိုက်ထုတ်ပေးတဲ့ ဇီးရိုးကော့စ် စနစ်နဲ့ မြန်မာ လုပ်သား တွေကို ခေါ်ယူတာ မှာ မြန်မာပြည်ဘက်က တရားဝင်အေဂျင်စီနဲ့ ပွဲစားတွေက အလုပ်သမား ၅၉ ဦး ထံ မှ ထိုင်းဘတ်ငွေ ၁ဒသမ ၆ သန်းကျော် ကောက်ယူထားတဲ့ အတွက် ပြန်တောင်းပေးရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်(MWRN)ထံကသိရပါတယ်။

ပြည်တွင်းက ပြည်ပလုပ်သားပို့ဆောင်ပေးနေတဲ့ နာမည်ကြီးလိုင်စင်ရ အေဂျင်စီတစ်ခုမှ ထိုင်းနိုင်ငံရှိ အီလက်ထရွန်းနစ်စက်ရုံ ကို မြန်မာအလုပ်သမား ၅၉ ဦး  ပို့ဆောင်တာ မှာအေဂျင်စီနဲ့ ပွဲစားတွေကအလုပ်သမားတစ်ဦးကို ကျပ် ၃၅ သိန်းမှ ကျပ် ၄၂ သိန်းကျော်အထိ ကောက်ယူခဲ့တဲ့ အပြင် လေယာဥ်ခကိုလည်း ၈သိန်းခွဲ အထိ ပေးခဲ့ရတယ်လို့လဲဆိုပါတယ်။

ယင်းအလုပ်သမားတွေ စက်ရုံ ကို ရောက်ရှိပြီး နောက် စက်ရုံသူဌေး မှ လေယာဉ်ခ အတွက် အလုပ်သမားတွေကို ပြန်လည်ပေးတာမှာ အလုပ်သမား အချို့သာ ရရှိခဲ့တဲ့ အတွက် မကျေနပ်တာကြောင့် ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်(MWRN)ထံကို အကူညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။

"အလုပ်သမားတွေ ထွက်ခါနီး လေဆိပ်ကျ မှ အခုအလုပ်က Zero cost ဖြစ်သွားပြီ သွင်းထားတဲ့ ငွေ တွေကိုတော့ပြန်မပေးတော့ဘူး အဲ့ဒါတော့ မေ့ထားလိုက်ဘာညာပြောလိုက်တယ် ဒီအထိ လည်း အလုပ်လိုချင်တော့ အလုပ်သမားတွေက ဘာမှ မပြောဘူး စက်ရုံ ရောက်တော့ ဒီဘက်က သူဌေးက လေယာဉ်လက်မှတ်ဖိုး ပြန်ပေးတယ် အဲ့လိုပေးတော့လည်း ထိုင်းဘက်က ဘတ်ငါးသန်းအေဂျင်စီ က အလုပ်သမား တွေအားလုံး ကို မပေးဘူး ရတဲ့သူရတယ်မရတဲ့သူမရတော့ အလုပ်သမားတွေကမကျေနပ် တော့ ကျွန်တော်တို့အဖွဲ့ ကို အကူညီလာတောင်းတာပါ""လို့ MWRN မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယခုကိစ္စနဲ့ပက်သက်ပြီး MWRN အနေနဲ့ ၎င်းစက်ရုံနဲ့  နိုင်ငံခြားဝယ်လက် ကုမ္ပဏီ တို့ကို ဖြေရှင်းပေးဖို့ အကြောင်းကြားပေးခဲ့ရာ  အလုပ်သမား တစ်ဦး ကို ဘတ် ၂သောင်း ၈ထောင်ခန့် နဲ့  ဦးရေစုစုပေါင်း ၅၉ ဦးအတွက် ဘတ်ငွေ ၁ဒသမ ၆ သန်း ပြန်လည်ရရှိစေခဲ့တယ်လို့ သိရပါတယ်။

၎င်း အီလက်ထရွန်းနစ်စက်ရုံ မှာ နာမည်ကြီး အမှတ်တံဆိပ် ရဲ့ ကုန်ထုတ်စက်ရုံ တစ်ခု ဖြစ်ကာ  မြန်မာအလုပ်သမား တွေကို ယခုမှ ပထမဆုံး ခေါ်ယူဖူးတဲ့စက်ရုံ ဖြစ်တယ်လို့လည်း သိရပါတယ်။

 


Related posts

Cover
မလေးရှားနှင့်ဂျပန် ကိုပို့ဆောင်ပေးမည်ဆိုကာ ငွေကြေးလိမ်လည်သည့် အေဂျင်စီကို အမှုဖွင့်အရေးယူ ထားဟု အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်
Mar 23, 2026
Cover
အလုပ်ထွက်စာ အတွက် ဘတ် ၁၀၀၀ တောင်းခံရသဖြင့် မြန်မာလုပ်သား၂၅ဦး အလုပ်သစ်ပြောင်းရန်အခက်ခဲဖြစ်
Mar 22, 2026
Cover
OWICကတ် ကိုင်ဆောင်ထားသည့် လုပ်သားများ ခွင့်ပြုချက်ရမှသာ ပြည်ပထွက်ရမည်ဟု စစ်ကော်မရှင် ထပ်မံ အသိပေး
Mar 22, 2026
Cover
အီလက်ထရောနစ် စက်ရုံမှ မြန်မာလုပ်သား ၄၀၀ကျော် အလုပ်ထုတ်ခံရ
Mar 22, 2026
Cover
အများဆုံးထောင်ဒဏ် ၅နှစ်ကနေ ငွေဒဏ်၁၅သိန်းအထိ ချမှတ်နိုင်တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေထုတ်ပြန်
Mar 22, 2026
Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026