NEWS

Yuan Hong အထည်ချုပ် နားရက်မရှိ အချိန်ပို လုပ်ကိုင်ခိုင်း

CoverLogo
408 Views
 
Yuan Hong Garment Co.,Ltd ပိုင် စက်ရုံက နားရက်မပေးဘဲ ၃ လကျော်လာတဲ့ အထိ အချိန်ပို လုပ်ကိုင်ခိုင်းတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM)ကို အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပို အောလင်း၊ အောနိုက်တွေကို အပတ်စဉ် ဆင်းပေးရသလို တပတ်တကြိမ်နားရက်ပါ မနားရဘဲ လုပ်ကိုင်ပေးနေရတာလို့ ပြောပါတယ်။
 
“အချိန်ပိုဆင်းနေရတာ သုံး လေးလလောက်ရှိနေပြီ။ တစ်ပတ်ကို သုံးရက်က အောလင်း၊ အောနိုက်တွေ ဆင်းရတယ်။ တစ်လလုံး တနင်္ဂနွေနေ့တွေ တစ်ရက်မှ အနားမပေးဘူး။ အချိန်ပိုဆင်းခိုင်းတယ်။ အခု ဖေဖော်ဝါရီ လထဲက ပိတ်ရက် ၆ ရမှာ ၁၂ရက် ၁၃ရက် ပိတ်ပေးတယ်။ ကျန်တဲ့ရက် အချိန်ပို ဆင်းရတယ်။” လို့ IWFM တာဝန်ရှိက ပြောပါတယ်။
 
အောလင်း၊ အောနိုက်အချိန်ပိုက စက်ရုံတစ်ရုံလုံးဆင်းရတာဖြစ်ပြီး အချိန်ပိုအို တီမဆင်းနိုင်ရင် အောစူပါ၊ စူပါတွေက အော်ဟစ် ပြောဆို ဆဲဆိုတယ်လို့လည်း အလုပ်သမားတွေက ပြောဆိုပါတယ်။ ဒါ့အပြင် အထည်စံချိန် မပြည့်က အလုပ်ထုတ်မယ်၊ အိုတီ မခိုင်းဘူးဆိုပြီး လိုင်းခေါင်းဆောင်တွေက ခြိမ်းခြောက်ပြောဆိုတယ်လို့လည်း ပြောပါတယ်။
 
အထည်စံချိ တစ်နာရီကို အင်္ကျီအထည် ၁၀၀၊ ဘောင်းဘီဆိုရင်တစ်နာရီ အထည် ၈၀ အထိ တောင်းတယ်၊ ဒါတွေမပြည့်ရင် အလုပ်ထုတ်မယ်။ အချိန်ပိုတစ်လလုံးမခေါ်ဘဲ ညနေ၄နာရီ အလုပ် ပြန်ခိုင်းမယ်၊ အဲလိုတွေ ခြိမ်းခြောက်တယ်။ အလုပ်သမားတွေလည်း မပြည့် ပြည့်အောင် ထမင်းစားချိန်မှာ မနားရဘဲ ချုပ်ပေးရတာ.” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံဘက်က အလုပ်တက်ချိန် မတိုင်မီ မနက် ၇ခွဲမှာ မီတင်လုပ်ခိုင်းပြီး နောက်ကျအလုပ်သမားတွေကို လုပ်ခဖြတ်မယ်ဆိုပြီး ပြောဆိုတဲ့ အပြင် အရေးကြီးကိစ္စ ဂိတ်ပတ်စ် တောင်းတိုင်း အလုပ်ထဲ ရောက်ရင်ဂိတ်ပါတ် မပေးနိုင်ဘူးဆိုပြီး ပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ စက်ရုံမှာ နှစ်ရုံစာ လုပ်နေရလည်း ကျွမ်းကျင်ကြေးကို ခွဲခြားပေးတယ်၊ မီးပူသမားတွေပဲ ပိုရတာ။ ပေးတာ ထက်ဝက်မက ကွာတယ်။
 
ဥပဒေမှာ ပြဌာန်းထားတဲ့ ခွင့်ရက်တွေကို ခံစားခွင့်မပေးထားခြင်း၊ နေထိုင်မကောင်းလို့ ခွင့်တစ်ရက်ယူမိလို့ ဒေးကြေး ၁၁၀၀၀ ၊ ရက်မှန်ကြေး ၃၀၀၀၀ ဖြတ်တောက်ခံရတယ်လို့လည်း အလုပ်သမားတွေက ပြောဆိုပါတယ်။
 
“အချိန်ပိုအို တီမတရား‌ခေါ်လို့ အလုပ်သမားရုံးကို ခဏခဏ တိုင်လည်း ဘာမှ လာမစစ်ဘူး။ စက်ရုံကလည်း ဘာမှ ဂရုမစိုက်ဘူး၊ အချိန်ပိုတွေ တရားလွန်ခိုင်းနေတာ။ WCC တွေကိုလည်း စက်ရုံက ဂရုမစိုက်ဘူး။ အဲအိုတီကို လုပ်ငန်းခွင်ထဲတွင် ၁၄,၁၅,၁၆ အရွယ် အလုပ်သမားတွေတောင် ဆင်းရတယ်။” လို့ ပြောဆိုထားပါတယ်။
 
Yuan Hong Garment Co.,Ltd အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် တွင်းသွင်းတိုက်ဝန် ဦးထွန်းညို မှာ ရှိတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ အလုပ်သမား ၈၀၀ ဝန်းကျင် လုပ်ကိုင်နေပြီး American Holic, Defacto, Hush Puppies, Begum, Gemo တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026