NEWS

Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား

CoverLogo
34 Views
 
ဇူလိုင် ၁၄၊ ၂၀၂၆
အလုပ်သမားဦးစီးမှူး ကိုယ်တိုင်က အောလင်း၊ အောနိုက် နဲ့ တနင်္ဂနွေ ပိတ်ရက်အပါ အချိန်ပို တွေအပတ်တိုင်း ခွင့်ပြု ပေးထားလို့ ခိုင်းတယ်ဆိုပြီး Yuan Hong Garment တာဝန်ရှိသူတွေက ပြောဆိုတယ်လို့ အလုပ်သမားဆီက သိရပါတယ်။
 
\“ HR မန်နေဂျာကလည်း တိုင်ချင်သလောက်တိုင် အမြဲ အချိန်ပို ခေါ်နေမှာပဲလို့ မိုက်နဲ့ ကြေညာတယ်။ အလုပ်သမားတွေက အလုပ်သမားရုံးကို အားကိုးပြီး တိုင်တယ်။ ဦးစီးမှူးကိုယ်တိုင်က ခွင့်ပြုနေတယ်။ လုပ်ငန်းခွင်ထဲ လာစစ်ဖို့ဆိုတာ အဝေးကြီး တခါမှမလာတာ”လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားတွေ အောလင်း၊အောနိုက် အချိန်ပိုအိုတီဆင်းရပြီး နောက်ရက်တွှေမှာပါ အနားမရဘဲ ပုံမှန် အလုပ်ဆင်းရလို့ ကျန်းမာရေး ထိခိုက်နေတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM)ကို အလုပ်သမားတွေက ပြောထားတာပါ။
 
“ကျန်းမာရေး ထိခိုက်ပြီး စက်ရုံထဲမှာ မူးလဲတဲ့အထိ အကြိမ်ကြိမ်ဖြစ်နေတာပါ။” လို့ အလုပ်သမားတဦးက ပြောထားပါတယ်။ လက်ရှိ Yuang Hong စက်ရုံမှာ တနင်္ဂနွေ နားရက် မရှိ တစ်လလုံး အချိန်ပို ဆင်းခိုင်းထားတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားတွေ မချုပ်နိုင်တဲ့ စံချိန်တွေ တောင်းခံပြီး အထည်စံချိန်မပြည့်ပါက အောစူပါ၊ စူပါတွေရဲ့ ဆဲဆို အော်ဟစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်၊ အရှက်တရား၊ ခြိမ်းခြောက်မှုတွေနဲ့ တိုင်ကြားဖို့ ခက်ခဲ့တာကြောင့် နစ်နာနေရတယ်လိ့ အလုပ်သမားတွေက ပြောထားပါတယ်။
 
“Qc အောစူ ပါ တဲ့ အမျိုးသမီးက အမြဲတမ်းဆဲဆို၊ ရိုင်းရိုင်းဆိုင်းဆိုင် အော်ဟစ်နေတာ မိန်းခလေးတွေ ဆိုတာ့ ရှက်ကြတယ်၊ ပြန်မပြောရဲကြဘူး၊ အလုပ်ထုတ်မယ်ဆိုပြီး ပြောနေတာ”လို့ အလုပ်သမားတွေက ပြောပါထားပါတယ်။
 
လုပ်ငန်းခွင် အခက်အခဲတွေကို wcc အဖွဲ့ကို တိုင်ကြားပေမဲ့ ဆောင်ရွက်ပေးတာမရှိတဲ့အပြင် မြို့နယ် အလုပ်သမားရုံးလည်း ဖြေရှင်းမပေးလို့ အလုပ်သမားအခွင့်အရေးတွေ နစ်နာနေရတာလို့ အလုပ်သမားတွေက ပြောထားပါတယ်။
 
Yuang Hong စက်ရုံက Sinsay, celio, Fbsister, Lcwalklkl တံဆိပ်အထည်တွေ ချုပ်လုပ်နေပြီး လက်ရှိ ပုသိမ်မြို့နယ် က Q.N.S.Myanmar.Co.Ltd စက်ရုံ အော်ဒါတွေကို ချုပ်လုပ်ပေးနေတယ်လို့လည်း အလုပ်သ မားတွေက ပြောထားပါတယ်။
 
Yuan Hong Garment က ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ တွင်းသွင်းတိုက်ဝန် ဦးထွန်းညို လမ်းအမှတ်(၉၅)မှာ ဖွင့်လှစ်ထားပြီး အလုပ်သမား ၈၀၀ ဝန်းကျင် လုပ်ကိုင်နေပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026