NEWS

Yuan Hong Garment စက်ရုံမှာ အလုပ်သမားအခွင့်အ​ရေးချိုးဖောက်မှုရှိများရှိနေဟုဆို

CoverLogo
1.4K Views

လှိုင်သာယာမြို့နယ်, ရွှေလင်ဗန်းစက်မှုဇုန် တွင်သင်းထိုက်ဝန်ဦးထွန်းညိုလမ်းမှာ ဖွင့်လှစ်ထားတဲ့ Yuan Hong Garment စက်ရုံက အလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေရှိနေတယ်လို့ သိရပါတယ်။

အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်စက်ရုံ​
ဖြစ်ပြီး အလုပ်သမား (၈၀၀)ခန့်နဲ့ လုပ်ငန်းလည်ပတ်နေကာ BONOBO/OFALO/(niko and) စတဲ့အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါအလုပ်သမားတွေဟာ တနင်္လာနေ့မှသောကြာနေ့အထိ အချိန်ပို ည(၈:၀၀) အထိ ဆင်းရပြီး အချိန်ပိုမဆင်းလျှင် HR ရုံးခန်းသို့ခေါ်၍အဆူခံရခြင်း၊ အလုပ်ထုတ်မည်ဟုခြိမ်းခြောက်ခြင်း၊ အချိန်ပိုကြေးမပေးဘဲ အလုပ်ဆင်းခိုင်မယ်ပြောဆို​ခြင်းတွေ
ကြောင့် အလုပ်သမားတွေက စိတ်ညစ်နေကြတယ်လို့  ဆိုပါတယ်။

" စက်ရုံမှာ အလုပ်သမားများ၏ သဘောဆန္ဒကိုမေးမြန်ခြင်းမရှိဘဲ အချိန်ပိုဆင်းရန်အတွက် အလုပ်သမားများကို လက်မှတ်ထိုးခိုင်းခြင်းမျိုးမရှိဘဲ လိုင်းစာရေးမများက လက်မှတ်ထိုးပြီး တနင်္လာနေ့မှ သောကြာနေ့ထိ အလုပ်သမားများကို ည ၈နာရီထိ အချိန်ပိုဆင်းရတယ်။ အထည်အရေးကြီးရင် တနင်္ဂနွနေ့တွေ အချိန်ပိုဆင်းပေးရတယ်" လို့ အလုပ်သမားကဆိုပါတယ်။

ဒါ့အပြင် ဥပဒေပါခွင့်နှင့်ပတ်သက်ပြီး ရှောင်တခင်ခွင့်ယူရာမှာ တစ်ရက်ကြိုတင်ယူမှသာပေးခြင်း၊ ဆေးခွင့်ဖြင့်ခွင့်ယူရင်လည်း ဖူလုံရေးဆေးခန်းမှဆေးခွင့်ဖြင့်သာပေးပြီး  လုပ်သက်ခွင့်နှင့်ပတ်သက်ပြီးလည်း  အလုပ်သမားများက ခွင့်ခံစားခွင့်ရှိသည်ကို နားမလည်ကြဘဲ အလုပ်ရှင်ဘက်မှ ငွေကြေးခံစားခွင့်ကိုသာပေးတယ်လို့ သိရပါတယ်။

" စက်ရုံဘက်က ခွင့်နှင့်ပတ်သက်ပြီး အလုပ်သမားများကို သေချာရှင်းပြတာမျိုးမရှိဘူး။ စက်ရုံမှာ နေ့စားအလုပ်သမားတွေရှိပြီး တနင်္ဂနွအေလုပ်ပိတ်ရက်တွေမှာ ဒေးကြေးခံစားခွင့် မရှိသည့်အပြင် အလုပ်အရေးကြီးတဲ့အချိန်ဆို ခေါ်ခိုင်းပြီး အလုပ်ပါးသည့် အခါမျိုးမှာ နေ့စားတွေကိုလစာခန့်ခြင်း မျိုးမရှိဘဲ အလုပ်ထုတ်တာတွေရှိနေတယ်" လို့ အလုပ်သမားကဆိုထားပါတယ်။

စက်ရုံမှာ လုပ်ငန်ခွင်ညှိနှိုင်းရေးကော်မတီ WCC ဖွဲ့စည်းထားတယ်လို့သိရပေမဲ့ ခုလိုဥပဒေမဲ့ ခိုင်းစေတာတွေကိုလည်း ဖြေရှင်းပေးခြင်းမရှိသလို  အထည်စံချိန် တောင်းတဲ့အခါမှာလည်း အလုပ်သမားတွေရဲ့ ချုပ်လုပ်နိုင်တဲ့ အထည်စံချိန်ထက် ပိုတောင်းကာ အထည်စံချိန်မရပါက စူပါလီတာများမှ နားမခံသာအောင် ဆဲဆိုခြင်းများရှိနေပါတယ်။

အဆိုပါစက်ရုံမှာ အလုပ်သမားတွေရဲ့ ကျန်မာရေးအတွက် ဆေးပေးခန်းစီစဉ်ထားပေးသော်လည်း ဆေးပစ္စည်းလုံလောက်မှုမရှိဘူးလို့လည်းသိရပါတယ်။

#MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026