NEWS

Yuan Hong Garment စက်ရုံ အလုပ်ချိန် ၆ နာရီကျော် ဆက်တိုက်ခိုင်းစေပြီး တစ်ပတ် နာရီ ၄၀ အချိန်ပို လုပ်ကိုင်ခိုင်း

CoverLogo
764 Views
 
Yuan Hong Garment Co.,Ltd စက်ရုံမှာ နေ့လယ် ထမင်းနားချိန်ကစပြီး အချိန်ပို ပြီးဆုံးတဲ့ ည ၇ နာရီအထိ နားချိန်မပေးဘဲ တဆက်တည်းလုပ်ကိုင်ရတဲ့ အပြင် သတ်မှတ်ထားတဲ့ အချိန်ပိုလုပ်ကိုင်ချိန်ထက် နှစ်ဆ လုပ်ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ဒါ့အပြင် နားရက် တနင်္ဂနွေမှာပါ အချိန်ပိုလုပ်ကိုင်ခိုင်းတာလို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံက နေ့လယ် ၁၂နာရီခွဲ ထမင်းစားပြီးတာနဲ့ ည ၇နာရီအထိ နားချိန်မပေးဘဲ လုပ်ခိုင်းတယ်။ တချို့စက်လိုင်းတွေဆို အောနိုက် ညနက် ၁၂ နာရီအထိ ဆင်းရတယ်။ တစ်ပတ် အချိန်ပို နာရီ၄၀ အထိ လုပ်ခိုင်းတယ်။ တစ်လလုံး မနားရခဲ့ရဘူး။ နားရက် တနင်္ဂနွေနေ့ ၄ ရက်က တရက်မှ အနားမရဘူး၊ အချိန်ပိုတွေ လုပ်နေရတာ။ ကြာလာတော့ ကျန်းမာရေး ထိခိုက်လာပြီ။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Yuan Hong Garment ပုသိမ်ကစက်ရုံခွဲက အထည်တွေချုပ်ဖို့ အချိန်ပို လုပ်ကိုင်ပေးနေရပြီး အချိန်ပို မဆင်းတဲ့ အလုပ်သမားတွေကို စူပါတွေ၊ မန်နေဂျာတွေက အငြိုးထား ဆက်ဆံတာ၊ ဆဲဆို တာ၊ ဂရိတ်ကြေး လျှော့တာတွေ ပြုလုပ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ဂရိတ်လျှော့တာက ဂိတ်ပတ်စ်တောင်းလည်း လျှော့တယ်၊ ဂိတ်ပတ်စ်က တောင်းလည်း မရဘူး။ နိုင်ငံခြားသား တရုတ်တွေ အုပ်ချုပ်နေတော့ စူပါ၊ မန်နေဂျာတွေက နေရာမပျောက်ဖို့ ဆဲပြီး ခိုင်းနေတာ။ နေ့တိုင်း အဆဲခံရပြီး စိတ်အကြမ်းဖက်ခံနေရတယ်။ ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံ တာဝန်ရှိသူတွေက အလုပ်သမား ၄၀ ရှိတဲ့ စက်လိုင်းတစ်လိုင်းကို တစ်နာရီ အထည် ၆၀ ဝန်းကျင် ချုပ်ပေးဖို့ တောင်းခံပြီး အဲ့ဒီ အထည်စံချိန်မရပါက အများရှေ့မှာ ဆဲဆို အော်ငေါက်တာကို နေ့စဉ် ခံစားနေရတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“မီးပူနဲ့ ထုတ်ပိုး ဌာနက စူပါ ဒေါ်ဝင်းမာဆို၊ သူဆဲလွန်းလို့ အလုပ်သမားက ရုံးထိသွားတိုင်တာ။ ဘာမှ မပြောင်းလဲဘူး ဆက်ဆဲနေတယ်။ ခွင့်ရက်တွေလည်း မရဘူး၊ ဘယ်လောက် အရေးကြီးကြီး မရတာ၊ နေထိုင်မကောင်းလို့ ရက်ပျက်ရင်တော့ ရက်တွက် ဒေးကြေး ရက်မှန်ကြေး အကုန်ဖြတ်တယ်။ ခွင့်မရတော့ အလုပ်သမားတွေပဲ နစ်နာရတယ်။” လို့ ပြောပါတယ်။
 
နေ့စားအလုပ်သမားများ ၁၀၀ ဝန်းကျင်ကို စက်ရုံအတွင်း ခိုင်းစေပြီး ဥပေဒေမဲ့ အလုပ်ထုတ်တာနဲ့ ပြန်လည် အလုပ်ခန့်ရာမှာ တာဝန်ရှိသူတွေက လာဘ်ယူ အလုပ်ခန့်ထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်ပါးလာရင် နေ့စားအလုပ်သမားတွေကို ဥပဒေမဲ့အလုပ်ထုတ်တယ်။ အလုပ်များလာတာနဲ့ တစ်ယောက်ကို ပိုက်ဆံ 
လေးသောင်းကနေ ခြောက်သောင်း ပေးမှ အလုပ်ပြန်ဝင်ရတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံဘက်က နေ့စားအလုပ်သမား အသက်ငယ်ရွယ်တဲ့ လူငယ်၊လူရွယ်တွေကို ဆေးထောက်ခံချက်မပါဘဲ လူကြီးအလုပ်သမားတွေနဲ့ တန်းတူခိုင်းစေတဲ့ အပြင် တနင်္ဂနွေနေ့တွေမှာ ဒေးကြေးမပေးဘဲ လုပ်ကိုင်ခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် စက်ရုံက အလုပ်သမားတွေ အတွက် လုံခြုံမှုမရှိဘဲ တခြားလိုအပ်ချက်လည်း များစွာရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
"စက်ရုံထဲမှာ အလုပ်သမားရဲ့ စက်ဘီးပျောက်သွားတယ်။ cctv နဲ့ ပြန်စစ်ပေးဖို့ ပြောတော့၊ cctvလဲမရှိဘူးတဲ့ ကြိုက်တဲ့နေရာ တိုင်ဆိုပြီး လူမိုက်စကားပြောလွှတ်တယ်။ စက်ရုံမှာ အိမ်သာလည်း မလောက်ဘူး၊ စောင့်ရတယ်။ စောင့်လို့ ကြာလည်း အဆဲခံရတယ်။ ထမင်း စားပွဲခုံ မလောက်လို့ အောက် ချစားရတယ်။ ဆေးခန်းတော့ရှိတယ် ဆေးတော့ မရှိတဲ့ အခြေအနေတွေ ၊ ဒါတွေကို HR တွေ သိပါတယ်။ စက်ရုံက တာဝန်ရှိတဲ့ ဘယ်သူမှ ဘာမှ လုပ်မပေးတာပါ.” ပြောပါတယ်။
အလုပ်သမားရုံးအပါအဝင် လာရောက်စစ်ဆေးတဲ့ အဖွဲ့အစည်းတွေ အားလုံးကို စက်ရုံတာဝန်ရှိသူတွေက သင်ကြားပေးထားတဲ့ အလုပ်သမားတွေကိုပဲ စစ်ဆေးခဲ့တာကြောင့် အလုပ်သမားအခွင့်ရေး ချိုးဖောက်မှုတွေ ပေါ်ပေါက်တာမရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
Yuan Hong Garment စက်ရုံက pikmie၊ FB sister၊ JP၊ SinSay၊ nano universe၊ ambianmee တံဆိပ် ဘောင်းဘီ၊ အင်္ကျီတွေ ချုပ်နေတဲ့ အထည်ချုပ် စက်ရုံဖြစ်ပါတယ်။ စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုပြီး ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ တွင်းသွင်းတိုက်ဝန် ဦးထွန်းညို လမ်းမှာ ဖွင့်လှစ်ထားပြီး အလုပ်သမား ၁၀၀၀ ဝန်းကျင် လုပ်ကိုင်နေပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026