NEWS

Yuan Hong Garment စက်ရုံ တနင်္ဂနွေနေ့တိုင်း အချိန်ပို ဆင်းခိုင်း

CoverLogo
357 Views
 
Yuan Hong Garment အထည်ချုပ်စက်ရုံက နားရက်မပေးဘဲ တနင်္ဂနွေနေ့တိုင်း အချိန်ပို ဆင်းခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပို မဆင်းတဲ့ အလုပ်သမားတွေကို လုပ်ငန်းခွင် ခေါင်းဆောင်တွေက ဖိအားပေးပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“တနင်္ဂနွေနေ့တိုင်း အလုပ်သမားများ၂၀၀ကျော် အမြဲအချိန်ပို ခေါ်ခိုင်းတယ်။ ၃ လ ရှိပြီ။ နားရက်လည်း မနားရဘူး။ မဆင်းရင်လဲ စူပါ၊ အောစူပါတွေက ဆဲတယ်၊ စောင်းမြောင်းပြောတယ်။ ဖိအားပေးတယ်။” လို့ ပြောပါတယ်။
 
ပုသိမ်မြို့က စက်ရုံခွဲအတွက် cutting ဌာနက ပိတ်ဖြတ်ပေးရလို့ အချိန်ပိုတွေ ဆင်းပေးနေရတာလို့လည်း အလုပ်သမားတွေက ပြောပါတယ်။ တစ်နေ့အချိန်ပို ၃နာရီဆင်းပေး နေရတဲ့အပြင် တစ်ခါတလေ ညဘက် ၁၀နာရီအထိပါ အချိန်ပိုခိုင်းစေပြီး မဆင်းမနေရ လုပ်ကိုင်ပေးရတာလို့ ပြောဆိုပါတယ်။
 
“အချိန်ပို လက်မှတ် ထိုးမပေးတာတောင် စက်ရုံ မန်နေဂျာက ဂရုမစိုက်ဘဲ ခေါ်ခိုင်းနေတာ။ ၊ တစ်လလုံး တနင်္ဂနွေရက်ပါ မနားရတော့ ကျန်းမာရေးတွေ ထိခိုက်လာတာ”လို့ ပြောပါတယ်။
 
အချိန်ပို ဆင်းရတာနဲ့ ပတ်သက်ပြီး စက်ရုံဘက်ကို WCC အဖွဲ့ဝင်တွေက ပြောဆိုတာမရှိလို့ တနင်္ဂနွေနေ့အပြင်တခြားရုံးပိတ်ရက်တွေမှာပါ အချိန်ပိုတွေ ဆင်းပေးနေရတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 
အလုပ်သမားတွေ ကျန်းမာရေးထိခိုက်လို့ ခွင့်ယူပါက ရှောင်တခင်ခွင့်ယူမရတဲ့ အပြင် ဆေးခွင့်ယူပါကို ရုံးခန်းခေါ် ခွင့်ယူမရအောင် ပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံဘက် တောင်းးတဲ့ အထည် စံချိန်မရပါက ဖိအားပေး ပြောဆိုတယ်လို့လည်း သိရပါတယ်။
 
“အချိန်ပိုတွေ ဆင်းရလွန်းလို့ နေမကောင်းလို့ ဆေးခွင့်ယူရင် အလုပ်ပြန်ဆင်းရင့် မန်နေဂျာက ရုံးခန်းခေါ် ပြောဆိုပါတယ်။ နောက်ခွင့်မယူရဲတော့အောင် ပြောတာ။ ဂိတ်ပတ်စ် ဘယ်လောက်အရေး ကြီးကြီး မရဘူး ၊ တောင်းလည်း ပြောဆိုခံရတယ်။ အထည်စံချိန်မပေးနိုင်ရင် စူပါ၊ အောစူပါများက နားမခံနိုင် အောင်ပြောတယ်၊ ကိုယ်ထိလက်ရောက် အပြုမူတွေအထိပါတယ်။ စံချိန်မရရင်ဆဲမယ်ဆိုပြီး ပြောတာ” လို့ ပြောပါတယ်။
 
စက်ရုံရဲ့အိမ်သာရှေ့မှာ လုံခြုံရေးဝန်ထမ်းတွေက အမြဲစောင့်ကြည့်နေပြီး အလုပ်သမားတွေ အပေါ့အလေး မြန်မြန်လုပ်ဖို့ ပြောဆိုနေတယ်လို့လည်း သိရပါတယ်။ လုပ်ငန်းခွင် ဆေးပေးခန်းရှိပေမဲ့ သုံးစွဲဖို့ ဆေးမရှိဘူး လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ ဆေးမရှိတာ စက်ရုံတာဝန်ရှိသူက သိတာပဲ။ ဒါပေမဲ့ ဘာဆေးမှ ရတာ မရှိဘူး။” လို့ ပြောပါတယ်။ လုပ်ငန်းခွင်အတွင်း နေ့စားအလုပ်သမားအများပြား ခိုင်းစေထားပေမဲ့ လုပ်သက်ပြည့်အလုပ်သမားတွေကို အတည်ပြုခန့်ထားပေးတာ မရှိဘူးလို့လည်း သိရပါတယ်။
 
“နေစားထဲမှာ အသက် မပြည့်သေးတဲ့ အလုပ်သမားတွေကို ခိုင်းထားတယ်။ စစ်ဆေးရေးအဖွဲ့တွေလာရင် ကြိုတင် သင်ပေးထားတဲ့ အလုပ်သမားတွေကို လိမ်ဖြေခိုင်းတယ်။” လို့ ပြောပါတယ်။
 
စက်ရုံကြိုပို့ယာဉ်က လုပ်သားဦးရေနဲ့ ယာဉ်အရေတွက် မမျှလို့ အမျိုးသမီးအလုပ်သမားတွေ တွဲခို လိုက်ပါတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် အချိန်ပိုမရှိပါက ကြိုပို့ ကား စီစဥ်မပေးဘဲ ကိုယ်ပိုင်အစီအစဥ်နဲ့အိမ်ပြန်ရတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။
 
Yuan Hong Garment Co.,Ltd အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ၊ တွင်းသွင်းတိုက်ဝန် ဦးထွန်းညိုလမ်းမှာ ဖွင့်လှစ်ထားပြီး အလုပ်သမား ၈၀၀ ဝန်းကျင်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး လက်ရှိ jp, Sinsay, celio, Hering, Mohito တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026