NEWS

Yongon Fashion Myanmar အလုပ်သမားများ တောင်းဆိုမှု ပမာဏအနည်းငယ်တိုးမြှင့်ရ

CoverLogo
685 Views
 
Yongon Fashion Myanmar (ယုံအန်း) အထည်ချုပ်စက်ရုံ အလုပ်သမားတွေက လုပ်ခလစာတိုးမြှင့်ရေးအပါအဝင် အချက်တချို့ကို အလုပ်ရပ်တောင်းဆိုခဲ့ရာ တောင်းဆိုမှု အနည်းငယ်ပဲ တိုးမြှင့်ရရှိခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အင်္ဂါနေ့ က ညှိလိုက်တာ၊ ဘာမှ သိပ်ပြီး တိုးရတာမရှိဘူး၊ တောင်းထားတဲ့ ပမာဏထက် ရတာက အများကြီးနည်းပါတယ်။ ရက်လည်း ကြာတော့ အလုပ်သမားတွေ အတွက် စိုးရိမ်တာနဲ့ လက်ခံလိုက်ရတာ.” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားတွေက ရက်တွက် ဒေးကြေး ၁၂၀၀၀၊ ဂရိတ်ကြေး အဆင့် ၄ ဆင့်အတွက် အမြင့်ဆုံးကျပ် ၁၀၀၀၀၀ ကနေ အနိမ့်ဆုံးကျပ် ၄၀၀၀၀ အထိ တိုးပေးဖို့၊ စနေနေ့တိုင်း ညနေ ၄ နာရီ အလုပ်ဆင်းပေးဖို့၊ အထည်ကြေး အနည်းဆုံး ကျပ် ၇၀ ရရှိဖို့ နဲ့ အိုတီကြေး ကျပ် ၂၂၀၀ သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
 
“ညှိနှိုင်းမှုတွေ အပြီး ဂိတ်ကြေး အဆင့်လိုက် အများဆုံး ကျပ် ၄၀၀၀ က၊ အနည်းဆုံးက ကျပ် ၂၀၀၀ အဲ့ဒါပဲ တိုးရတယ်။ ဒေးကြေးနဲ့ အိုတီကြေး လုံးဝ တိုး မပေးဘူး။ စနေနေ့ အလုပ်ချိန်က နဂို ၆ ခွဲကနေ ညနေ ၄ နာရီးဆင်းပေးဖို့ရခဲ့တယ်။ ရက်မှန်ကြေး ရှေ့ ၁၅/ နောက် ၁၅ ရတယ်။ အထည်ကြေးကို အထည်ပေါ်မှာ မူတည်ပြီး ပေးမယ်လို့ ပြောတယ်.” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
တောင်းဆိုမှု ငါးရက် ကြာမြင့်ခဲ့မှာ ညှိနှိုင်းမှုတွေ ပြီးစီးခဲ့တာဖြစ်ပါတယ်။ စက်ရုံမှာ အလုပ်သမား ၅၀၀ ဝန်းကျင်လုပ်ကိုင်နေကြပြီး တောင်းဆိုမှုမှာ သုံးပုံတစ်ပုံ ပါဝင်ကြတယ်လို့ သိရပါတယ်။
 
Yongon Fashion Myanmar အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ယောအတွင်းဝန်ဦးဖိုးလှိုင်လမ်းမှာ ရှိပြီး UniBoss ကိုရီးယားအမှတ်တံချုပ်ကို ချုပ်လုပ်နေပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026