ရွှေပြည်သာမြို့နယ်က YFA အထည်ချုပ်စက်ရုံမှ တာဝန်ရှိသူကိုပြောင်းလဲ တရားစွဲဆိုထားတာနဲ့ပတ်သက်လို့ ဧပြီလ ၂၅ ရက်မှာ ရွှေပြည်သာမြို့နယ်တရားရုံးက မေလ၅ရက်နေ့ကိုပြန်လည်ချိန်းဆိုလိုက်တယ်လို့
အလုပ်သမားဘက်က လိုက်ပါကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။
" ကျွန်တော်တို့YFA ကရုံးချိန်းပေးရုံပဲ။ သူကသမ္ဗာန်စာအတည်ဖြစ်မဖြစ် စက်ရုံမန်နေဂျာကအဲ့နေ့ကမရှိလို့ စက်ရုံဂိတ်ကလည်းလက်မခံလိုက်လို့ ရုံးချိန်းပြန်ချိန်းပေးလိုက်တယ်။ မေ၅ရက်နေ့ချိန်းလိုက်တယ်" လို့ ၎င်းကဆိုပါတယ်။
အလုပ်သမားဖြစ်သူ မအိပိုပိုလှိုင်က အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ချိုးဖောက်မှုနဲ့ပတ်သက်လို့ YFA စက်ရုံပိုင်ရှင်ကို တရားစွဲဆိုခဲ့ရာ
တရုတ်နိုင်ငံသားစက်ရုံပိုင်ရှင်က မြန်မာနိုင်ငံမှာရှိမနေတာကြောင့်ဆိုပြီး ရုံးချိန်း ၅ ကြိမ်လုံး ပျက်ကွက်ခဲ့လို့ လက်ရှိစက်ရုံကို တာဝန်ယူထားသူကို ပြောင်းလဲတရားစွဲဆိုမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ ပြီးခဲ့တဲ့ဧပြီ၂၅ရက်က ပထမဆုံးရုံးချိန်းချိန်းဆိုခဲ့ရာ စက်ရုံမျသမ္ဗာန်စာအတည်မဖြစ်သေးတာကြောင့် နောက်လမေ၅ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်တယ်လို့သိရပါတယ်။
YFAစက်ရုံက ပြီးခဲ့တဲ့နှစ်ကုန်မှာ အလုပ်သမားကို လုပ်သက်ခွင့်ရက်တွေ ရယူပြီး အလုပ်ပျက်လို့ဆိုကာ အီးစီစာချုပ်မှာ မပါဝင်တဲ့အကြောင်းပြချက်နဲ့အလုပ်ထုတ်လို့ အီးစီစာချုပ်ချိုးဖောက်တဲ့အတွက် ရွှေပြည်သာမြို့နယ်အလုပ်သမားရုံးက တရားစွဲဆိုခွင့်စာထုတ်ပေးပြီး အလုပ်သမားကတရားစွဲဆိုနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
#MyanmarLabourNews
Photo-စက်မှုဇုန်လုပ်သားများ။