NEWS

Yangon Nadia Clothing အထည်ချုပ် နိုင်ငံခြားသား စက်ရုံမှူးမှ ဆဲဆိုခိုင်း

CoverLogo
228 Views
Yangon Nadia Clothing Co.,Ltd ပိုင် အထည်ချုပ်စက်ရုံ က အထည်မရလို့ ဆိုပြီးစက်ရုံမှူး ကိုရီးယားလူမျိုးက ဆဲဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အထည်ပုံ ပြောင်းလဲ စမှာ ပွိုင်တွေအများကြီး ချုပ်ရတဲ့ အပြင် အထည်မရလို့ ဆိုပြီး အဲဒီ နိုင်ငံခြားသားက ဆဲဆိုတဲ့အပြင် ကိုယ်ထိလက် အပြုအမူတွေပါ ပြုလုပ်တာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ စတိုလ်အသစ် ပြောင်းချုပ်ရပြီဆို လိုင်းမပေါက်သေးဘူး အထည် ၁၀၀အထိ တောင်းနေပြီ ။ အလုပ်သမား တစ်ယောက်ကို ပွိုင့်တွေ အများကြီး ချုပ်လုပ်ခိုင်းထားတယ်။ အဲ့လို ချုပ်ရလို့ အထည့်မရရင်လဲ စူပါတွေကို ရုံခန်းထဲခေါ်ပြီး ဆဲတယ်၊ အနားမှာ ရှိတဲ့ ပစ္စည်းနဲ့ ပစ်ပေါက်တာ၊ အဲ့နိုင်ငံခြားသားက စိတ်မကြည်ရင် အရမ်းအော်တယ်၊ စက်လိုင်းထဲဝင်လာတာနဲ့ အော်သံ အရင်ကြားရတယ်။” လို့ ပြောပါတယ်။
 
စက်လိုင်းအတွင်း အလုပ်သမားတွေ အရှေ့နဲ့အ နောက်အထည် ထယူတာကို လမ်းလျှောက်တယ်ဆိုပြီး အဲဒီ နိုင်ငံခြားသားက အော်ဟစ်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ အထည်စံချိန် ဆုကြေးပေးမယ်လို့ ပြောထားပေမဲ့ စံချိန်ကို ထပ်တိုးပြီးတောင်းနေလို့ ဖိအား ဖြစ်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အထည်ပြည့်တော့ ထပ်တိုး တောင်းတယ်။ ဒါနဲ့ဘဲ ဆုကြေးက မ ရတော့ဘူး။ ဆုကြေးရတော့ တောင်း တဲ့ အထည်ထက်ပိုပြီးတော့ တောင်းပြန်တယ်။ တောင်းတဲ့အ ထည်မရရင် ဖိအားပေး ပြောနေပြန်ရော” လို့ ပြောပါတယ်။
 
စက်ရုံ အလုပ်ဝင်ချိန်က မနက် ၇နာရီ ၁၅မိနစ်လို့ သတ်မှတ်ထားပေမဲ့ ၇ နာရီ ၅မိနစ်ထဲက အလုပ် စလုပ်ခိုင်းပြီး အလုပ်သမားအချင်းချင်း အလုပ်စကားပြောလို့ ဝမ်တိန် ထိုးခိုင်းပြီး ဖိအားပေးတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ မနက်ပိုင်း အလုပ်တက်ချိန် မျက်နှာ စကမ်ဖတ် ဖို့မေ့ရင်လဲ ဝမ်တိန် ထိုးရတယ်။ လေဘယ် တစ်ရွက်ပျောက်လို့ ငါးထောင်ပေးရတယ်။ ပစ္စည်းပေါ်မူတည်ပြီး လျှော်ခိုင်းတာ။ ဝမ်တိန်လည်း ထပ်ထိုးခိုင်းတာ” လို့ ပြောပါတယ်။
လုပ်ငန်းခွင်မှာ အလုပ်သမားတွေ အသုံးပြုနေတဲ့ အိမ်သာတွေမှာ သန့်ရှင်းမှုမရှိဘဲ ဘာကြောင်းနဲ့ဖြစ်ဖြစ် ဂိတ်ပတ်စ်ယူတိုင်း အပြောအဆို ခံနေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
Yangon Nadia Clothing Co.,Ltdမှ စက်ရုံက လှိုင်သာယာမြို့နယ်၊ စက်မှူဇုန်၄၊ ပြင်စည်မင်းသားကြီးလမ်းမှာ လုပ်ငန်းလုပ်ကိုင်နေပြီး ကိုရီးယား နိုင်ငံသားပိုင် စက်ရုံလို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမားများ ၁၀၀၀ ဝန်းကျင်က လက်ရှိ EIDER, Umbro တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။
See less
 
 
 
 

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026