NEWS

Yangon Art Materials Incorporation Limited ပန်းချီဘောင်စက်ရုံအလုပ်သမား ၁၂ ဦး ဥပဒေမဲ့ အလုပ်ထုတ်ပယ်ခံရဟုဆို

CoverLogo
605 Views

လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန် မြရတနာလမ်းမှာဖွင့်လှစ်ထားတဲ့ Yangon Art Materials Incorporation Limited မှာအလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ အလုပ်မရှိချိန် ကစားနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ကနေ ထုတ်ပယ်ခံလိုက်ရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့အဆိုပါ စက်ရုံဟာ အလုပ်သမား ၁၀၀ ကျော်နဲ့ ပန်းချီဘောင် တွေထုတ်လုပ်တဲ့ လုပ်ငန်းလုပ်ကိုင်တာလို့ သိရပါတယ်။

"ခွဲခြားဆက်ဆံခံရတယ်လို့ မြင်ပါတယ် လုပ်ငန်းခွင်ထဲမှာ အလုပ်ပါးနေတတော့ ဌာနအသီးသီးပေါ့ဗျာ အလုပ်သမားတွေက ကစားနေကြတာ အဲ့တာကို MGဌာန အလုပ်သမားတွေကိုပဲ အကြောင်းအရာ မမေးဘဲ အလုပ်က ထုတ်လိုက်တာပါ ကျွန်တော်တို့ အခုလို ဥပဒေမဲ့ ထုတ်ခံရတာ ဘယ်တိုင်လို့တိုင်ရမှန်းတောင်မသိဘူး သက်ဆိုင်ရာရုံးတွေကို သွားတိုင်ရင်လည်း တခါမှ တရားမျှတမှုမရှိလို့ မတိုင်တော့ဘူး"လို့ အလုပ်သမားပြောပါတယ်။

လုပ်ငန်းခွင်အတွင်းအလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘူးလို့သိရပါတယ်။ လုပ်ငန်းခွင် ညှိနှိုင်းရေးကော်မတီလဲ ဖွဲ့စည်းထားပေမယ့် အခုလို လုပ်ငန်းခွင်ဆိုင်ရာ အခြေအနေတရပ်ကို ချက်ချင်းဆုံးဖြတ်လုပ်ဆောင်ပြီး ဥပဒေမဲ့ အလုပ်ထုတ်တာဟာ  အလုပ်သမားအခွင့်အရေးချိုးဖောက်တာလို့ အလုပ်သမားတွေကပြောပါတယ်။

"ကျွန်တော်တို့ ဘေးခြံမှာ တရားမဝင်ဖွင့်ထားတဲ့ စက်ရုံရှိသေးတယ် အဲ့မှာ Tc ဌာနဆိုပြီးဖွင့်ထားတာ အဲ့ရုံက အလုပ်သမားတွေဆိုအမြဲတမ်းအလုပ်ရှိတယ် ကျွန်တော်တို့ ရုံဘက်ကို အော်ဒါရောက်လာရင်လည်း မလုပ်ရဘဲ Tc ဌာနကိုပဲခိုင်းတာ အလုပ်သမားတွေက အဲ့လိုခွဲခြားပြီးမလုပ်ဖို့ ပြောလည်း လိုက်မတုနဲ့ မတူဘူးဆိုပြီး တုန့်ပြန်တယ် အဲ့လိုသာ ပြောတာ အလုပ်ခိုင်းရင်ကျတော့ စက်ရုံ ၂ ရုံကို ဟိုဘက်ခေါ်ခိုင်းလိုက် ဒီဘက်ခေါ်ခိုင်းလိုက် လုပ်ပြီး အလုပ်သမားတွေက မကျွမ်းကျင်တဲ့ ဘက်ကို မသွားချင်လို့ ငြင်းရင် အညှိုးအတေးထားတယ်ခဗျ ပြီးတော့ အပြစ်မရှိ အပြစ်ရှာပြီး အလုပ်က ထုတ်ပစ်လိုက်ရော အဲ့ဘက်ရုံကျတော့ အလုပ်ထုတ်ရင် နစနာကြေးပေးတော့ အလုပ်သမားတွေကလည်း ကျေနပ်တော့ အတိုင်မခံရဘူး လွတ်မြောက်နေတာပေါ့ဗျာ"လို့ အလုပ်သမားကပြောဆိုပါတယ်။

လုပ်ငန်းခွင်အတွင်းက အလုပ်သမားတွေအနေနဲ့ အလုပ်သမားတွေကို ခွဲခြားဆက်ဆံတာတွေမလုပ်ဖို့ အကြောင်းပြချက်မရှိဘဲ ဥပဒေမဲ့ အလုပ်ကထုတ်ပယ်တာ မလုပ်ဖို့ အလုပ်သမားတွေကို ဌာန ပြောင်းရွှေ့ ခိုင်းစေရာမှာ သဘောတူညီမှုနဲ့သာ ခိုင်းစေဖို့ စတဲ့အချက်တွေ တောင်းဆိုလိုတယ်လို့ ပြောဆိုပါတယ်။


Related posts

Cover
Female Garment Workers Becoming Victims of Chinese “Rental Wife” and Paid Marriage Trafficking
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026