NEWS

Xing Yuan (မြန်မာ) အထည်ချုပ်စက်ရုံတွင် အထည်စံချိန်မပြည့်လို့ဆိုပြီး ဖယ်ရီစီစဉ်မပေးဘဲ ပြန်လွှတ်

CoverLogo
482 Views
 
Xing Yuan (မြန်မာ) အထည်ချုပ်စက်ရုံ အလုပ်သမား ၁၀၀ ကျော်ကို အထည်စံချိန်မပြည့်လို့ဆိုကာ ဖယ်ရီစီစဉ်မပေး သလို လမ်းစရိတ်မပေးဘဲ ကိုယ့်စရိတ်နဲ့ ကိုယ် နေအိမ်ကို ပြန်လွှတ်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အထည်စံချိန်မပြည့်လို့၊ အချိန်ပို (OT) မခေါ်ဘဲ ပြန်လွှတ်ခဲ့တယ်” လို အလုပ်သမားတဦးက ပြောပါတယ်။
စက်ရုံက ဂျပန် Brand တွေကို လုပ်သားအင်အား ၁၀၀၀ ဝန်းကျင်က ချုပ်လုပ်နေပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံ လို့ သိရပါတယ်။
 
စက်ရုံမှာ ဂျပန်အထည် ပြောင်းလဲ ချုပ်လုပ်ရတဲ့ အတွက် အထည် စံချိန်နဲ့ အရည်သွေးပိုင်း တင်းကြပ်လို့ သတ်မှတ် စံချိန် မရ ဖြစ်ခဲ့ရတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ပြန်လွှတ်ခံရတဲ့ အလုပ်သမား ၁၀၀ ကျော် တယ်။ ညနေ ၄ နာရီခွဲ အလုပ်ချိန်ပြီးတယ် စံချိန်မပြည့်လို့ညနေ ၄ နာရီ ခွဲကနေ ည ၆နာရီ ခွဲကို အိုတီခမပေးဘဲ အလုပ် ဆက်လုပ်ခိုင်းပြီး စံချိန်မရလို့ ပြန်လွှတ်တာ။ ဝါးတရာ စက်မှုဇုန်က လူပြတ်တယ်။ ပြန်ရတာ အန္တရာယ်များတယ်။ ကိုယ့်စရိတ်နဲ့ကို ပြန်ရတော့ အခက်အခဲတွေ အများကြီးတွေ့ရတယ်” လို့အလုပ်သမားတွေက ပြောပါတယ်။
 
အထူးသဖြင့် ထောက်ကြံ့နှင့် မှော်ဘီဘက်ကနေ လာရောက်လုပ်ကိုင်တဲ့ အလုပ်သမားတွေနဲ့ တခြားဝေး တဲ့နေရာက အလုပ်သမားတွေတွေမှာ များစွာအဆင်မပြေဖြစ်ခဲ့ပြီး ကယ်ရီခနဲ့ ကားနှစ်ဆင့်စီးခ တွေ အပို ကုန်ကျခဲ့တာလို့ ပြောပါတယ်။
 
ကုန်ကျစရိတ်များပြားခဲ့တဲ့ အပြင် အိုတီကြေးမပေးတာကို စက်ရုံမန်နေဂျာက လက်ခံခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“လိုင်းစူပါ တချိုက ဖယ်ရီလမ်းကြောင်းတူ အလုပ်သမားတွေကို ည ၈ ခွဲအထိ ခိုင်းတယ်။ အဲ့အတွက်လည်း အိုတီခမရခဲ့ဘူး ။ ဒါကို စက်ရုံမန်နေဂျာက လက်ခံတယ်။” လို့လည်း ပြောပါတယ်။
 
ဥပဒေပါခွင့်ကို စက်ရုံဘက်က ခွင့်မပြုဘဲ့ ရက်ပျက်ပါက အထည်ကြေးနှင့် ကျွမ်းကျင်ကြေးတွေ ဖြတ်တောက်ခံရတာ၊ ဆေးခန်းအတွင်း ဆေးဝါးလုံလောက်မှုမရှိတာ၊ သူနာပြုနဲ့ အသက်ဆိုင်သည့် လုပ်ငန်းတွေကို ခိုင်းစေတာ ၊EC စာချုပ် မိတ္တူ ကို အလုပ်သမားတွေကို မပေးတာတွေလည်း ရှိနေတယ်လို အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 
Xing Yuan အထည်ချုပ်စက်ရုံက ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်မှာရှိပြီး STUDIO အမှတ်တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 

Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026