NEWS

Xinda Home Textile အထည်ချုပ် အလုပ်ထွက်အလုပ်သမားများအား ဂရိတ်ကြေးလျှော့ချ လစာရှင်း

CoverLogo
1K Views
 
ရွှေပြည်သာ စက်မှုဇုန် Xinda Home Textile အထည်ချုပ်က အလုပ်ကနေ နုတ်ထွက်တဲ့အလုပ်သမားတွေကို ဂရိတ်ကြေး လျှော့ချပြီး လစာရှင်းပေးတာကြောင့် နစ်နာမှုတွေရှိနေတယ်လို့ အလုပ်ထွက် အလုပ်သမားတွေက ပြောပါ တယ်။ အလုပ်မထွက်မီ နောက်ဆုံးလအတွင်း မည့်သည့် ပြစ်ချက်မှမရှိတဲ့ အပြင် စံချိန်သတ်မှတ် ပြည့်မီအောင် ချုပ်ခဲ့ ပေမဲ့ အခုလို ဂရိတ်ကြေး လျှော့ချခံရတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ကြီးကြပ်ရေးမှူး(စူပါ) တွေကတော့ အလုပ်ထွက်ရင် ဂရိတ်ကြေးလျှော့ချတယ်ဆိုပြီးပြောတယ်။ A+ ဂရိတ် အဆင့် သမားကို C အထိ လျှော့ပေးတာ။ အလုပ်ထွက် လို့ လျှော့ရှင်းတဲ့သဘောပဲ” လို့ အလုပ်ထွက်ထားတဲ့ အလုပ်သမားက ပြောပါတယ်။
 
စက်ရုံထဲမှာ ဂရိတ်သတ်မှတ်ချက်တွေကို A+၊ A ၊ B နဲ့ C ဆိုပြီး ခွဲခြားထားတယ်လို့ဆိုပါတယ်။ အဲဒီ ဂရိတ် အဆင့်တွေ ကြားမှာ ရပိုင်ခွင့်ငွေကြေး ကျပ် ၁၅၀၀၀ လောက် ကွားခြားတယ်လို့လည်း အဲဒီ အလုပ်သမားက ဆက်ပြောပါတယ်။
 
“စက်ရုံလစာရှင်းတော့ ကျွန်မ ဂရိတ် A အဆင့်ကို ဂရိတ် B အဆင့်အနေနဲ့ ရှင်းပေးတယ်။ ဂရိတ် A ဆိုတော့ ၃၇၀၀၀ ရမယ်။ B အနေနဲ့ဆိုရင် ကျပ် ၂၂၀၀၀ နဲ့ရှင်းတာပါ။ တခြားနစ်နာတာက တရက်မုန့်ဖိုးကြေးလည်း A အဆင့်က ၅၀၀ ရတယ်။ B ဆိုရင် ၃၀၀ ရတယ်။ ဒီမှာလည်း ၆၀၀၀ ဝန်းကျင်ကွာသွားတယ်” လို့ အလုပ်ထွက် ထားတဲ့ အမျိုးသမီးလုပ်သားက ပြောပြပါတယ်။
 
Xinda Home Textile အထည်ချုပ်မှာ လစဉ် အလုပ်ထွက်သူ ၂၀ ဝန်းကျင်လောက်ရှိပြီး အလုပ်ထွက်သူတွေရဲ့ နေရာမှာ ပြန်ခန့်ဖို့ လစဉ် အင်တာဗျူးတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။ ငွေကြေးနစ်နစ်မှုတွေကြောင့် အလုပ်ထွက်ပြီး ပညာသင်ဖို့ ရည်ရွယ်ထားလုပ်ငန်းစဉ် တချို့ ထိခိုက်ခဲ့ရတယ်လို့ အဲဒီ အလုပ်သမား အမျိုးသမီးက ပြောပါတယ်။
 
“ကျွန်မက အဝေးသင်တက္ကသိုလ် တက်ဖို့ အလုပ်က ထွက်တာ။ ပညာသင်စာရိတ်အတွက် ကျွန်မ တလလုံး သေချာ ကြိုးစားခဲ့တာ။ ပွိုင်ကြီး A သမားဆိုတော့ လကုန်ရမဲ့ငွေကလည်း ကျောင်းတက်ဖို့ အဆင်ပြေတယ်။ အလုပ်ထွက်ပြီးလစာလည်းထုတ်ရော ဂရိတ် B အဆင့်နဲ့ ရှင်းပေးတယ်။ ရည်ရွယ်ထားတာတွေ သဲထဲ ရေသွန် ပါပဲ။” လို့ ပြောပါတယ်။
 
ဒီလို အလုပ်ထွက်ပါက ဂရိတ်ဆင့်လျှော့ချမယ်လို့ စက်ရုံ စည်းကမ်းတွေမှာ သတ်မှတ်ထားတာမရှိသလို ကြေညာ ပြောဆိုတာလည်း မရှိဘူး လို့ အမျိုးသမီး အလုပ်သမားက ပြောပါတယ်။ အလုပ်က နှုတ်ထွက်ဖို့ကို လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ခဲ့ပြီး တပတ်ကြိုတင်အကြောင်းကြားခဲ့တာဖြစ်တယ်လို့ အလုပ်ထွက်ထားတဲ့ အမျိုးသမီး အလုပ်သမား တဦးက ပြောပြပါတယ်။
 
“ ၂၃ ရက်မှာ အလုပ်ထွက်မယ်လို့ အကြောင်းကြားထားတယ်။ ၃၀ ရက်အထိ အလုပ်လုပ်ခဲ့တာ။ အလုပ်ထွက်လို့ ဂရိတ်ကြေးလျှော့မယ်ဆိုပြီး စက်ရုံထဲမှာ ပြောထားတာလဲ မရှိဘူး။ EC စာချုပ်မှာလည်း မပါဘူး ။ ဒီလို ဂရိတ် လျှော့တာက အလုပ်ထွက်လို့ ဆိုပြီး စူပါတွေကတော့ ပြောတယ်” လို့ ပြောပါတယ်။
Xinda Home Textile (Myanmar) Co;Ltd အထည်ချုပ် စက်ရုံဘက် အလုပ်သမားတွေကို ဂရိတ်ကြေး၊ ရက်မှန်ကြေး၊ မုန့်ဖိုး နဲ့ အချိန်ပိုကြေးတွေ ပေးထားပေမဲ့ အလုပ်ထွက်မှ ဂရိတ်အဆင့်ချ လစာရှင်းပေးတာဟာ အလုပ်သမားအတွက် နစ်နာမှုကြီးမားတယ်လို့ ပြောပါတယ်။
 
“စက်ရုံဘက်ကတော့ စူပါတွေပေးတဲ့ အချက်အလက်တွေအပေါ် ဆောင်ရွက်တယ်ထားဦး။ ကျွန်မတို့လို ဘာမှ မချိုးဖောက်တဲ့ သူကို ဂရိတ်ချတာက နားမလည် နိုင်ဘူး။ ကျွန်မက လစာဝင်ငွေကို မှီခိုပြီး ကျောင်းတက်ဖို့ ကြိုးစားတာ၊ အခုလို ဖြတ်ထောက်တော့ ဘယ်လို အခက်အခဲတွေရင်ဆိုင်ရမလဲ ဆိုတာ မခန့်မှန်းနိုင်ဘူး “ လို့ အမျိုးသမီး အလုပ်သမားက Myanmar Labour News ကို ပြောဆိုထားပါတယ်။
 
Xinda Home Textile (Myanmar) Co;Ltd အထည်ချုပ်ရုံကတော့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာ စက်မှုဇုန် ၁ ၊ စက်မှုဇုန်လမ်းသွယ် ၆ ၊ ကန်သာယာမှတ်တိုင်အနီးမှာ လုပ်ငန်းလည်ပတ် လုပ်ကိုင် နေတယ်လို့ Myanmar Labour News ရဲ့ အချက်အလက်မှတ်တမ်းတွေ အရ သိရပါတယ်။ စက်ရုံအတွင်း အလုပ်သမား ၂၀၀၀ လုပ်ကိုင်ပြီး အနွေးထည်၊ ဂျာကင် အများစု ကို ချုပ်လုပ်နေယ်လို့ Myanmar Labour News က သိထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026