NEWS

Xinda Home Textile Garment စက်ရုံမှအလုပ်သမားများလိင်ပိုင်းဆိုင်ရာစော်ကားခံနေရတဲ့အပြင် ဥပဒေမဲ့ဖိအားပေးအလုပ်ထုတ်ခံရမှု့များရှိနေ

CoverLogo
3.8K Views

ရန်ကုန်မြို့ရွှေပြည်သာမြို့နယ်၊ထဲမှာလုပ်ကိုင်နေတဲ့တရုတ်နိုင်ငံသားပိုင် Xinda Home Textile  စက်ရုံမှာအလုပ်သမားများကိုလိင်ပိုင်းဆိုင်ရာနှေင့်ယှက်စော်ကားတာတွေအပြင်အကြောင်းမဲ့သက်သက်ဖိအားပေးအလုပ်ထုတ်ပယ်တာမျိုးတွေရှိနေတယ်လို့နစ်နာသူတွေက MLN ကိုပြောပါတယ်။

"မြန်မာမိန်ကလေးတချို့ကိုကျူးလွန်ပြစ်မှားပြီးအနည်အငယ် ​လျော်ကြေးပေးတယ်ပေါ့။ ပြီးတော့ အလုပ်သမားအသစ်တွေကိုခေါ်ပြီးသုံးလအထိပါမစ်နစ်မခန့်တာတွေရှိတယ်"လို့စက်ရုံရဲ့လိင်ပိုင်းဆိုင်ရာစော်ကားမှု့ခံခဲ့ရတဲ့နစ်နာသူအလုပ်သမတဦးက MLN ကိုပြောပါတယ်။

ဒီလိုဥပဒေမဲ့လုပ်ရက်တွေအပြင် မသန့်ရှင်းတဲ့ အိမ်သာရေကိုသာသုံးစွဲနေရတာကြောင့် ဒီစက်ရုံမှာလုပ်တဲ့အလုပ်သမားတွေအနေနဲ့ကျန်းမာရေးထိခိုက်တာတွေရှိတယ်လို့လဲသိရပါတယ်။

ဒါ့အပြင် "Xinda Home Textile  စက်ရုံမှာ ကျွန်တော်ကစက်ပြင်နဲ့အလုပ်လုပ်ကိုင်လာတာ ၂နှစ်နီးပါးခန့်ရှိပါပြီ။ (နိုဝင်ဘာ ၁၄) ရက်နေ့မှာ ကျွန်တော်အလုပ်လုပ်တဲ့စက်ရုံမဟုတ်ဘဲ ယခုသူ‌ဌေးပိုင်စက်ရုံခွဲမှာစက်ပြင်အနေနဲ့ (3)လသွားရောက်လုပ်ကိုင်ရမည်ဟုတရုတ်အမျိုးသမီးခေါ်ပြောပါတယ်။ကျွန်တော်ကသွားဖို့ ငြင်း​တော့  နို့တစ် ၁ လပေးမယ်နို့တစ်ပြည့်ရင်အလုပ်ထွက်ရမည်ဟုပြောခဲ့ပြီးကျွန်တော်ကအပြစ်မရှိပဲနို့တစ်ပေးခံရတာရှက်သည့်အတွက်(နိုဝင်ဘာ ၁၆)ရက်နေ့တွင်အလုပ်မှထွက်ခဲ့ရပါတယ်"လို့အလုပ်ထုတ်ခံလိုက်ရတဲ့အလုပ်သမားတဦးက MLN ကိုပြောပါတယ်။

အဆိုပါစက်ရုံပိုင်ရှင်မှာစစ်ကောင်စီရဲ့မြန်မာနိုင်ငံကုန်သည်နဲ့စက်မှု့လက်မှု့အသင်းချုပ်UMFCCIရဲ့အသင်းဝင်တဦးလဲဖြစ်တယ်လို့သိရပါတယ်။

"အဲ့ဒီ့စက်ရုံက၀န်ထမ်းများကိုဖိအားအမျိုးမျိုးပေးမှုကြောင့်လည်းထွက်သွားတဲ့အလုပ်သမားတွေလဲရှိတယ်အလုပ်ရှင်တွေကတော့ နိုင်ငံ‌‌ရေးအခွင့်‌ကောင်းယူကာဥပဒေမဲ့လုပ်ချင်တိုင်လုပ်‌နေတာပဲ"လို့အဆိုပါစက်ရုံဝန်ထမ်းတဦးကပြောပါတယ်။

အလုပ်ရှင်များအနေနှင့်နိုင်ငံရေးအခြေအနေကိုအခွင့်ကောင်းယူပြီးအလုပ်သမားတွေအပေါ်ဥပဒေမဲ့အလုပ်ကထုတ်ပယ်တာတွေကိုယခုလိုစစ်အာဏာသိမ်းပြီးကာလနောက်ပိုင်းမှာပိုမိုလုပ်ဆောင်နေကြတယ်လို့အလုပ်သမားတွေကပြောပါတယ်။

အဆိုပါအလုပ်ပါအခွင့်အရေးချိုးဖောက်ခံရမှု့အပေါ်နစ်နာခဲ့တဲ့အလုပ်သမားတွေအနေနဲ့ မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(IWFM)ကိုတိုင်ကြားထားတယ်လို့သိရပါတယ်။ 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026