NEWS

XIN YUAN FU ZHUANG အထည်ချုပ်စက်ရုံ ခွင့်ခံစားခွင့်များ မပေးဘဲ ဖြတ်တောက်

CoverLogo
396 Views
 
XIN YUAN FU ZHUANG အထည်ချုပ်စက်ရုံ က ခွင့်ရက်အတွက် ခံစားခွင့်မပေးဘဲ ဖြတ်တောက်နေတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ်( IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် တခြားဌာနနဲ့ စက်လိုင်း အလုပ်သမားတွေကြား ခွဲခြားဆက်ဆံနေတယ်လို့လည်း သိရပါတယ်။
 
“စက်ချုပ်က ဒေးကြေး ၁၀၅၀၀၊ တခြားဌာနကို ၈၀၀၀ ပဲပေးတယ်။ စက်လိုင်းနဲ့တ ခြားဌာနတွေကို အဲ့လို ခွဲခြားထားတယ်။ နောက် တစ်ရက်ပျက်တာနဲ့ ၂၅၀၀၀ ဖြတ်တယ်။ နှစ်ရက်ပျက် တာနဲ့ ၅၀၀၀၀ လုံး အကုန်ဖြတ်တယ်။ ကျွမ်းကျင်ကြေးတွေလည်း ဖြတ်တယ်။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း နိုင်ငံခြားသားတွေက တိုက်ရိုတ်အုပ်ချုပ်ပြီး အထည်စံချိန်ကို ဖိအားပေးတောင်းဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် အထည်စံချိန်မရပါက အော်စူပါ ၊ စူပါ တွေက ဆဲဆို အော်ဟစ်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံမှာနိုင်ငံခြားသားရော၊ ပိုင်ရှင်ကပါ တိုက်ရိုက်အုပ်ချုပ်တယ်။ လုပ်ငန်းခွင်ထဲမှာ အဲ့နိုင်ငံခြားသားတွေက အော်ဟစ် ဆဲတယ်။ စံချိန်တောင်းတယ်။ မရဘူးဆိုတာနဲ့ အော်စူပါ ၊ စူပါ တွေက အော်ဟစ်ပြီး ဆဲနေတာ” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း အသက်မပြည့်သည့် အလုပ်သမားတွေကို ခိုင်းစေတဲ့ အပြင် မကျန်းမာတာ၊ နေထိုင်းမကောင်းတာ၊ လုပ်ငန်းခွင်အတွင်း ထိခိုက်တာတွေအတွက် ဆေးပေးခန်းနဲ့ သူနာပြု တွေ ထားပေးတာမရှိသလို့ ခွင့်ယူပါကလည်း အလွယ်တကူမရဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ လုပ်ငန်းခွင်မှာ ပန်ကာ နဲ့ သန့်စင်ခန်းတွေ မလုံလောက်တာကြောင့် ကျန်းမာရေး ပြဿနာတွေ ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံထဲမှာ ကျန်းမာရေး မကောင်းဖြစ်တာလည်း မပြောပါနဲ့။ စက်ရုံမှာ အပူဒဏ်က တအားခံစားရတယ်။ အိမ်သာတွေဆို မလုံလောက်ဘူး၊ သန့်ရှင်းမှု မရှိဘူး။ အဲဒါတွေနဲ့ အလုပ်သမားတွေ ခဏခဏ နေမကောင်းဖြစ်ကြတာ” လို့ ပြောပါတယ်။
 
ဒါ့အပြင် သန့်စင်ခန်းသွားဖို့ အလုပ်သမားတွေမှာ လက်မှတ်ထိုးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ တရုတ်နိုင်ငံသားပိုင် XIN YUAN FU ZHUANG COMPANY LIMITED အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်းဗန်းစက်မှုဇုန် ၊ ယောအတွင်းဝန်ဦးဖိုးလှိုင်လမ်းမှာ လုပ်ငန်းလုပ်ကိုင်နေတယ်လို့ သိရပါတယ်။ စက်ရုံမှာ လုပ်သား ၅၀၀ ကျော်က LCWAIKIKI CLASSIC , MS mode တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026