NEWS

Xin Rui စက်ရုံမှာ အလုပ်သမား၅ဦးအား ဥပဒေမဲ့ အလုပ်ထုတ်

CoverLogo
733 Views

Xin Rui Co, Ltd အထည်ချုပ်စက်ရုံ အလုပ်သမား ၅ ဦးကို ဥပဒေမဲ့ အလုပ်ထုတ်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

အလုပ်သမားညွှန်ကြားရေး ဦစီးဌာန (အလရ) ဦးစီးမှူးရဲ့ ညွှန်ကြားချက်ကို ဆန့်ကျင်ပြီး အခုလို အလုပ်ထုတ်ခဲ့တာလို့ သိရပါတယ်။ 

“အလုပ်ဝင်ချိန် ၈ နာရီ  ၊ အဲဒါကို ၁၅  မိနစ်အလို ဘဲလ်တီးပြီးတယ်။ ခေါင်းဆောင်တွေ လီတာတွေက မီတင်ဆိုပြီး  စကားပြောကြတယ် ။ တပတ်ဆိုရင် ၁ နာရီခွဲ ၊ တလဆို ၆ နာရီ ။ ၅၄၀၀ အလုပ်သမားက နစ်နာနေပြီ။ လုပ်အား ကို ခေါင်းပုံ ဖြတ်တာ” လို့ ပြောပါတယ်။

အလုပ်ချိန် ၁၅ မိနစ်ကြိုတင်ခေါ်တာနဲ့ ပတ်သက်ပြီး အလုပ်သမားတွေက အလရဦးစီးအရာရှိဆီကို တိုင်ကြား ခဲ့ရာမှာ အောက်တိုဘာ ၂၂ ရက် နောက်ဆုံးထား မလုပ်ဖို့ကို  စာထုတ်ပြန်ခဲ့ပြီး လူမြင်ကွင်းမှာ   ကပ်ထားဖို့ မှာကြားခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ ၂၂ ရက်နေ့ ညနေ ၄  နာရီလောက်မှာ QC ၊Packing ၊Iron ဌာနတွေက အလုပ်သမား ငါးဦးကို ရုံးပေါ်ခေါ် တယ်။ နို့တစ်ကြေးတစ်လစာနဲ့  ရဖို့ရှိတဲ့ လစာ ပေးတယ်။ ပြီးတော့ အလုပ်ထုတ်တာကို လက်မှတ်ထိုးခိုင်းတယ်။ ” လို့ ပြောပါတယ်။  

အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကတော့ စက်ရုံဘက်က ပေးတဲ့ ငွေကြေးတွေကို လက်မခံဘဲ  အလုပ်သမား ရုံးကို တိုင်ကြားခဲ့တယ်လို့လည်း သိရပါတယ်။

Xin Rui Co., Ltd စက်ရုံမှာ စက်တင်ဘာ ၆ ရက် နေ့လယ်ပိုင်းမှာ ဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ အလုပ်သမားတွေ အတွက် ထောက်ပံ့ကြေး တိုးမပေးလို့  အလုပ်သမားတွေ က လုပ်ငန်းခွင် အလုပ်ရပ် တောင်းဆိုခဲ့တယ်လို သိရပါတယ်။ 

“ထမင်းစားနားချိန်မှာ လုပ်ငန်းခွင် မဝင်ဘဲ ထောက်ပံ့ကြေး ပေးဖို့ တောင်းဆိုခဲ့တယ်။ Packing၊ Iron၊ Snak, QC ဌာနက အလုပ်သမားတွေလည်း ပါတယ်။  စက်ရုံမှူးက ထောက်ပံ့ကြေး မပေးနိုင်ဘူး၊  ကြိုက်တဲ့နေရာ သွားတိုင်ဆိုပြီး အပြင် မောင်းထုတ်ခဲ့တယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

အလုပ်သမားတချို့က ထောက်ပံ့ကြေးအတွက် အလုပ်သမားရုံးကို တိုင်ကြားခဲ့ပေမဲ့ ပြောင်းလဲမှုမရှိခဲ့သလို တောင်း ဆိုမှုပြုလုပ်ခဲ့တဲ့ အလုပ်သမားတွေလည်း လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ခွင့်ရခဲ့တယ်လို သိရပါတယ်။ 

Xin Rui Co., Ltd  အထည်ချုပ်စက်ရုံက လှိုင်သာယာမြို့နယ်၊ ဆရာရှမ်းလမ်း၊ ရွှေလင်ဗန်းစက်မှုဇုန်မှာ ရှိပြီး လုပ်သား ၄၀၀ ကျော်နဲ့  OVS အမှတ်တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါ တယ်။


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026