NEWS

ရိုင်းစိုင်းစွာဆဲဆိုခိုင်းစေမှုတွေကြောင့် အခက်တွေ့နေရတယ်လို့ဆို

CoverLogo
792 Views
လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ပြင်စည်မင်းသားကြီးလမ်း မှာ ဖွင့်လှစ်ထားတဲ့ Guang Ming Garment အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ စူပါတွေရဲ့အကြမ်းတမ်းဆုံးဆဲဆိုခိုင်းစေမှုတွေကြောင့် စိတ်ဆင်းရဲစွာ လုပ်ကိုင်နေကြရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
" ခုဟာကတော်တော်ကိုဆိုးပါတယ်။ ဆဲတာဆိုတာမှမတရားဆိုးဆိုးရွားရွားကိုဖြစ်နေလို့ လှမ်းပြောရတာပါ။ အလုပ်ကိစ္စပြောတာပဲ ငြင်ငြင်သာသာပြောလို့ရတာပဲကို ဖေ..တွေ၊ ဖာ…မတွေဆိုပြီးအဲလိုကြမ်းကြမ်းတမ်းတမ်းကြီးအရမ်းကိုဆဲလွန်းလို့မို့ပါ" လို့ အလုပ်သမားတစ်ဦးကဆို ပါတယ်။
 
အဆိုပါစက်ရုံက အချိန်ပိုခေါ်ယူရာမှာည ၆နာရီခွဲပုံမှန်ခေါ်ပေမဲ့ ၇နာရီထိခေါ်တာ​ဖြစ်ပြီး စံချိန်မပြည့်လို့အချိန်ပိုဆင်းရမှုအတွက်ကိုတော့ အချိန်ပိုကြေးမရဘူးလို့လည်းသိရပါတယ်။
 
" နေ့ဆိုပုံမှန်လေးခွဲလွှတ်စေချင်တာမလွှတ်ဘူး ည၇နာရီအထိခေါ်တယ်။ တနင်္ဂနွေ ဆိုရင်လည်း အထည်မနိုင်ရင်လာဆင်း အချိန်ပိုကြေးတော့မရဘူး။ သူတို့ဘက်ကတရား၀င်ခေါ်မှ အချိန်ပိုကြေးပေးတယ်။ အထည်မနိုင်ရင်တော့ ကိုယ့်ဟာကိုလာဆင်းကားခရောကိုယ့်ဟာကိုယ်ပဲ" လို့ ဆိုပါတယ်။
 
ဒါ့အပြင်အဲဒီစက်ရုံမှာ အသက်မပြည့်သေးတဲ့ကလေးလုပ်သားများရှိပြီး နေ့စားအဖြစ်ခေါ်ယူခိုင်းစေရာမှာ ချိန်ပိုဆင်းရပါကဖယ်ရီခအဖြစ် ကျပ် ၅၀၀ ဖြတ်တောက်မှုတွေလည်းရှိသလို လိုအပ်လို့ည၁၀နာရီအထိအချိန်ပိုခေါ်ယူပါကလည်း ဖယ်ရီကိုအိမ်အထိမပို့ဘဲ လမ်းတစ်ဝက်အထိသာပို့ဆောင်ပေးတာတွေကြောင့် အလုပ်သမားတွေဟာ ညအချိန်မတော်လမ်းလျှောက်အိမ်ပြန်ရတာတွေလည်းရှိတယု့်လို့ သိရပါတယ်။
 
"ကျွန်မတို့ကို QC တွေက မနက်တိုင်းမီတင်ခေါ်တယ်။ ပြောတာဆိုတာက အရမ်းပဲ။ ကျွန်မတို့မြန်မာတွေက မနက်မိုးလင်းရင်မင်္ဂလာသတင်းစကားပဲကြားချင်ကြတာ။ အဲလိုဆိုတနေကုန်အဆင်ပြေတဲ့သဘောပေါ့။ ခုက မနက်မိုးလင်းတာနဲ့ အို ကိုယ်တွေတောင်ပြောမထွက်တဲ့စကးလုံးတွေနဲ့ဆဲဆိုကြိမ်းမောင်းနေတာ။ ဟိုနေ့ကဆို ရင် တစ်နေကုန်သုံးကြိမ်တောင်ပဲ။ ကိုယ်ထိလက်ရောက်လုပ်တော့မဲ့အထိကို ဖြစ်သွားတာ။ ထိရင်လည်းဘယ်သူမှမခံတော့ဘူး။ ခုကမခံနိုင်တော့တာပြောတာဆိုတာကြီးက ပက်ပက်စက်စက်ကြီး။ မကြား ရဲကြတော့ဘူး။ ကျွန်မလည်းထွက်ဖို့လုပ်နေတယ်။ အခြားကလေးတွေလည်း ထွက်ဖို့ပြောနေကြတယ်။ ဆဲဆိုသံတွေ မကြားရဲကြတော့တာ။ ဒါပေမဲ့မထွက်ခင်မှာ ပြောင်းလဲမှုလေးဖြစ်လာမလားလို့ ထုတ်ဖော်ပြောဆိုတာပါ'" လို့ အမည် မဖော်လိုတဲ့ အလုပ်သမားကဆိုပါတယ်။
 
အလုပ်သမားများအနေနဲ့ အချိန်ပိုကိုညအထိခေါ်ယူပါက အလုပ်သမားဆန္ဒသဘောတူညီမှုဖြင့် ဆင်းခိုင်းစေလိုခြင်း၊ နေ့စားအလုပ်သမားများထံက ဖယ်ရီခအဖြစ်ကျပ်၅၀၀ဖြတ်တောက်ခြင်းနဲ့ အရိုင်းစိုင်းဆုံးစကားလုံးတွေနဲ့ဆဲဆိုခြင်းတွေအတွက် အလုပ်သမားအချို့က အလုပ်ထွက်ဖို့အထိပြင်ဆင်နေကြတာကြောင့် ပြုပြင်ပြောင်းလဲစေလိုတယ်လို့ ဆိုပါတယ်။
အဆိုပါစက်ရုံကတရုတ်နိုင်ငံသားပိုင်ဆိုင်ကာ အလုပ်သမား၅၀၀ ကျော်ဖြင့်လည်ပတ်နေတာဖြစ်ပြီး နိုင်ငံခြားအပ်ထည်တွေနဲ့ ကိုယ်တိုင်အထည်တွေကို ချုပ်လုပ်နေတာလို့ သိရပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026