NEWS

Win Land အထည်ချုပ်စက်ရုံအလုပ်သမားများ အလုပ်ချိန် ၇ နာရီ တဆက်တည်း လုပ်ကိုင်နေရ

CoverLogo
410 Views
 
Win Land Co,.Ltd ပိုင် အထည်ချုပ် စက်ရုံ မှာ နေ့လယ် ထမင်းစားပြီးကတည်းက အလုပ်ဆင်းချိန်အထိ အလုပ်ချိန် ၇ နာရီ တဆက်တည်းလုပ်ကိုင်နေရတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေ က ပြောပါတယ်။
 
“စက်ရုံ အလုပ်ချိန်က မနက် ၈နာရီကနေ ည ၇ခွဲ အထိ။ ထမင်းစားချိန် နေ့လယ် ၁၂ နာရီမှာ နားပြီး၊ ၁၂ ခွဲကတည်းက ညဘက်၇ခွဲ အထိ အနားမပေးဘဲ တောက်လျှောက် လုပ်ခိုင်းတယ်” လို့ ပြောပါတယ်။
 
ဒါ့အပြင် မနက် ၈နာရီမှာ အလုပ်စချိန် ဖြစ်ပေမဲ့ စက်ရုံဘက်က ၁၀ မိနစ် စောဝင်ခိုင်း ပြီး အစည်းအဝေး ပြုလုပ်လေ့ ရှိတယ်လို့ ဆက်ပြောပါတယ်။ ဥပဒေမှာ ခွင့်ပြုထားတဲ့ ခွင့်ရက်နဲ့ ခွင်ခံစားခွင့်တွေကို စက်ရုံဘက်က ခွင့်မပြုဘဲ ရက်ပျက်လို့ လုပ်ခလစာ ဖြတ်တောက်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ခွင့်ရက်လည်းမရဘူး၊ ခွင့်ခံစားခွင့်လည်း မရဘူး။ လူမှုဖူလုံရေးကြေး လတိုင်း အဖြတ်ခံရတယ်။ ဒါလည်း ဆေးခွင့်မရဘူး။ ကဒ်လည်း မရဘူး။ အလုပ်တစ်ရက်ပျက်တာနဲ့ ဒေးကြေး ၊ ရက်မှန်ကြေး အကုန်ဖြတ်တယ်။ ငါးသောင်းလောက် အဖြတ်ခံရတာပါ” လို့ ပြောပါတယ်။
 
အလုပ်သမား ၅၀ ကျော် ချုပ်နေတဲ့ စက်လိုင်းကို တနာရီ အထည်စံချိန် ၁၅၀ ကနေ ၃၅၀ အထိ အောစူပါနဲ့ စူပါတွေက တောင်းပြီး မပြည့်ပါက ဆဲဆို ရိုင်းဆိုင်းစွာ ပြောဆိုပြီး အချိန်ပိုဆင်းဖို့ အတင်းအကျပ် ဖိအားပေးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ တောင်းတဲ့ အထည်စံချိန်တွေ မပေးနိုင်ရင် အောစူပါ၊စူပါ တွေက ဆဲတယ်။ အခု မန်နေဂျာသစ် ရောက်လာမှ ဖက်နဲ့ရှင်(Finishing) ဌာန စူပါက ပိုပြီး ဆဲတယ်၊ ရိုင်းစိုင်းတယ်။ တနင်္ဂနွေနေ့တွေတိုင်း မနားဘူး၊ အချိန်ပို ဆင်း ရတယ်။ နေမကောင်းလို့ မဆင်းချင်လည်း မဆင်း မနေရ ဖိအားပေး ဆင်းခိုင်းတယ်။ အခါကြီး ရက်ကြီးတွေ လည်း ဆင်းရတယ်။ မဆင်းတာနဲ့ အငြိုးအတေးထားတယ်၊ ခွဲခြားဆက်ဆံတယ်” လို့ ပြောပါတယ်။
 
စက်ရုံ သောက်သုံးရေမှာ အနံရှိနေလို့ အလုပ်သမားတွေ သောက်ရေ အဆင်မပြေတာနဲ့ ကြိုပို့ ယာဉ်တွေ မလုံလောက်မှုကြောင့် အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင် အတွင်း အခက်အခဲ ပေါင်းစုံ ကြုံတွေရပေမဲ့ စက်ရုံရဲ့ WCC အဖွဲ့ကတော့ ဖြေရှင်းဆောင်ရွက် ပေးတာမရှိဘူးလို့ သိရပါတယ်။
 
“ WCC အဖွဲ့ဝင်တွေကို အလုပ်သမားတွေက ရွေးချယ်ခဲ့တာမဟုတ်ဘူး။ အလုပ်ရှင်က ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်ကို အလုပ်သမားတွေက မဲပေးခဲ့ရတာပါ။ အဲ့ဒီ WCC က လုပ်ငန်းခွင် အခက်အခဲ့တွေကို ဖြေရှင်း ပေးတာ မရှိတော့ဘူး” လို့ ပြောပါတယ်။
 
Win Land Co,.Ltd စက်ရုံမှာ အလုပ်သမား ၆၅၀ကျော် လုပ်ကိုင်နေပြီး တရုတ်နိုင်ငံသားပိုင်ဆိုင်တဲ့ စက်ရုံလို့ သိရပါတယ်။ စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်မှာ မြသရီဖီလမ်းနဲ့ မြခွာညိုလမ်း ထောင့် မှာ ရှိပြီး FB Sister, Workman တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026