NEWS

Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်

CoverLogo
231 Views
 
Win Land Co.,Ltd ပိုင် အထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင်စစ်ဆေးရေး လာရောက်မယ်ဆိုပြီး ကြိုတင် အသိမပေး ဘဲ အလုပ်တစ်ရက်ပိတ်ခဲ့ပြီး အဲဒီပိတ်ရက်အတွက် နားရက်ကို ရက်စားဆင်းခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ မတ်လ ၄ ရက်မှာ စက်ရုံပိတ်ခဲ့တာဖြစ်ပြီး မတ်လ ၈ ရက် တနင်္ဂနွေနေ့ကို ရက်အစားဆင်း ခိုင်းခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“တနင်္ဂနွေနေ့မှာ အစားပြန်ဆင်းဖို့ မန်နေဂျာက ပြောတယ်။ မဆင်းပေးရင် ဒေးကြေး၊ ရက်မှန်ကြေး ဖြတ်မယ် ပြောတယ်။ တကယ်ဆိုရင် တနင်္ဂနွေနေ့က လုပ်ခ နှစ်ဆပေးရမှာ ၊ ဒေးကြေးပဲပေးပြီး လုပ်ခိုင်းတော့ အလုပ်သမားတွေ နစ်နာတာပေါ့” လို့ ပြောပါတယ်။
 
စက်ရုံဖွင့်လှစ်တာ တနှစ်နီးပါး ရှိနေပြီး တရုတ်နိုင်ငံသားပိုင်ဆိုင်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဥပဒေမှာ ပြဌာန်းထားတဲ့ ရှောင်တခင်ခွင့်၊ စက်ရုံဘက်က ဆေးခွင့် ခံစားခွင့်မပေးဘဲ ရက်ပျက်သတ်မှတ် လုပ်ခလစာ ဖြတ်တောက်တဲ့ အပြင် ကိုယ်ဝန်ဆောင်အလုပ်မသားတွေကို အလုပ်ထုတ်ထုတ်ခဲ့တယ်လို့ ပြောပါတယ်။
 
“ခွင့်မပေးဘဲ အလုပ်တစ်ရက်တာနဲ့ ဒေးကြေး၊ ရက်မှန်ကြေး အဖြတ်ခံရတယ်။ လူမှုဖူလုံရေးကြေး လတိုင်း ဖြတ်တယ်။ ဒါပေမဲ့ ကိုယ်ဝန်ရှိတဲ့ အလုပ်သမားတွေဆို အလုပ် ထုတ်တယ်။ ခွင့်မရလို့ အလုပ်ပျက်တဲ့ အလုပ်သမားကို စက်လိုင်း အောစူပါက ဆဲတယ်၊ မန်နေဂျာဆီမှာ ဝမ်တိမ် ထိုးခိုင်းတာ” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်းက စာရေးမတွေ၊ စူပါတွေကို အများရှေ့မှာပဲ အဲဒီ အောစူပါက မကြားဝင့်မနာသာ ရိုင်းစိုင်းစွာ ပြောဆိုတယ် လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ မိသားစုအရေးအတွက် ဂိတ်ပတ်စ်ယူရာမှာ ခွင့်မဲ့ သတ်မှတ်ပြီး ရက်ပျက်စာရင်း ထည့်ခဲ့တယ်လို့အလုပ်သမားတွေက ပြောပါတယ်။
 
“မိသားစုအရေးပေါ် နာရေးဖြစ်လို့ မနက်၁၁နာရီ ဂိတ်ပတ်စ် ယူပြီးပြန်တာ၊ မနက်၁၂နာရီအထိ အလုပ် မဆင်းလို့ ခွင့်မဲ့ ရက်ပျက်စာရင်း ထည့်တယ်။ ၁၁ နာရီအထိလုပ်ထားတဲ့ လုပ်အားခကို ခေါင်းပုံဖြတ်ခဲ့တယ်။ ခွင့်မဲ့ ဖြစ်တော့ ရက်မှန်ကြေး၊ ဂရိတ်ကြေး၊ ဒေးကြးတွေပါ နစ်နာတာ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း အလုပ်သမားတစ်ဦး ကျန်းမာရေးမကောင်းလို့ စက်ရုံဘက်က ဂိတ်ပတ်စ်ကို မပေးခဲ့ဘဲ အခြေအနေဆိုးဝါးလာမှ နေအိမ် ပြန်လွတ်ခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ ကျန်းမာရေး မကောင်းလို ကိုယ်ပိုင်အစီအစဉ်နဲ့ နေအိမ်ပြန်ရပြီး အလုပ်ရှင်ဘက်ကတာဝန်ယူ ဆောင်ရွက်ပေးတာ မရှိဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် အချိန်ပို ညဆိုင်းဆင်းခိုင်းပြီး မဆင်းနိုင်တဲ့ အလုပ်သမားတွေကို ဥပဒေမဲ့ အရေးယူတယ်လို့လည်း သိရပါတယ်။
 
“အချိန်ပိုတွေဆို အတင်း လက်မှတ်ထိုးခိုင်းတာ။ Finishing၊ ပါကင်၊ စတို၊ မီးပူ၊ Finishing QC တွေဆို ညအချိန်ပိုတွေ ဆင်းခိုင်းတယ်၊ မဆင်းတဲ့ အလုပ်သမားတွေဆို အလုပ်ထုတ်တယ်၊ ကျွမ်းကျင် ကြေမပေးဘူး ၊ မပေးလို့တိုင်တော့ အလုပ်ထုတ်တယ်လို့” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Win Land Co.,Ltd စက်ရုံမှာ အလုပ်သမား၇၀၀ နီးပါးလုပ်ကိုင်နေပြီး be power တံဆိပ်အထည်တွေ ချုပ်လုပ်နေတာပါ။ စက်ရုံကတော့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ၊ မြသရီဖီလမ်းနှင့် မြခွာညိုလမ်းထောင့်မှာ ဖွင့်လှစ်ထားပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026