NEWS

Win Land Co,.Ltdစက်ရုံ မန်နေဂျာမှာ အလုပ်သမားများအား ရိုင်းစိုင်းစွာ ဆဲဆို

CoverLogo
303 Views
 
Win Land Co,.Ltdစက်ရုံ မန်နေဂျာ ဆိုသူက လက်အောက်ဝန်ထမ်း အလုပ်သမာတွေကို ရိုင်းစိုင်းစွာ ဆဲဆို ခိုင်းစေပြီး တာဝန်မဟုတ်တဲ့ သီးခြားအလုပ်တွေကို ခိုင်းစေနေတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။
 
“ HR မန်နေဂျာက စာရေးမတွေ ပြောခိုင်းတာက ရိုင်းဆိုင်းတယ်။ -ာသယ်မလို့ အော်ကြီး ဟစ် ကျယ် ဆဲတယ်။ စာရေးမတွေက စာရင်းဇယား အလုပ်ကို အာရုံစိုက်ရတာ။ မှားတော့လည်း ဝမ်ထိန်ထိုးခိုင်းပြန်တယ်။ ပြီးတော့ ချည်မွှေးညှပ်၊ ခဲဆွဲ၊ မီးတို့၊ စက်ချုပ်၊ အစွန်းချွတ်၊ မီးပူ တိုက်၊ အထည်စံချိန်တောင်း အကုန်ခိုင်းတယ်။ အချိန်ကြာရင်လည်း ကြိမ်မောင်းတယ်” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင် စူပါနဲ့ အောစူပါတွေက အထည်စံချိန် အတင်းအကျပ် ဆဲဆို တောင်းပြီး အထည်စံချိန်မပြည့်လို့ဆိုပြီး ရပိုင်ခွင့်တွေ ဖြတ်တောက်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်သမားတွေ မချုပ်လုပ်နိုင်တဲ့ အထည်စံချိန်ကို တစ်နာရီ ၂၀၀ တောင်းတယ်။ စံချိန်မပေးနိုင်ရင် အောစူပါ၊ စူပါတွေက ဆဲတယ်၊ ရိုင်းဆိုင်းတဲ့ စကားပြောတယ်။ သတ်မှတ် စံချိန်မပြည့်ရင် ကျွမ်းကျင်ဆုကြေး ဖြတ်တယ်။ ပယ်ကျရင် အလုပ်ပိတ်ရက် တနင်္ဂနွေ နေ့ကို ပိုက်ဆံမပေးဘဲ ခေါ်ခိုင်းတယ်။ အဲ့ဒီ အချိန် မဆင်းရင်လည်း စူပါ၊ အောစူပါတွေက လစာမမေးဘူးဆိုပြီး ခြိမ်းခြောက်တယ်” လို့ ပြောပါတယ်။
 
ဒါ့အပြင် အလုပ်ရှင်အလုပ်သမားများ နှစ်ဦးသဘောတူ ECစာချုပ်တွေ ချုပ်ဆိုမပေးဘဲ ဂိတ်ပတ်စ်နဲ့ နေအိမ်ပြန်သူတွေကိုပါ လုပ်ခလစာ ဖြတ်တောက်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ EC စာချုပ်တွေ မချုပ်ပေးဘူး၊ စာချုပ်မှာ ဘယ်လို စည်းကမ်းသတ်မှတ်ချက်လဲ့ ဆိုတာမသိရဘူး။ အကြောင်းကိစ္စရှိလို့ ဂိတ်ပတ်စ်နဲ့ ပြန်ရင် ။ ညပိုင်းလောက်မှ ပြန်တာတောင် ဒေးကြေးထဲက ၅၈၀၀ ဖြတ်တယ်။ အလုပ်တစ်ရက်တာတောင့် ထမင်းဖိုးဆိုပြီး ၃၀၀၀ ဖြတ်သေးတာ။” လို့ ပြောပါတယ်။
 
စက်ရုံအတွင်း WCC အဖွဲ့ ဖွဲ့စည်းထားပေမဲ့ အလုပ်သမားတွေရဲ့ အခက်ခဲကို ဖြေရှင်းပေးတာ ၊ ကာကွယ်ပေးတာ မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
Win Land Co.,Ltd စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင် စက်မှုဇုန်၊ မြသရီဖီလမ်းနှင့်မြခွာညိုလမ်းထောင့်မှာ ဖွင့်လှစ်ထားပြီး အလုပ်သမား ၆၅၀ ကျော် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး FB Sister, AMISU တံဆိပ် အတွင်းခံ၊ တီရှပ်၊ မိုးကာ အထည်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026