NEWS

WHN Garment ခွင့်ယူပါက ဂရိတ်ချ၊ ရက်မှန်ကြေး ဖြတ်၊ သရဲပူးသည်ဟုဆိုကာ ဝမ်တိန်ထိုးရ

CoverLogo
39 Views
 
WHN Garment အထည်ချုပ်စက်ရုံ အလုပ်သမားတွေ ခွင့်ယူပါက ကျွမ်းကျင်ဂရိတ်အဆင့် ချပြီးရက်မှန်ကြေး ဖြတ်တောက်တယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ဆီက သိရပါတယ်။
“ဘယ်လို ခွင့်ဖြစ်ဖြစ် ၊ တစ်ရက်ပျက်တာနဲ့ ရက်မှန်ကြေး ၅၀,၀၀၀ မရဘူး၊ ကျွမ်းကျင်ကြေး ဂရိတ်တွေချတယ်၊ A အဆင့်ကနေ့ B ကို ချတယ်၊ ၂ ရက် အလုပ်ပျက်ရင်တော့ ရထားတဲ့ ကျွမ်းကျင်အဆင့်ကို မပေးဘူး။” လို့ IWFM တာဝန်ရှိသူက ပြောပါတယ်။
 
စက်ရုံဘက် တရက်ခြား ညနက် အချိန်ပို ခေါ်ခိုင်းပြီး စက်ရုံမှာပဲ အိပ်ခိုင်းကာ မနက် ၅ နာရီမှ ဖယ်ရီပြန်ပို့တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံမှာ အလုပ်အရေးကြီးလို့ အချိန်ပိုခေါ်တိုင်း ဆင်းပေးရတယ်။ အချိန်ပို ဆက်တိုက်ဆင်းရတော့ အလုပ်သမားတွေ အလုပ်ပျက်၊ ဆေးခန်းသွားရတော့ ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေး၊ ဒေးကြေး အကုန် ဖြတ်ခံရတယ်။ အချိန်ပိုက ညနက် ၁၂ နာရီအထိ၊ စက်ရုံမှာပဲ အိပ်ခိုင်းတယ်။ ၅ နာရီပြန်ပို့တော့ ပတ်ကားနဲ့၊ အလုပ်ပြန်ဝင်ဖို့ ဖယ်ရီမီဖို့ မနည်းလုပ်ရတာ.” လို့ပြောပါတယ်။
 
ဒါ့အပြင် တနင်္ဂနွေ အလုပ်ပိတ်ရက်၊ အခြားရက်ကြီး အလုပ်ပိတ်ရက်တွေမှာ စက်ရုံက အချိန်ပို ဆင်းခိုင်းလို့ ဆန္ဒမပါလည်း ဆင်းနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပိုတွေ ရက်ဆင်းရလို့ အလုပ်သမားတွေ စိတ်ပိုင်းဆိုင် ရုပ်ပိုင်းဆိုင် ထိခိုက်ရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“အခု ၁၉ ရက်က စက်ရုံထဲမှာ သရဲဝင်းပူးတာတွေ ဖြစ်တယ်။ တစ်ယောက်ပြီး တစ်ယောက် ဝင်ပူးကြတာ၊ ဝင်ပူးတဲ့ အလုပ်သမားတွေကို စက်ရုံဆူအောင်လုပ်တယ်ဆိုပြီး ဝမ်တိန်ထိုးခိုင်းပါတယ်။ ထပ်ပြီး ဝင်ပူးရင် အလုပ် ထုတ်မယ် မှတ်ချက်နဲ့ လက်မှတ်ထိုးရတာ။ စူပါတွေလည်း ဒီလို လက်မှတ်ထိုးခိုင်းတာကို သိရှိကြောင်း လက်မှတ်ထိုးရတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ညဘက်တွေလည်း အချိန်ပိုတွေက ဆင်းနေရလို့ အလုပ်သမားတွေ ဒီလို ဖြစ်စဉ်မျိုး ဖြစ်ပွားမှာစိုးရိမ်တဲ့ အပြင် ဝမ်တိန်လက်မှတ် တိုးရမှာကိုပါ စိုးရိမ်နေတယ်လို့လည်း အလုပ်သမားတွေက ပြောထားပါတယ်။
 
WHN Garment မှာ အလုပ်သမား ၅၀၀ ဝန်းကျင်လုပ်ကိုင်နေပြီး အလုပ်သမား သမဂ္ဂ နဲ့ WCC အဖွဲ့တွေ ဖွဲ့စည်းထားတာ မရှိဘူးလို့ သိထားပါတယ်။ စက်ရုံက တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ‌ရွှေလင်ဗန်းစက်မှုဇုန် (2) ၊ ဆရာစံလမ်းမှာ ရှိပါတယ်။ လက်ရှိ ET VOUS, PROMOD, CALLOPE,PUNT တံဆိပ်တွေ ချုပ်လုပ်ထားတယ်လို့ သိထားပါတယ်။

Related posts

Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026
Cover
SANYAN OUTDOOR Co,. Ltd မှ လုပ်သားများ လုပ်ခလစာတိုးမြှင့်ရေးဆိုင်ရာ တောင်းဆိုမှုစတင်ပြုလုပ်နေ
Feb 23, 2026
Cover
Jie Sen Garment (Myanmar) စက်ရုံ အလုပ်သမား ၄၀ အား အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar LNY CAPS (1) စက်ရုံ ပုတ်ပြတ်လုပ်သားများအား အချိန်ပို ၆၁ နာရီ အဓမ္မခိုင်းစေနေ
Feb 23, 2026
Cover
Lat War (3) ပိတ်သိမ်းမည့် သတင်းထွက်ပေါ် ၊ အလိုလျှောက် အလုပ်ထွက်သွားရေး ဆောင်ရွက်နေ
Feb 23, 2026
Cover
Tanjin fashion milestone အထည်ချုပ် လူမှုဖူလုံရေးကတ်အား အလုပ်သမားကိုယ်တိုင် လုပ်ကိုင်ခိုင်း
Feb 22, 2026
Cover
New Fubon အထည်ချုပ် စက်ရုံ အချိန်ပို မဆင်းလို ရရှိပြီး ဆုကြေးများအား ဖြတ်တောက်
Feb 21, 2026