NEWS

W&F GROUP အထည်ချုပ်စက်ရုံ စစ်ဆေးရေး ဝင်ပြီးနောက် အချိန်ပို ဆက်ဆင်းခိုင်း

CoverLogo
1.1K Views

ရက်သတ္တပတ် တပတ်ကို နာရီ ၈၀ ကျော် အလုပ် လုပ်ကိုင်ခိုင်းစေနေတဲ့ W&F GROUP အထည်ချုပ် စက်ရုံ တာဝန်ရှိ သူတွေဟာ စက်ရုံကို အလုပ်သမားရုံး တာဝန်ရှိသူတွေ ဝင်ရောက်စစ်ဆေးပြီးနောက် ၃ ရက်ကြာမှာ အချိန်ပို ပြန်လည် လုပ်ကိုင် ခိုင်းနေတာ ၆ ရက်ရှိပြီလို့ စက်ရုံအလုပ်သမားတွေက ဇူလိုင်လ ၁ ရက်က ပြောပါတယ်။

 

“ ပြီးခဲ့တဲ့အပတ်က သောကြာ၊ စနေ၊ တနင်္ဂနွေ သုံးရက်လောက် နားလိုက်ရတယ် ။ တနင်္လာ အလုပ်ဆင်းတဲ့ ရက်ကစပြီး ည ၈ နာရီခွဲမှ ပြန်ရတယ်။ ဒီတပတ်ထည်းမှာပဲ အချိန်ပိုက ၂၅ နာရီ လုပ်ခဲ့ရတယ်။” လို့ စက်ရုံ အလုပ်သမား အမျိုးသမီး တစ်ဦးကပြောပါတယ် ။ 

 

SYLVIE MEIS အမှတ်တံဆိပ် အထည်တွေချုပ်လုပ်တဲ့ W&F GROUP CO.,LTD စက်ရုံမှာ တရက်ကို အလုပ်ချိန် ၁၂ နာရီနဲ့ ၇ ရက် တပတ်ကို နာရီ ၈၀ လောက် လုပ်ကိုင်နေရလို့ ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးအပတ်ထဲမှာ ရွှေပြည်သာမြို့နယ် အလုပ်သမားရုံးတာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

 

အဲဒီလို စစ်ဆေးခဲ့ပေမဲ့ စက်ရုံတာဝန်ရှိသူတွေက ၃ ရက်သာ အချိန်ပိုရပ်နားခဲ့ပြီးနောက် ဇွန်လ ၂၆ ရက်ကစလို့ ည ရှစ်နာရီခွဲအထိ လုပ်ကိုင်ခဲ့ရတယ်ဆို အလုပ်သမားတွေက ပြောပါတယ်။

 

“ အဲလို အချိန်ပိုပြန်လုပ်ရနေရတုန်းမှာပဲ ဇွန်လ ၃၀ ရက်မှာ အလည တိုင်းဦးစီးမှူးပါတဲ့ စစ်ဆေးအဖွဲ့က စက်ရုံ ကို လာ စစ်တယ်။ အဲ့နေ့မှာတော့ ည ၇ ခွဲအထိ ဆင်းရတယ်။ အဲ့ကနေ စနေအထိ ည ၇ ခွဲတွေ ဆက်ဆင်း ခဲ့ရတာ” လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။ 

 

အလုပ်သမားဥပဒေတွေအရ တပတ်အတွက် အလုပ်ချိန်နဲ့ အချိန်ပို စုစုပေါင်း နာရီ ၆၀ သာ လုပ်ကိုင်ခွင့်ပြုထားပြီး အချိန်ပိုအနေနဲ့ ၇ ရက် တပတ်ကို နာရီ ၂၀ သာ လုပ်ကိုင်ဖို့ သတ်မှတ်ထားတယ်လို့ အလုပ်သမားရေး ကူညီပေးသူ တဦးက ပြောပါတယ်။ 

 

အချိန်ပိုတွေ ဆက်တိုက်လုပ်ကိုင်နေရတာကြောင့် အလုပ်သမားတွေမှာ စိတ်ပိုင်း၊ ရုပ်ပိုင်း ကြံ့ခိုင်မှုအားနည်းလာတာကို အခုလို့ ပြောပြပါတယ်။ 

 

“ဒီလို ရက်ဆက် အချိန်ပို ဆင်းရတာ ၃ လ ကျော်လာပြီး ။ အလုပ်လုပ်ရတာ စိတ်လည်း မပါတော့ဘူး။ စက်ရုံ ဘက်က မလုပ်နိုင်တဲ့သူ မလုပ်နဲ့လို့ပြောတယ်။ ဒါပေမဲ့ ဖိအားတွေရှိတယ်။ ဝမ်းရေးလည်း ရှိတယ် ။ အချိန်မဆင်း လို့ ထွက်ချင်ထွက်ဆိုတာတွေကို စက်ရုံဘက်က ပြောတယ်။ ခေါင်းဆောင်တွေ ပြောဆိုတာတွေ၊ နောက် ခွဲခြားတာတွေက စိတ်အခန့်မသင့်ရင် ဘယ်လိုမှ အဆင်မပြေဘူး။ ပြီးတော့ လူက မလန်းဆန်း တော့ဘူး။”လို့ W&F GROUP စက်ရုံ အလုပ်သမားတစ်ဦးက ပြောဆိုပါ တယ်။

 

အချိန်များစွာ အချိန်ပိုလုပ်ကိုင်နေရတဲ့အကြောင်း အလုပ်သမားရုံးတာဝန်ရှိသူတွေကို မကြာခဏ တိုင်ကြားခဲ့လို့ ဝင်ရောက်စစ်ဆေးပေမဲ့ စက်ရုံဘက်က အပြောင်းအလဲမရှိသလို စက်ရုံတာဝန်ရှိသူတွေက အလုပ်နဲ့ပတ်သက် ပြီး ခြိမ်းခြောက်ပြောဆိုမှုတွေ ပိုများလာတယ်လို့လည်း ကိုယ်တိုင်ကြားသိခဲ့ရတဲ့ အလုပ်သမားတစ်ဦးက ပြောပါ တယ်။

 

W&F GROUP CO.,LTD ရဲ့ စက်ရုံကတော့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်၊ သံဒင်းလမ်းမှာ ရှိပြီး လုပ်သားအင်အား ၈၀၀ ဝန်းကျင်နဲ့ အထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

 

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026