NEWS

West wood အထည်ချုပ် စက်ရုံ လုပ်ခ တိုးတောင်းဆိုမှု လျှော်ကြေးပေး အလုပ်ထုတ်မည်ဟု အကြောင်းပြန်

CoverLogo
459 Views
 
West wood အထည်ချုပ် စက်ရုံ အလုပ်သမားတွေက လုပ်ခတိုးမြှင့်ရေး တောင်းဆိုမှုကို ညှိနှိုင်းခဲ့ရာ ပြီးမြောက်မှု မရှိသေးပေမဲ့ ဥပဒေအတိုင်းလျှော်ကြေးပေး အလုပ်ထုတ်မယ်လို့ စက်ရုံဘက်ကအကြောင်းပြန် ပြောဆိုထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“တောင်းဆိုထားတဲ့ လုပ်ခလစာတန်းတူရရှိဖို့ ညှိနှိုင်းမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့တာပဲ။ စက်ရုံကလည်း ဒီကနေမှ ၄ နာရီခွဲ အလုပ်ဆင်းပေးလိုက်တယ်။ အဲ့မှာ ညှိနှိုင်းမှု မပြီးတော့ဘူး။ နောက်ဆုံး စက်ရုံဘက်ကပြောတာကတော့ ဥပဒေအတိုင်း လျှော်ကြေးပေး အလုပ်ထုတ်မယ်လို့တော့ ပြောထားပါတယ်။” လို့ တောင်းဆိုမှုပြုလုပ်ရာမှာ ပါဝင်တဲ့ အလုပ်သမား တဦးက ပြောပါတယ်။
 
West wood အထည်ချုပ် စက်ရုံက စက်ချုပ် မဟုတ်တဲ့ တခြားဌာနက အလုပ်သမား ၁၀၀ ဝန်းကျင်က လုပ်ခလစာ တန်းတူရရှိဖို့ တောင်းဆိုမှုတွေ ဇူလိုင် ၇ ရက် မှာ စတင်တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ စက်ရုံဘက်က လုပ်ခလစာတိုးမြှင့်ပေးခဲ့ပေမဲ့ စက်ချုပ်ဌာနနဲ့ တခြားဌာနတွေကြား ရက်တွက်ဒေးကြေး ကျပ် ၂၅၀၀ ဝန်းကျင် ကွာခြားနေတာ ဖြစ်ပါတယ်။
 
“စက်ချုပ်နဲ့ တခြားဌာနတွေကြား ကွာခြားမှုက အခုမှ မဟုတ်ဘူး၊ လုပ်ခ မတိုးမီကတည်းက ရှိနေတယ်။ အခုတိုးပေးတော့လည်း ကွာနေတုန်းပဲ။ အလုပ်ချိန်လည်း အတူလုပ်ရတယ်။ အထည်တွေ ထွက်တယ်ဆိုတာ စက်ချုပ် ဌာနတခုတည်းနဲ့ လုပ်နေတာမဟုတ်ပါဘူး။ တခြားဌာနတွေလည်း အတူလုပ်ရတာကို ခွဲခြားပြီးဒေးကြေး ပေးတာကို တန်းတူပေးဖို့ တောင်းဆိုနေတာပါ.” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ရက်တွက်ဒေးကြေးကို စက်ချုပ်လုပ်သးတွေကို အမြင့်ဆုံး ကျပ် ၁၁၀၀၀ ၊ အနိမ့်ဆုံး ကျပ် ၁၀၀၀၀ သတ်မှတ် ပေးထားပြီး တခြားဌာနက အလုပ်သမားတွေမှာတော့ အမြင်ဆုံး ကျပ် ၉၀၀၀ ၊ အနိမ့်ဆုံး ကျပ် ၈၀၀၀ ပဲ ရရှိနေတာ ဖြစ်ပါတယ်။ လုပ်ခတိုးမြှင့်ရေး ညှိနှိုင်းမှုတွေ မပြီးပြတ်ဘဲ အလုပ်ထုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေပြောဆိုပြီး နောက် အကျိုးအကြောင်းမရှိဘဲ စက်ရုံ ကို ၂ ရက်ပိတ်တယ်လို့ ကြေညာထားပါတယ်။
 
“စက်ရုံသက်တန်းတလျှောက် ဒီလို စက်ရုံပိတ်တာ မရှိခဲ့ဘူး၊ ဘယ်တော့မှ ညနေ ၄ အလုပ်မဆင်းခဲ့ဘူး။ အလုပ်သမားတွေတောင်းဆိုမှုတွေ ဖြစ်မှ အချိန်တွေ အလုပ်ပိတ်တာတွေ ဖြစ်လာတာ၊ အလုပ်သမားတွေ လည်း ခွဲခြားမှုတွေကို မခံစားနိုင်တော့ဘူး။” လို့ တောင်းဆိုမှု ပြုလုပ်နေတဲ့ အမျိုးသမီး လုပ်သားတဦးက ပြောပါတယ်။
 
ဥပဒေမှာ ပြဌာန်းထားတဲ့ ခွင့်အမျိုးအစားတွေရဖို့၊ အများပြည်သူရုံးပိတ်တွေကိုလည်း ပိတ်ရက်တိုင်းပိတ်ပေးပြီး အစားထိုးဆင်းခိုင်းတာ‌တွေ မလုပ်ဖို့ကိုတောင်းဆိုထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
"ရှောင်တခင်ခွင့်၊ ဆေးခွင့်၊ လုပ်သက်ခွင့်၊ မီးဖွားခွင့်တွေ‌ထဲက မီးဖွားခွင့် တခုပဲ စက်ရုံဘက်က ပေးတယ်။တချို့အလုပ်သမားတွေဆို အဲ့ခွင့်တွေရှိမှန်းတောင်မသိဘူး။ အများပြည်သူပိတ်ရက်တွေကို အလုပ်ဆင်းခိုင်းတယ်၊ ပြီးရင် ရက်အစားပိတ်တယ်ဆိုပြီး စနေတနင်္ဂနွေနှစ်ရက်ပိတ်လိုက်တယ်။ စနေ‌ နေ့က နေ့တပိုင်း အချိန်ပိုလေ။ အမြဲအစားထိုးပဲခေါ်တာ။ ပိတ်ရက်တွေဆို အာဇာနည်နေ့၊လွတ်လပ်ရေးနေ့၊ ဘာနေ့မှ မပိတ်တာ။ တနင်္ဂနွေတစ်ရက်ပဲ ပိတ်တယ်။မြန်မာလူမျိုးတွေရဲ့အထွဋ်အမြတ် လပြည့်နေ့တောင် မပိတ်ဘူး။ ဒါတွေကို ဥပဒေ အတိုင်းခွင့်ပြုဖို့ တောင်းဆိုထားတယ်။ " လို့ အလုပ်သမားတွေက ပြောပါတယ်။
 
West wood အထည်ချုပ် စက်ရုံက ကိုရီးယားနိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး လုပ်သား ၁၀၀၀ ဝန်းကျင် လုပ်ကိုင်နေတတယ်လို့ သိရပါတယ်။ အဓိက ချုပ်လုပ်တဲ့ အထည်တွေကလည်း ကိုရီးယာ အမှတ်တံဆိပ် အင်္ကျီ၊ဘောင်းဘီတွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Juntai (Fu Yuan) Garment Co.,Ltd စက်ရုံတွင် ဆဲဆို ဖိအားပေး အထည်စံချိန်တောင်းနေ
Feb 17, 2026
Cover
Myanmar Yangon Richang Apparel (Nisho) စက်ရုံတွင် မိုးအလင်း အချိန်ပို လုပ်ကိုင်ရ
Feb 17, 2026
Cover
Asdet Myanmar Garment အချိန်ပို အတင်းအကျပ် ခိုင်းစေခြင်း
Feb 17, 2026
Cover
Golden & Five Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားများအား မတရားအလုပ်ထုတ်
Feb 17, 2026
Cover
အလုပ်သမားခန့်ထားရာမှာ ကြားခံကုမ္ပဏီတွေအသုံးပြုကာ လုပ်သားအခွင့်အရေးလျှော့ချမှုတွေ့ရှိ
Feb 16, 2026
Cover
Golden Maple Leaf Myanmar အထည်ချုပ် အချိန်ပိုမဆင်းသည့် အလုပ်သမားများအား ဥပဒေမဲ့ အရေးယူ
Feb 13, 2026
Cover
Victory Fishion အထည်ချုပ် အချိန်ပို တလ နာရီ ၁၀၀ ကျော် လုပ်ကိုင် ရ
Feb 13, 2026
Cover
Tha Shu (Myanmar) Glory Fashion စက်ရုံတွင် တပတ် အချိန်ပို အော်လင်းအောနိုက် ၄ ရက် ဆင်းနေရ
Feb 13, 2026