NEWS

Wellgreen outdoor(Myanmar) စက်ရုံအလုပ်သမား ၂၀၀ ကျော်ကို လုပ်ခလစာမရှင်းပေးဘဲ ပိတ်ရန်ပြင်ဆင်နေလို့  အလုပ်သမားတွေ စက်ရုံရှေ့မှာစောင့်ဆိုင်းနေရ

CoverLogo
1.4K Views

လှိုင်သာယာ မြစိမ်း‌ရောင်စက်မှုဇုန် မြသရဖီလမ်းမှာဖွင့်လှစ်လုပ်ကိုင်နေတဲ့ Wellgreen outdoor(Myanmar) စက်ရုံမှာ ဩဂုတ်လ ၃၁ ရက်နေ့အထိ အလုပ်ဆင်းခဲ့ရပြီး စက်တင်ဘာ ၁ ရက်မှ ၅ ရက်အထိ အလုပ်ပိတ်မည်ဟု ပြောဆိုခဲ့ပြီးနောက် လက်ရှိမှာ စက်ရုံပိုင်ရှင်မှ စက်ပစ္စည်းတွေ ရွှေ့ပြောင်းနေလို့ အလုပ်သမားတွေအနေနဲ့ စက်ရုံရှေ့စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။

စက်ရုံ သက်တမ်းမှာ ၅ လသာရှိသေးပြီးအ လုပ်သမား ၂၀၀ ကျော်နဲ့ လုပ်ကိုင်ခဲ့တာဖြစ်ပြီး 
လက်ရှိမှာ အလုပ်သမား ၂၀၀ ကျော်အတွက် ဩဂတ် လုပ်ခလစာပေးချေမှုမရှိဘဲ လစာကို စက်တင်ဘာ ၅ ရက်နေ့မှာလာယူဖို့ ပြောပေမဲ့ ယနေ့စက်တင်ဘာ ၂ ရက်မှာ စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသား၏အမျိုးသမီးဖြစ်သူ မြန်မာနိုင်ငံသားမှ ပစ္စည်းများပြောင်းရွှေ့သယ်ယူနေတာကို တွေ့ရှိရပြီးအလုပ်သမားတွေက သွားရောက်မေးမြန်းရာမှာ စက်ရုံပိတ်မည်ဖြစ်ကြောင်းနှင့် လုပ်ခလစာများမပေးနိုင်လောက်ကြောင်းပြောဆိုခဲ့တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အလုပ်ချိန်မှာ မနက် ၈ နာရီကနေ ည ၁၀ မှ ၁၂ နာရီထိ အထည်အရေးကြီးတဲ့အကြောင်းပြချက်နဲ့ ချုပ်လုပ်ခဲ့ရတာဖြစ်ပြီးလက်ရှိမှာတော့ အလုပ်သမားတွေကို အသိပေးအကြောင်းကြားတာရှိမရှိဘဲ အလုပ်ပိတ်တယ်ဟု ပြောဆိုပြီး စက်ရုံပစ္စည်းတွေ သယ်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။

"အလုပ်သမားတွေကို ၃၁ ရက်နေ့ထိ အလုပ်ခိုင်းတယ် အောလင်းအောနိုက်တွေလည်းဆင်းရတယ်  ၁ ရက်နေ့က နေ ၅ ရက်နေ့အထိ ပိတ်လိုက်တယ် အဲ့နားပတ်ဝန်းကျင်က စက်ရုံမှာထူးခြားနေတယ်ပြောလို့ အလုပ်သမားတွေက စက်ရုံနားကိုလာကြည့်တော့ ပစ္စည်းတွေထုတ်နေတာတွေ့ တော့ အလုပ်သမား တွေအကုန်လုံးနီးပါးလာပြီးတော့ ရှေ့မှာပိတ်လိုက်တော့ စက်ရုံကိုတော့ တံခါးပိတ်လိုက်တယ် ပစ္စည်းတွေတော့မထုတ်သွားတော့ဘူး ၊အလုပ်ရှင်ရဲ့မိန်းမက မြန်မာ သူပြောတာက စက်ရုံမှာအော်ဒါမရှိလို့တဲ့  လစာ ၅ ရက်နေ့ထုတ်မယ့် ကိစ္စကိုလည်းမေးတော့ မပေးနိုင်လောက်ဖူးလို့ ပြောတာ"လို့ အလုပ်သမားကပြောဆိုပါတယ်။

အလုပ်သမားများအနေဖြင့် ယခုအခါ စက်ရုံအရှေ့တွင် ပစ္စည်းများထုတ်ယူမှု မပြုလုပ်ရန် စောင့်ကြည့်နေကြပြီး စက်ရုံပိတ်မည်ဆိုပါက ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန်နှင့် (၈) လပိုင်းလုပ်ခ လစာကို ပါရှင်းပေးစေလိုတယ်လို့ ဆိုပါတယ်။

"အလုပ်ရှင်က လုပ်ခလစာလည်းမပေးဘူး အလုပ်ပိတ်နစ်နာကြေးလည်း မပေးဘဲ စက်ရုံပစ္စည်းတွေသယ်ဖို့ လုပ်နေတာ"လို့ အလုပ်သမားကပြောဆိုပါတယ်။

အဆိုပါ Wellgreen outdoor (Myanmar) အထည်ချုပ်စက်ရုံသည် ယခင်ကလဲ (၅)လလောက်ဖွင့်လိုက်ပိတ်လိုက်နှင့် လုပ်နေသည်မှာ ယခုအကြိမ်အပါအဝင်  (၃) ကြိမ်ခန့်ရှိပြီဖြစ်ပြီး  အလုပ်သမားများအနေဖြင့် လုပ်သက်အရ နစ်နာမှုများရှိနေတယ်လို့ သိရပါတယ်။

 

 

 


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026