NEWS

WELCOMBINE LEATHER MYANMAR Co.,ltd စက်ရုံတွင့် ခွင့်မပေးဘဲ လစာဖြတ်

CoverLogo
954 Views

ရန်ကုန်တိုင်းမြို့ ၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြသရဖီလမ်းက WELCOMBINE LEATHER MYANMAR Co.,ltd စက်ရုံမှာ စက်ရုံတာဝန်ရှိသူတွေက ခွင့်မပေးဘဲ ရက်ပျက်ဆိုပြီး ဒေးကြေးနဲ့ ရက်မှန်ကြေးတွေ ဖြတ်ထောက်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားတွေရဲ့ ဥပဒေပါ ခွင့်တွေဖြစ်တဲ့ ရှောင်တခင်ခွင့်၊ ဆေးခွင့်တွေကို စက်ရုံ တာဝန်ရှိတွေက မပေးဘဲ ရက်ပျက်သတ်မှတ်ပြီး ဒေးကြေး(၅၈၀၀)ကျပ်၊ ရက်မှန်ကြေး (၁၀၀၀၀) ကျပ် ဖြတ်တောက်ခံနေရတာလို့ သိရပါတယ်။

WELCOMBINE LEATHER MYANMAR Co.,ltd စက်ရုံက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး အလုပ်သမား (၅၀၀) ဝန်းကျင်နဲ့ PARFOIS တံဆိပ် ကျောပိုးအိတ်တွေ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။ စက်ရုံဘက်က အိပ်ချုပ် စက် အမြင့် ချုပ်သူတွေကို တလကျပ် ၅၀၀၀၀ ပိုပေးမယ်ဆိုပြီး အလုပ်ခန့်ခဲ့ပေမဲ့ လစာရှင်းပေးရမှာ တော့ ပြောထားတဲ့ ပမာဏထက် လျှော့ချ ရှင်းပေးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“စက်ရုံက အိတ်ချုပ်တာဆိုတော့ စက်မြင့်၊ စက်သေး တွေနဲ့ချုပ်ရတယ်။ စက်မြင့်ချုပ်သူတွေကို အလုပ်ခေါ်တော့ ကျပ် ငါးသောင်း ထည့်ပေးမယ်လို့ အလုပ်ရှင်ကပြောတယ်။ တကယ်လစာထုတ်တော့ စက်မြင့်ချုပ်သမားတွေ ကို ကျပ် တသောင်းခွဲပဲ ထည့် ပေးတယ်။ သုံးသောင်းခွဲကို ခေါင်းပုံဖြတ်ထားတယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။

စံချိန်တွေ မတရားတောင်းခံပြီး စံချိန်မပြည့်ပါကလည်း လိုင်းခေါင်းဆောင်ဆိုသူကတွေက အော်ဟစ်ဆဲဆိုခြင်းတာတွေ နေ့စဥ် ပြုလုပ်နေတယ်လို့ သိရပါတယ်။

WELCOMBINE LEATHER MYANMAR Co.,ltd စက်ရုံမှာ နိုင်ငံခြားသားတွေက တိုက်ရိုက်အုပ်ချုပ်ပြီး နေ့စားအလုပ်သမားတွေမှာလည်း အတည်ပြုဝန်ထမ်းမခန့်ဘဲ အလုပ်ထုတ်ပယ်တာတွေ ပြုလုပ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လုပ်သက်ရင့် အတည်ပြုဝန်ထမ်းတွေကိုလည်း စက်ရုံတာဝန်ရှိသူက ဥပဒေမဲ့ မကြာခဏ အလုပ်ထုတ်တာတွေ ပြုလုပ်တဲ့အပြင် အချိန်ပိုလုပ်ကိုင်ခိုင်းပါက ကြိုတင်ပြောကြားတာ မရှိဘူး လို့ ပြောပါတယ်။ အချိန်ပို မဆင်းပါကလည်း ခွဲခြားဆက်ဆံတာ၊ အငြိုးထား ဆက်ဆံတာတွေ စက်ရုံတာဝန်ရှသူတွေက ပြုလုပ်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

ရှောင်တစ်ခွင်ခွင့်၊ ဆေးခွင့်တွေပေးဖို့၊ အချိန်ပိုကို အလုပ်သမားတွေဆန္ဒမပါဘဲ ဖိအားပေးဆင်းခိုင်းတာ မလုပ်ဖို့၊ နိုင်ငံခြားသားတွေ တိုက်ရိုက်အုပ်ချုပ်တာနဲ့ စူပါ၊ လီတာတွေ အော်ဟစ်ဆဲဆိုတာတွေ မလုပ်ဖို့ကို WELCOMBINE LEATHER MYANMAR Co.,ltd အလုပ်သမားတွေက တောင်းဆိုထားပါတယ်။


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026