NEWS

Wanxinda စက်ရုံ အလုပ်သမားများအား စူပါအပေါင်းအပါဆိုကာ အလုပ်ထုတ်၊ ဖျန်ဖြေရေးရောက်မှ အရက်သောက်ဟုထွက်ဆို

CoverLogo
463 Views
 
Wanxinda ပိုက်ဆံအိတ်ချုပ် စက်ရုံ အလုပ်သမားနှစ်ဦးကို စူပါနဲ့ အပေါင်းအပါ ဆိုပြီး အလုပ်ထုတ်ခဲြပြီး မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးရုံးမှာ ဖြေရှင်းရာမှာတော့ အရက်သောက်ထားလို့ အလုပ်ထုတ်တယ်ဆိုပြီး ပြောဆိုခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဇွန်လ (၁၆) ရက် မနက်ပိုင်းမှာ လုပ်ငန်းခွင်အတွင်းက အလုပ်သမားနှစ်ဦးကို HR ဌာနက ဝန်ထမ်းက ရုံးခန်းက ခေါ်နေတယ်ဆိုပြီး အကြောင်းကြားတာကြောင့် သွားရောက်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ရုံးခန်းရောက်တော့ မန်နေဂျာက မင်းတို့စူပါနဲ့ အပေါင်းအပါတွေဆိုတော့ အလုပ်က ထုတ်တယ်ဆိုပြီး ထုတ်တာ။”လို့ ပြောပါတယ်။
အလုပ်ထုတ်ပယ်ခံရတဲ့ အလုပ်သမားနှစ်ဦးက လုပ်သက်လုပ်သက် ၅ လနီးပါး ရှိတဲ့ စက်ချုပ် ဝန်ထမ်း တွေ ဖြစ်တယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
 
ဇွန်လ ၂၀ ရက်မှာ အလုပ်ထုတ်ခံရတာနဲ့ ပတ်သက်ပြီး မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးရုံးမှာ တွေ့ဆုံ ညှိနှိုင်းစဉ် Wanxinda (Myanmar) မန်နေဂျာ အလုပ်သမား (၃)ဦး အရက်သောက်ထားလို့ အလုပ်ထုတ်တာလို့ ပြောဆိုခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ညှိနှိုင်ဖြေရှင်းမှု ထပ်မံ ချိန်းဆိုထားပြီး အဲဒီရက်မှာ စက်ရုံဘက်က သက်သေခေါ်လာမယ်ဆိုပြီး ပြောဆိုထားတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 
Wanxinda (Myanmar)Travel Good Co,Ltd ကို ၂၀၂၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး စက်ရုံကို ၂၀၂၂ ခုနှစ်မှာ စတင်လည်ပတ်ခဲ့ပါတယ်။
 
စက်ရုံက ရာနှုန်းပြည့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု စက်ရုံအမျိုးအစားဖြစ်ပြီး ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုန်ဇုန်၊ ဗိုလ်တိုက်ချွန်းလမ်းမှာ ရှိပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026