NEWS

Wan Xin Myanmar Company Limited ကိုယ်ဝန်ဆောင်အလုပ်သမားတွေကို အလုပ်ထုတ်

CoverLogo
498 Views
 
Wan Xin Myanmar Company Limited အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေး ကျူးလွန်ချိုးဖောက်မှုတွေ အများအပြားရှိနေပြီး အဲ့ဒီထဲမှာ ကိုယ်ဝန်ဆောင်အလုပ်သမားတွေကို သက်သာခွင့်နဲ့ လူမှုဖူလုံရေးခံစားခွင့်တွေပေးရမယ့်အစား အလုပ်ကနေ ဥပဒေမဲ့ ထုတ်ပယ်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
 
ရန်ကုန် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၅၊ အနော်ရထာလမ်းမှာဖွင့်လှစ်ထားတဲ့ အဆိုပါစက်ရုံမှာ Sinsay, Beverly Hills Polo Club, Nautica စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်နေတာလို့ သိရပါတယ်။
 
တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါ စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေရှိနေတာကြောင့် အလုပ်ရှင်အနေနဲ့ အလုပ်သမားတွေရဲ့ အခက်အခဲတွေကို ဆွေးနွေးညှိနှိုင်းပြီးဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေက မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ကို အကူအညီတောင်းထားပါတယ်။
 
အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး နေ့စားအလုပ်သမား အများအပြားခန့်ထားတာ လုပ်ခကို ဒေးကြေး ၆၈၀၀ ကျပ်၊ အချိန်ပိုကြေး တနာရီ ၁၇၀၀ ကျပ်နှုန်းနဲ့သာရှင်းပေးသလို အသက် ၁၄ နှစ်ကနေ ၁၆ နှစ်အရွယ်ကလေးလုပ်သာတွေကို ကျန်းမာရေးကောင်းမွန်ကြောင်း ဆရာဝန်ထောက်ခံချက် မတောင်းဘဲ လူကြီးလုပ်သားတွေနဲ့ တန်းတူ ခိုင်းစေကာ အခွင့်အရေးချိုးဖောက်မှုရှိနေတယ်လို့ ပြောပါတယ်။
 
ခံစားခွင့်အနေနဲ့ အလုပ်သမားတွေရရှိရမယ့် ရှောင်တခင်ခွင့်၊ လူမှုဖူလုံရေးဆေးခွင့်တွေ မရဘဲ ကျန်းမာရေးကိစ္စနဲ့ အလုပ်တရက်ပျက်ပါက ဒေးကြေး ရက်မှန်ကြေး စုစုပေါင်း ၅၀၀၀၀ ကျပ် ဖြတ်တောက်ခံရတယ်လို့ သိရပါတယ်။
 
"အလုပ်သမားတိုင်း ခံစားခွင့်ရှိတဲ့ ခွင့်ခံစားခွင့် လူမှုဖူလုံရေးခံစားခွင့်မတွေ မရပါဘူး။ နေမကောင်းလို့ ဖြစ်ဖြစ် အခြား အရေးကိစ္စ တခုခုဖြစ်ရင် လုပ်ခ တရက်စာနဲ့ ရက်မှန်ကြေးဖြတ်တောက်တဲ့ကိစ္စက အလုပ်သမားတွေကို အများကြီးနစ်နာစေပါတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်အလုပ်သမားတွေကို လူမှုဖူလုံရေး မီးဖွားခွင့်ပေးလို့ရရဲ့သားနဲ့ အလုပ်ထုတ်ပစ်တယ်၊ အဲ့တာတွေပြုပြင်ပေးစေချင်တယ်"လို့ အလုပ်သမားကပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း ထိခိုက်မှုတစုံတရာဖြစ်ပါကလည်း ဆေးဝါးမရှိတာ၊ သောက်သုံးရေ သန့်ရှင်းမှုမရှိတာ၊ ရေအိမ်တွေ သန့်ရှင်းမှုမရှိတာ ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုမရှိတာအပြင် ခွေးကိုက်မယ့် အန္တရာယ်ပါ ကြုံနေရသေးတယ်လို့ အလုပ်သမားတွေကပြောထားပါတယ်။
 
"အထည်စံချိန်တောင်းတဲ့အခါမှာလည်း စက်လိုင်းတလိုင်းကို စူပါ၊ လီဒါ၊ အကူတွေအပါ ၃၉ ရှိရင် တနာရီကို အထည် ၃၀ ချုပ်ဖို့တောင်းတယ် တောင်းတဲ့ဟာမပြည့်ရင် ဆဲဆိုနေတာ အမှန်တကယ်ဆို ဆဲဆိုပြီးခိုင်းစရာမလိုဘူး ချုပ်နိုင်တဲ့ ပမာဏပဲ မတောင်းဘဲ ပိုတောင်းလို့ ဖြစ်တာ"လို့ အလုပ်သမားကပြောပါတယ်။
 
ဒါ့အပြင် လက်ရှိပေးနေတဲ့ နှုန်းထားဒေးကြေး ၁၀၀၀၀ ကျပ်ကိုလည်း ရက်ပျက်ပါက ၉၀၀၀ နှုန်းနဲ့ သာရှင်းပေးပြီး ခေါင်းပုံဖြတ်ခံရတယ်လို့ ပြောပါတယ်။
 
"အလုပ်ကျတော့ အကုန်သိမ်းကြုံးလုပ်ရတယ် လစာထုတ်ရင် ပိုက်ဆံက လုပ်သလောက်မရဘူး။ ငိုယိုနေရတယ်၊ ဒေးကြေးတွေ လျှော့ထားလို့ လစာထုတ်ပြီးတာနဲ့ အလုပ်ထွက်ကြရတဲ့အထိဖြစ်တယ်"လို့ အလုပ်သမားကဆက်ပြောပါတယ်။
 
အခုလိုလုပ်ငန်းခွင်ဆိုင်ရာ အခြေအနေတွေ ကြောင့် အလုပ်သမားတွေအနေနဲ့ အလုပ်အကိုင် တည်မြဲမှုမရှိတာ၊ လူမှုဖူလုံရေးအကျိုးခံစားခွင့်မရှိတာ၊ လုပ်ငန်းခွင်ဆိုင်ရာ သက်သာခွင့်တွေမရရှိဘဲ လုပ်အားခေါင်းပုံဖြတ်ခံနေရတာတွေကို ဖြေရှင်းပေးဖို့ လိုလားနေတယ်လို့ ပြောပါတယ်။
 
အလုပ်သမားများတောင်းဆိုချက်အနေနဲ့
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ရှိသော ခွင့်ရက်များကိုခံစားခွင့်ပေးရန်။
၂။ အလုပ်ရှင်ဘက် တောင်းတဲ့စံချိန်မပြည်ရင် အော်စူပါ၊စူပါများ လီတာများက ဆဲဆိုအော်ဟစ်ခြင်း မပြုလုပ် ရန်။
၃။ အလုပ်ရှင်ဘက်မှ အလုပ်သမားများချုပ်လုပ်နိုင်သော အထည်စံချိန်များကိုသာတောင်းခံရန်။
၄။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို ဒေးကြေးကိုမှန်ကန်စွာပေးရန်နှင့် လုပ်ခလစာကို မှန်ကန်စွာတွက် ချက်ပေးရန်။
၄။ အလုပ်သမားများ ထမင်းစားနေရာကို ခွေးချီးများကို သန့်ရှင်စွာလုပ်ဆောင်ပေးရန်။
၅။ အလုပ်ရှင်ဘက်မှ အလုပ်သမားကိုယ်ဝန်ဆောင်သယ်များကို အလုပ်ထုတ်ပယ်ခြင်းမပြုလုပ်ရန်။
၆။ အသက်၁၄,၁၅,၁၆အရွယ်ရှိ လူငယ်၊လူရွယ်အလုပ်သမားများ ၁၀၀ကျော်ကိုလည်း လူကြီးအလုပ်သမား များဖြင့်တန်းတူစေခိုင်းခြင်းမပြုလုပ်ရန်တို့ဖြစ်တယ်လို့ Wan Xin Myanmar Company Limited အလုပ်သမားတွေက ပြောပါတယ်။

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026