NEWS

Wan Xin" စက်ရုံပိတ်သိမ်းပါက ဥပဒေအတိုင်း လျှော်ကြေးပေးဖို့ အလုပ်သမားတွေတောင်းဆို

CoverLogo
446 Views
 
ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် ၅ မှာရှိတဲ့ "Wan Xin" အထည်ချုပ် စက်ရုံမှာ အလုပ်သမားတွေကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ စက်ရုံလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့တာကြောင့် အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံမှာ လွန်ခဲ့တဲ့ ခုနှစ်လပိုင်းကတည်းက အော်ဒါပြတ်လပ်ခဲ့ပြီး နောက် စက်ရုံလုပ်သား ၃၅၀ ဝန်းကျင်ကို လျှော့ချခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံထဲက စက်ပစ္စည်းတွေကို သြဂုတ်လ ကတည်းက စတင်ရွှေ့ပြောင်းခဲ့ပြီး စက်တင်ဘာလမှာတော့ လုံးဝရွှေ့ပြောင်းပြီးစီး သွားတယ်လို့လည်း ဆိုပါတယ်။
 
“လက်ရှိတော့ စက်ရုံကို လေးရက် ပိတ်လိုက်ထားတယ်၊ ကြိုတင် အကြောင်းကြားတာမရှိဘူး။ စက်ရုံပိုင်ရှင် ပါ ထွက်ပြေးသွားပြီထင်တာပဲ။ ကိုးလပိုင်း လစာတွေ လျှော့ပေးခဲ့တယ်။ ပုံမှန် ငါးသိန်းရရင် သုံးသိန်း၊ နှစ်သိန်း၊ နှစ်သိန်းခွဲလောက်ပဲ ရခဲ့တယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လက်ရှိ မှာ ကြီးကြပ်ရေး စူပါနှစ်ဦး နဲ့ အလုပ်သမား ၁၅၀ ကျော်ပဲ စက်ရုံမှာ ကျန်ရှိနေတယ်လို့ သိရပါတယ်။
လျော်ကြေးပေး ရမှာကို ရှောင်ရှားလိုတာကြောင့် အလုပ်သမားတွေကို စက်ရုံဘက် တဖြည်းဖြည်း လျှော့ချခဲ့ပြီး စိတ်ဓါတ် ကျအောင် ရည်ရွယ်လုပ်ဆောင်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ဖယ်ရီကား မပေးဘဲ ပြန်လွှတ်တယ်။ ဥပဒေအတိုင်းမလုပ်ဘဲ အကြမ်းဖက်တယ်။ ရဲခေါ်၊ စစ်တပ် ခေါ် ရိုက်နှက်တာတွေ လုပ်ခဲ့တယ်တယ်။” လို့ ပြောပါတယ်။
 
ရုတ်တရက် စက်ရုံပိတ်သိမ်းလို့ လက်ရှိအခြေအနေတွေကို မသိရှိရဘဲ အလုပ်သမားတွေမှာ တခြားအလုပ်ရှာဖို့ ၊ စားသောက်စာရိတ်အတွက်နဲ့ အခက်အခဲတွေပါ ကြုံတွေ့နေရတယ်လို အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်သမားတွေ အားလုံးလောက်က နယ်ကပါ။ လက်ရှိက တစ်ယောက်ကို နေထိုင် စားသောက်စာရိတ်က တစ်နေ့ အနည်းဆုံး တစ်သောင်းခွဲလောက်ရှိတယ်။ တစ်လ လေးသိန်း၊ ငါးသိန်း ကုန်တယ်။ နှစ်သိန်း၊ သုံးသိန်းဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ စားစရာမရှိလို ငိုနေသူတွေတောင် ရှိတယ်။” လို့ ပြောပါတယ်။
 
လက်ရှိ အခြေအနေတွေကို လှိုင်သာယာမြို့နယ် အလုပ်သမားဦးစီးဌာနကို တိုင်ကြားထားပေမဲ့ စက်ရုံကို လာရောက် ဖြေ
ရှင်းပေးတာမျိုး မရှိသေးဘဲ အောက်တိုဘာ ၉ ရက်မှ လာရောက်ရှင်းပေးမယ်လို့တာဝန်ရှိသူတွေက ပြောကြားထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံပိတ်သိမ်းမယ်ဆိုလည်း ရှင်းရှင်းလင်းလင်း ကြိုတင်အကြောင်းကြားပေး၊ နောက် ဥပဒေအတိုင်း လျော်ကြေးပေး ဖို့ပဲ၊ အလုပ်သက်အလိုက် လစာ အလိုက်သတ်မှတ်ထားသော လျော်ကြေး ပေးဖို့ တောင်းဆိုတာပါ။” လို့ အလုပ်သမားက ပြောပါတယ်။
 
စက်ရုံ အလုပ်ရုံ လုပ်ငန်းတွေအနေနဲ့ လုပ်ငန်းပိတ်သိမ်းလိုပါက ဂုဏ်သိက္ခာရှိစွာနဲ့ အလုပ်သမားတွေကို ကြိုတင်အသိပေးဖို့ ၊ ပေးလျော်စရာရှိတာတွေကို ပေးလျော်ဖို့ လိုအပ်ပြီး ဒါမှသာ အလုပ်သမားတွေက ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နိုင်မှာလို့လည်း အလုပ်သမားအရေးလှုပ်ရှားသူက အကြံပြုထားပါတယ်။
 
"စက်ရုံပိတ်သိမ်းမယ်ဆိုရင်လည်း အလုပ််ရှင်ဖြစ်တဲ့အားလျော်စွာ ဂုဏ်သိက္ခာရှိစွာ ကြိုတင်အကြောင်းကြားရမယ် ဥပဒေနဲ့အညီ ပေးစရာ ‌လျော်စရာရှိတာတွေကိုလည်းပေးလျော်ရမှာဖြစ်ပါတယ်" လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM မှ တာဝန်ရှိသူတဦးကပြောပါတယ်။
 
“ဗုဒ္ဓဟူးနေ့မှာ စက်ရုံပြန်ဖွင့်ခြင်းရှိ/မရှိ ကြည့်မယ်၊ လှိုင်သာယာလေဘာရုံးကနေ လိုအပ်ရင် နေပြည်တော်အထိ တောင်းဆိုမှာပါ။” လို့ အလုပ်သမားတွေက Myanmar Labour News ကို ပြောဆိုထားပါတယ်။
 

Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026