NEWS

WAN HE SHUO FASHION အလုပ်သမားများ အချိန်ပို ညလုံးပေါက် အခမဲ့လုပ်ပေးရ

CoverLogo
888 Views
 
ရန်ကုန်မြို့၊ အင်းစိန်မြိုနယ်၊ ရွှေပြည်သာစက်မှုဇုန် (၃) ၊ ဦးဖိုးလှိုင်လမ်းနဲ့ မင်းကြီးမဟာ မင်းခေါင် လမ်းဒေါင့် WAN HE SHUO FASHION Co;Ltd အထည်ချုပ်စက်ရုံက အချိန်ပိုကြေးမပေးဘဲ ညလုံးပေါက် လုပ်ကိုင် ခိုင်းခဲ့တယ်လို့
 
သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် STUM ကို အလုပ်သမားတွေက ပြောပါတယ်။ မနေ့ (ဧပြီ ၃၀ရက်) ညနေ ၄ နာရီလောက်မှာ အချိန်ပို ဆင်းခိုင်းပြီး အချိန်ပိုခ ပေးမှာ မဟုတ်ဘူးလို့ စက်ရုံမန်နေဂျာ ဒေါ်ခင်မြတ်သူနဲ့ HR မန်နေဂျာတို့က ပြောခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်လိုင်း ၇ လိုင်းလုံးက အကူအလုပ်သမားတွေနဲ့ နေ့စားအလုပ်သမားတွေ ချဉ်မွှေးညှပ်တာ မပြီးတာကြောင့် ထုတ်ပိုးဌာနက အလုပ်သမားအားလုံး အချိန်ပို မိုးအလင်း ဆင်းရမှာ ဖြစ်ပြီး အဲဒီအတွက် လုပ်ခ မပေးဘူးဆိုပြီး ပြောဆိုခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဒါ့အပြင် အကူအလုပ်သမားတွေနဲ့ နေ့စားအလုပ်သမားတွေကို အထည်စံချိန်မပြည့်လို့ဆိုပြီး လိုင်းစူပါတွေက ဆဲဆိုခိုင်းစေ ခဲ့တယ်လို့လည်း ပြောပါတယ်။
 
WAN HE SHUO FASHION စက်ရုံဟာ Ticket ကြေး စက်ရုံဖြစ်ပေမဲ့ အထည်စံချိန် မတန်တဆတောင်းသလို အော်ဟစ်ဆဲဆိုခိုင်းစေတာတွေ နေ့စဉ်ပြုလုပ်နေတဲ့အပြင် တနင်္ဂနွေ ပိတ်ရက်တွေမှာ အချိန်ပိုလုပ်ခ မပေးဘဲ အခမဲ့နဲ့ ပယ်ပြင်ပေးရတယ်လို့လည်း အလုပ်သမားတွေက ပြောဆိုပါတယ်။
 
WANHESHUOFASHIONCo;Ltd စက်ရုံမှာ အလုပ်သမား ၆၀၀ ဝန်းကျင်လုပ်ကိုင်နေပြီး Sinsay အမှတ်တံဆိပ် ချုပ်လုပ်နေတဲ့ စက်ရုံဖြစ်တယ်လို့ သိထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026