NEWS

W8W Beauty Salon ဝန်ထမ်း၂၄ဦး လုပ်ခလစာမရသည့်အပြင် ဆေးကုသ စရိတ် မိသားစုမှ တောင်းခိုင်း

CoverLogo
561 Views
 
မန္တလေးမြို ၆၄*၆၅လမ်းကြား၊ ၄၁လမ်းမှာ ဖွင့်လှစ်ထားတဲ့ W8W Hair Degsin Beauty Salon ဆိုင်ဟာ မတ်လ ၂၈ ရက်က ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ပြီး ဝန်ထမ်း ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဆိုင်ဝန်ထမ်း ၂၄ဦး ထိခိုက်ဒဏ်ရာ ရခဲ့သလို လက်ရှိ ဆိုင်ပိုင်ရှင်က လုပ်ခလစာကို မပေးဘဲ တိမ်းရှောင်နေတယ်လို ပြောပါတယ်။
“ဖြစ်ဖြစ်ချင်း ဘာကယ်ဆယ်ရေးမှလဲ မရှိသေးပါဘူး။ ဆေးဖိုးလုံလုံ လောက်လောက်မပေးဘူး။ မိဘတွေနဲ့ ဝန်ထမ်းတွေကို မိဘတွေဆီက တောင်းဖို့ ပြောပါတယ်။ အဆက်သွယ် ဘယ်လိုမှ လုပ်မရပါဘူး။ ဆရာပဲရှိလို့ ပါလို့ ပြောမှ ဆယ်ငါးသိန်းကျော်ကျတာကို ဆယ်သိန်းပဲပေးပါတယ်။ သူ့မှာ မကျန်တော့ ဘူးတဲ့။ နာရေးအပြီး တယောက် တသိန်းခွဲပေးပြီးတော့ ဆိုင်က ဝန်ထမ်းတွေကိုတချက်မှ လှည့်မကြည့်တော့ပါဘူး။” လို့ ဆိုင်ဝန်ထမ်း တစ်ဦးက လူမှုကွန်ရက်စာမျက်နာ ဖေ့ဘွတ်မှာ ရေးသားပါတယ်။
ပထမတစ်ကြိမ် ငလျင် လှုပ်ပြီး ပိုင်ရှင်နဲ့ဝန်ထမ်းအာားလုံးလွတ်မြောက်ခဲ့ပေမဲ့ ပိုင်ရှင်က ဝန်ထမ်း တွေကို အော်ဟစ်ဆဲဆိုပြီး ဆိုင်ထဲဝင် ပစ္စည်းတွေရှင်းခိုင်းခဲ့တာကြောင့် ဒုတိယတစ်ကြိမ်ငလျင်မှာတော့ ဆိုင်ဝန်ထမ်း ၆ ယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့ပြိး တဦး သေဆုံးခဲ့တာလို့ သိရပါတယ်။ ဒီနောက် ဆိုင်ရှင်က ဝန်ထမ်းတွေကို လမ်းစာရိတ် တသိန်းခွဲစီပေးခဲ့ပြီးနောက် ဆုံးရှုံးနစ်နာမှုများလို့ လုပ်ခလစာ မရှင်းပေးနိုင်ဘူးဆိုပြီး ငြင်းဆိုခဲ့တာလို့ ပြောပါတယ်။
“ပေးမယ်ဆို ပေးလို့ ရပါတယ်။ W8W ဝန်ထမ်းစုစုပေါင်း ၂၄ဦးရဲ့လစာတွေကို ပေးချင်စိတ်သာရှိရင် ပေးလို့ ရတယ်။ ပြိုကျထဲမှာ မှတ်ပုံတင်ပါသွားတဲ့ ဝန်ထမ်းတွေက ထောက်ခံစာအတွက် ဆိုင်ပိုင်ရှင်ဆီက ထောက်ခံ ချက်တောင်းတာ အကြိမ်ကြိမ်ဆက်သွယ်ခဲ့တယ်။ သူလတ်မှတ်ထိုးပေးဖို တောင်းခဲ့တာ၊ အဲဒါ ခရီး ထွက်သွား တယ်ဆိုပြီး ရှောင်နေတယ်”လို့ ဆိုင်ဝန်ထမ်းတွေက ပြောပါတယ်။
အလှပြင်ဆိုင်တိုင်ပြိုကျပျက်ဆီးတာကို ဝန်ထမ်းတဦး တင်ထားတဲ့ tittok ရုပ်သံကို ဆိုင်ရှင်က ဖျက်ခိုင်းခဲ့ပြီး ပြိုကျပျက်စီးခဲ့တဲ့ ဆိုင်အတွင်းက ငွေနဲ့ ပစ္စည်းတချို့ကို သိမ်းယူသွားခဲ့တာကို တွေ့မြင်ခဲ့ရတယ်လို့ ဆိုင်ဝန်ထမ်း တွေက ပြောပါတယ်။ နေဖိုမရှိလို့ နေစရာနဲ့ အစစရာရာ ကူညီပေးခဲ့လို မဟာမြိုင်လူမှုကယ်ဆယ်ရေးနဲ့ နန်းဦးလွင်ဆေးရုံကို အထူးကျေးဇူးတင်တယ်လို့ ဆိုင်ဝန်ထမ်းတဦးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ငလျင်ဒဏ်ကြောင့် လုပ်ငန်းခွင်အတွင် သေဆုံးဒဏ်ရာရတဲ့ အလုပ်သမား ဝန်ထမ်းတွေ အမြောက်အများရှိတာနဲ့ အလုပ်သမားဝန်ထမ်း ထိခိုက် သေဆုံးမှုနဲ့ တာဝန်ယူမှုတွေကိုတော့ လုပ်ငန်းပိုင်ရှင်တွေက ထုတ်ဖော်ပြောဆိုမှု မရှိသလောက်နည်းပါးတာကို Myanmar Labour News ကသတိထားမိပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026