NEWS

W&F GROUP စက်ရုံ အလုပ်သမားများ တပတ်လျင် အလုပ်ချိန်နာရီ ၈၀ ကျော် လုပ်ကိုင်နေရ

CoverLogo
1.4K Views

SYLVIE MEIS အမှတ်တံဆိပ် အထည်တွေချုပ်လုပ်တဲ့ W&F GROUP CO.,LTD ရဲ့  အထည်ချုပ် စက်ရုံမှာ တရက်ကို ၁၂ နာရီနဲ့ ၇ ရက် တပတ်ကို နာရီ ၈၀ လောက် လုပ်ကိုင်ပေးနေရတယ်လို့ စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။

“ဒီလို ရက်ဆက်နေတာ ၃ လ နီးပါး ရှိနေပြီ ။ စိတ်ပိုင်းရော ရုပ်ပိုင်းရော အားနည်းသလိုကို ခံစားနေ ရတယ်”လို့ W&F GROUP စက်ရုံ အလုပ်သမားတစ်ဦးက ပြောဆိုပါတယ်။

W&F GROUP CO.,LTD ရဲ့  စက်ရုံကတော့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်၊ သံဒင်းလမ်းမှာ ရှိပြီး လုပ်သားအင်အား ၈၀၀ ဝန်းကျင်နဲ့ အထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

စက်ရုံ အလုပ်ချိန်ကတော မနက် ၈ နာရီကနေ ညနေ ၄ ခွဲဖြစ်ပေမဲ့ အလုပ်ဆင်းချိန်က ည ၈ ခွဲ ဖြစ်လို့ တစ်ရက် အလုပ်ချိန် ၁၂ နာရီ ကို နေ့စဉ် လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။

“တရက် ၄ နာရီ အချိန်ပို ဆင်းရတာတင် မကဘူး၊ တနင်္ဂနွေနေ့မှာ ၈ နာရီထပ်ပြီး ဆင်းရတယ်။ အလုပ်သမား တွေလည်း လန်းလန်းဆန်းဆန်း အလုပ်မလုပ်နိုင်ကြတော့ဘူး ” လို့ အလုပ်သမား တစ်ဦးက ပြောပါတယ်။

အလုပ်ချိန်တွေ ကြာရှည်လုပ်ကိုင်နေတာကြောင့် လွန်ခဲ့တဲ့ တစ်လလောက်မှာလည်း ရွှေပြည်သာမြို့နယ် အလုပ်ရုံ နှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန (အလရ) ကို အလုပ်သမားတွေက တိုင်ကြားခဲ့ပါတယ်။

အလရ ရုံးကလည်း တိုင်တန်းခဲ့တဲ့ ရက်မှာပဲ စက်ရုံကို ဝင်ရောက် စစ်ဆေးခဲ့ပေမဲ့ စက်ရုံတာဝန်ရှိသူတွေက စစ်ဆေးခံ ရမယ့် အလုပ်သမားတွေကို သင်ကြား ဖြေဆိုခိုင်းခဲ့တယ်လို့ W&F GROUP CO.,LTD စက်ရုံ အလုပ်သမားတွေက ပြောဆိုပါတယ်။

“အလုပ်သမားရုံးက လာစစ်တော့ စက်ရုံက သင်ထားပေးတဲ့သူတွေ ဖြေခိုင်းတော့ ရုံးကလူတွေလည်း စစ်ပြီး ပြန်သွားတယ်။ အဲ့နေ့မှာပဲ အချိန်ပိုကို ၈ နာရီခွဲ အထိ လုပ်ခဲ့ရသေးတယ်” လို့ W&F GROUP CO.,LTD အလုပ်သမားတစ်ဦးက Myanmar Labour News ကို ပြောပါတယ်။

အလုပ်သမားဥပဒေတွေအရ တစ်ပတ် အလုပ်ချိန်နဲ့ အချိန်ပို စုစုပေါင်း နာရီ ၆၀ သာ လုပ်ကိုင်ခွင့်ပြုထားပြီး အချိန်ပိုအနေနဲ့ ၇ ရက် တပတ်ကို ၂၀ နာရီ သာလုပ်ကိုင်ဖို့ သတ်မှတ်ထားတယ်လို့ အလုပ်သမားရေး ကူညီပေးသူ တစ်ဦးက ပြောပါတယ်။

“W&F GROUP CO.,LTD ရဲ့ အထည်ချုပ်စက်ရုံကတော့ ၇ရက် တပတ်ကို  ၃၂ နာရီ လောက် ခေါ်နေတာ ဆိုတော့ ဥပဒေအရဆို အတိုင်းအတာ ကျော်နေပါပြီ” လို့ ဆက်ပြောပါတယ်။

စက်ရုံအလုပ်သမားတွေကတော့ ရက်ဆက် အလုပ်ချိန်တွေအလွန်အကျွံခေါ်ယူနေတာကြောင့် နားရက် မရဘဲ လုပ်ကိုင်နေရတာကို တိုင်တန်းဖို့ဆန္ဒရှိပေမဲ့ ပထမတစ်ကြိမ်တိုင်တန်းခဲ့သလို မအောင်မမြင်ဖြစ်မှာ စိုးရိမ်တယ်လို့  Myanmar Labour News ကို ပြောပြပါတယ်။

W&F GROUP CO.,LTD အထည်ချုပ်စက်ရုံဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ မီးပူဌာနက အလုပ်သမားတချို့ကို  ခွဲခြားဆက်ဆံ ဆဲဆို အလုပ်ထုတ်ဖို့ စီစဉ်ခဲ့တာကြောင့်  သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် STUM ဆီကို အလုပ်သမားတွေက တိုင်တန်းခဲ့ကြပါသေးတယ်။

#MyanmarLabourNews


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026