NEWS

Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း

CoverLogo
104 Views
 
ဇူလိုင် ၉ ၊ ၂၀၂၆

Victory Myanmar Co.,Ltd ပိုင် အထည်ချုပ်စက်ရုံက တစ်ပတ် အချိန်ပို လေးရက်ဝန်းကျင် ခေါ်ခိုင်းပြီး မနက် ၃နာရီအထိ လုပ်ကိုင်ပေးနေရတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်လက်မှု အလုပ်သမားများအဖွဲ့ချုပ်(IWFM) ဆီက သိရပါတယ်။ မဆင်းပါက အငြိုးအတေးထား ဂရိတ်ချတာတွေ လုပ်လို့ ဆန္ဒမပါဘဲ ဆင်းပေးနေရတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။

“မနက်ထိလုပ်ရတဲ့ အချိန်ပိုတွေဆို မဆင်းလဲရတယ်ဆိုပြီး တကယ်မဆင်းတော့၊ ဂရိတ်ချတာတို့ အငြိုးတေး ထားတာတို့ လုပ်တယ်။ အလုပ်သမားအနေနဲ့ ဒီလိုတွေ လုပ်ခံရမှာ စိုးတော့ အမြဲတမ်း ဆင်းနေရတယ်၊ မဆင်းချင်ဘဲ ဆင်းပေးနေရတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံ အချိန်ပိုတွေ ခေါ်ခိုင်းတာကို တိုင်ကြားခဲ့ပေမဲ့ အရေးယူဆောင်ရွက်တာမရှိခဲ့ဘဲ အချိန်ပို ဆင်းရတဲ့ ကာလတွေများလာလို့ ကျန်းမာရေး ထိခိုက်နေရတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။
 
“တိုင်တာက ခဏခဏပဲ။ တိုင်တဲ့နေ့ လာစစ်တဲ့နေ့တွေပါ အချိန်ပို အိုတီခေါ်နေတာ။ လာစစ်လည်း ဘာမှလဲ အရေးမယူဘူး၊ မနက် ၃နာရီအထိဆင်းပြီး မနက် ပုံမှန်အတိုင်းပြန်ဆင်း ရတော့ ကျန်းမာရေး မကောင်းဖြစ်နေရတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အချိန်ပို အလွန်အကျွံဆင်းနေရပြီး နေထိုင်မကောင်းလို့ ဆေးခွင့်နဲ့ အနားယူလည်း ရက်မှန်ကြေး၊ ကျွမ်းကျင် ကြေးတွေ အဖြတ်ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ရှောင်တခင်ခွင့်လည်း မပေးဘူး ခွင့်မလို့ ဒေးကြေး ၁၁၀၀၀နဲ့ ရက်မှန်ကြေး နှစ်သောင်းခွဲ အဖြတ်ခံရတယ်။” လို့ ပြောပါတယ်။ စက်ရုံဘက်က အထည်စံချိန် မတရားတောင်းပြီး မရပါက အောစူပါ၊ စူပါတွေက အလုပ်သမားတွေကို ဆဲဆိုပြီး ကျွမ်းကျင်ကြေးတွေ ချတယ်လို့လည်း အလုပ်သမားတွေက ကပြောပါတယ်။
 
“စံချိန်တောင်းသလောက်မပေးရင် အလုပ်သမားတွေကို နေ့စဥ်နဲ့အမျှ အော်ဆဲနေတာ။ အထည်ပေါ် မူတည်ပြီး တစ်နာရီ အလုပ်သမားတစ်ယောက် လုပ်နိုင်တာထက် ပိုတောင်းတယ်။ အောစူပါ၊ စူပါတွေ ဖိအားပေးတဲ့အတိုင်း အလုပ်သမားတွေ ရေမသောက် အိမ်သာမသွားရဘဲ မနားမနေလုပ်ပေးရတာ” လို့ အလုပ်သမားတွေက ပြောထားပါတယ်။
 
Victory Myanmar အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ မြစိမ်းရောင်စက်မှုဇုန်၊ မြခေတ္တာလမ်းမှာ ဖွင့်လှစ်ထားပြီး အလုပ်သမား ၈၀၀ ဝန်းကျင် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး CROPP, Defacto တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်၊ တို့ချုပ်လုပ်ပါသည်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026