NEWS

Vicsong ဖိနပ် စက်ရုံ ပိတ်ထားသည့် ကာလအတွက် လစာ ၄၀ ရာခိုင်နှုန်း လျှော့ချ ပေးချေ

CoverLogo
1K Views
 
ပဲခူးမြို့ အခြေစိုက် Vicsong- Myanmar footwear Co.,Ltd စက်ရုံ တာဝန်ရှိသူတွေ စက်ရုံ ခတ္တပိတ်ထားတဲ့ ကာလတွက် လစာရဲ့ ၄၀ ရာခိုင်နှုန်းနဲ့သာ ပေးချေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ် ။ စက်ရုံကို အလုပ်သမား တရုတ်အမျိုးသား ပိုင်ဆိုင်ပြီး အလုပ်သမား ၂၀၀၀ ဝန်းကျင် နဲ့ ပဲခူးမြို့ရှောင်လမ်း၊ ဆင်ဖြူကွင်းလမ်းမှာ Soliver ၊ Gs အမှတ်တံဆိပ် ဖိနပ်တွေ ထုတ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ စက်ရုံက အလုပ်မရှိလို့ဆိုပြီး ၊ အလုပ်ပိတ်တယ်။ အလုပ်ပိတ်လို့လည်း ကျွန်မတို့ အလုပ်သမားတွေကို လုပ်ခလစာ ၅၈၀၀ အပြည့် မပေးပါဘူး။ ၄၀ ရာခိုင်နှုန်းနဲ့ ထုတ်ပေးပါတယ်။ အလုပ်ကလည်း ခဏခဏ ပိတ်တော့ အလုပ်သမားတွေ နစ်နာနေတာပါ။” လို့ လုပ်သင့်ရင့် စက်ရုံ အလုပ်သမားတဦး က ပြောပါတယ်။
 
လစာ ၄၀ ရာခိုင်းနှုန်းနဲ့ ပေးတဲ့ လတွေထဲမှာ လုပ်သက်ခွင့်ပါ ထည့်ပြီး တွက်ချက်ထားတဲ့အတွက် အလုပ်သမား တွေမှာ ပိုပြီး နစ်နာရတယ်လို့ လုပ်သက် ၃ နှစ်ကျော် အလုပ်သမားတဦးက ပြောပါတယ်။
 
“၄၀ ရာခိုင်းနှုန်းနဲ့ စက်ရုံပိတ်ထားတဲ့ ကာလအတွက် ညီမတို့ လုပ်သက်ခွင့်တွေကို ယူသုံးပြီး လစာထဲထည့် ပါသေးတယ်။ အလုပ်သမားလိုချင်တဲ့ နှစ်ကြေးလည်း မရတော့ဘူး။ ခွင့်လိုချင််လည်း မရတော့ဘူး ဖြစ်သွားတာပါ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အဲဒီလို စက်ရုံပိတ်ကို နှစ်စဉ် ဖေဖော်ဝါရီလတိုင်း ပြုလုပ်လေ့ရှိပြီး တချို့နှစ်တွေမှာတော့ စက်ရုံကို တလကျော် ကြာ ပိတ်ထားတတ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် စက်ရုံကို လာရောက်စစ်ဆေးတဲ့ အဖွဲ့တွေကို လိမ်လည် ဖြေခိုင်းတာတွေရှိပြီး အဲလို ဖြေခိုင်းဖို့ စက်ရုံ ရုံးခန်းက ဝန်ထမ်းတွေက သင်ကြားပေးခဲ့လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
“စက်ရုံကိုလာစစ်မယ်ဆိုတာ စက်ရုံက ကြိုသိတယ်၊ပြင်ဆင်စရာရှိတာ ပြင်ဆင်တယ်။ ရုံးပေါ်ကလူတွေက လူတွေ အလုပ်သမားတွေကို ခေါ်တယ် လိမ်ဖြေပေးဖို့ သင်ပေးတော့တာပဲ။ အဓိကကတော့ ၄၀ ရာခိုင်းနှုန်းနဲ့ လစာ ပေးတာကို မပြောဖို့ ပါဘဲ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံအတွင်း အလုပ်သမားတွေ သောက်တဲ့ သောက်ရေကို အမြဲပေးမထားပဲ ရေကိုလွှတ်လိုက် ပြန်ပိတ်လိုက် လုပ်သလို စက်ရုံလူအင်အားနဲ့ ကြိုပို့ယာဉ်ကို လုံလောက်အောင် စီစဉ်ပေးမထားတာကြောင့် ကြိုပို့ယာဉ် စီးနင်းတိုင်း ကျပ်ညှပ်နေတဲ့အပြင် အဝေးပြန်တဲ့ အလုပ်သမားတွေမှာ မတ်တပ်ရပ် စီးနင်းနေရတယ်လို့ လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ ဖယ်ရီကတော့ တော်တော်ဆိုးဆိုးပဲ၊ အလုပ်ကနေ ပင်ပန်းပြီး ပြန်ကြရတယ်။ ပြန်တော့လည်း မတ်တပ် ဆိုတော့ ဖျားနာတာတွေခဏခဏ ဖြစ်ကြတယ်။ စက်ရုံမှာလည်း ဆေးခန်းမရှိ၊ ဆေးမရှိ။ လာစစ်တဲ့အဖွဲ့တွေ ရောက်လာ ရင်တော့ ဆေးသေတ္တာကို ပြထားတာပဲ။ ဆေးတောင်းရင်တော့ မရတော့ဘူး ။ တနင်္ဂနွေ အချိန်ပို ot ခေါ်လို့ မဆင်းရင် အလုပ်ထုတ်မယ်ဆိုပြီးလည်း ခြိမ်းခြောက်သေးတယ်။ အိမ်သာရေကလည်း မလာတာက များတော့ ညစ်ပတ်နေတာများတယ်” လို့ အလုပ်သမား တဦး က ပြောပါတယ်။
 
စက်ရုံအတွင်း လက်ဗွေလေးကြိမ်နှိပ်ရပေမဲ့ မတ်လအတွင်း လက်မှတ်တမ်းမပေါ်ဘူးလို့ ပြောဆိုပြီး အလုပ်သမားတွေရဲ့ အချိန်ပိုလုပ်ခတွေဖြတ်တောက်ခံရပြီး အလုပ်သမား တဦး ကျပ် ၇၀၀၀၀ ကျပ်ကနေ ကျပ် ၅၀၀၀၀ ကျော် နစ်နာနေရလို့ Myanmar Labour News ကို ပေးစာပေးပို့ အကြောင်းကြားထားပါတယ်။

Related posts

Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026