NEWS

ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို

CoverLogo
181 Views
 
Justdo Myanmar အထည်ချုပ် စက်ရုံက အမျိုးသမီး လုပ်သားတွေကို အမျိုးသား အောစူပါက လိင်အင်္ဂါနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းတွေ သုံးပြီး ပြောဆို ခိုင်းစေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အဲဒီ အမျိုးသားက အထည်စံချိန်မပြည့်လို့ အလုပ်သမားကို နာမယ်နဲ့ တကွ ပြောဆိုခဲ့တာလို့ သိရပါတယ်။
 
“စက်လိုင်းကိုင်တဲ့ အောစူပါအမျိုးသားက အထည်စံချိန်မပေးနိုင်လို့ဆို အလုပ်သမားနာမည်ကို မိုက်နဲ့ ‘အထည်စံချိန်ရအောင် မချုပ်ပေးဘဲနင်တို့ ေ-ာက်မွှေးနုတ်နေလား” လို ပြောတယ်” ဆိုပြီး အလုပ်သမားတွေက ပြောပါတယ်။
အဲဒီ အောစူပါအမျိုးသားက မိုက်နဲ့ နာမည်တပ်ပြီး ဆဲဆိုလေ့ရှိပြီး အလုပ်သမားတွေရဲ့ ကိုယ်ရေးကိုယ်တာတွေ ကိုပါ အများရှေ့မှာ မိုက်နဲ့ ပြောဆိုတယ်တယ်လို့ ပြောပါတယ်။
 
“သူက မိုက်ကိုင်ရတာ တော်တော်ကြိုက်တာ။ အိမ်သာသွားတာတောင် ကြာတယ်ဆိုပြီး မိုက်နဲ့ နာမည်တပ် အော်ခေါ်တယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားတွေ မချုပ်နိုင်တဲ့ အထည် စံချိန်ကို သတ်မှတ်တောင်းခံပြီး စံချိန်မပြည့်လို့ အောလင်း၊ အောနိုက် ဆင်း လုပ်ကိုင်ပေးရသလို ညနေ ၆ ခွဲမှာ မပြန်ရဘဲ ၇ခွဲအထိ ဆက်ဆင်းရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“ အချိန်ပို ဆင်းမပေးနိုင်တဲ့ အလုပ်သမားတွေကို အောစူပါ၊ စူပါတွေက မိုက်နဲ့ အော်ပြီး ဆဲတယ်။ ခေါင်းဆောင် တွေ မှားမှားမှန်မှန်‌ ပြန်ပြောစရာမလို ဘူးလို့ပြောတယ်” လို့ ပြောပါတယ်။
 
အလုပ်သမားတွေကို အော်စူပါ၊ စူပါတွေက ရိုင်းစိုင်းစွာ ပြောဆိုတဲ့အပြင် စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသားတွေက လည်း စက်လိုင်းထဲ အလုပ်သမားတွေကို စောင့်ကြည့် အော်ဟစ်ဆဲဆိုတယ်လို့ ပြောဆိုပါတယ်။ လုပ်ငန်းခွင် အပါအဝင် မည်သည့်နေရာမဆို ဆဲဆိုခွင့်မရှိပေမဲ့ အောစူပါ၊ စူပါတွေကတော့ လုပ်ငန်းခွင်ထဲမှာ ဆဲဆို နေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
 
“ဆဲဆိုတာ ဘယ်နေရမှာမှာ လုပ်မရဘူး၊ ဥပဒေမှာ အရေးယူနိုင်တယ်လို့ ပါတယ်။ ပြီးတော့ ဒါက စိတ်ကို အကြမ်းဖက်တာမျိုး ၊ လူတွေကို ဂုဏ်သိက္ခာမဲ့အောင် လုပ်နေတာ။ ဒါပေမဲ့ အောစူပါ၊ စူပါတွေကတော့ မကြောက်မရွံပြောဆိုနေတယ်” လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) တာဝန်ရှိသူက ပြောပါတယ်။
အချိန်ပိုဆင်းအပြီး အိမ်ပြန်မှာ စစ်ကောင်စီဘက်က စစ်ဆေးမှုတွေနဲ့ ကြုံနေရပေမဲ စက်ရုံဘက် ရဲ့ အလုပ်သမား ကတ် ထုတ်မပေးထားလို့ အခက်အခဲနဲ့ ကြောက်ရွံလန့်မှုတွေပါ ကြုံနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမားတွေကို လုပ်ခလစာကို စက်ရုံ က ခွဲခြားပေးတဲ့အပြင် ခွင့်ရက်မပေးဘဲ ရက်ပျက် သတ်မှတ်ပြီး လုပ်ခလစာ ဖြတ်တောက်တယ်လို့ ပြောပါတယ်။
 
“ အလုပ်သမားတွေရဲ့ လစာကို A, B ဆိုပြီး ခွဲပြီးပေးတယ်။ လစာထုတ်တာနဲ့ အထည်မရလို့ ဆိုပြီး ဒေကြေး ၁၀၀၀၀ နဲ့ပဲ ရှင်းပေးတော့တယ်။ ရှောင်တခင်ခွင့်၊ ဆေးခွင့် ဘာမှ မရဘူး ။ နေမကောင်းလည်း ခွင့်တိုင်မရဘူး။ ရက်ပျက်တယ်ဆိုပြီ ဒေးကြေး၊ ရက်မှန်ကြေး ဖြတ်တာပဲ၊ တစ်ရက်ပျက်ရင် ၃၀၀၀၀ အဖြတ်ခံရတာ.” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်ထဲမှာ အသက်မပြည့်တဲ့ ၁၃၊ ၁၄အရွယ် အလုပ်သမား ၁၀၀ ကျော်ကို လူကြီး အလုပ်သမားတွေနဲ့ တန်းတူ ခိုင်းစေမှုတွေ ရှိနေတယ်လို့လည်း အလုပ်သမားတွေက ပြောထားပါတယ်။
 
Justdo Myanmar Co,.Ltd စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန် မှာ ဖွင့်လှစ်ထားပြီး အလုပ်သမားများ ၂၀၀ ကျော်လုပ်ကိုင်နေပါတယ်။ စက်ရုံကို တရုတ်နိုင်ငံသား ပိုင်ဆိုင်ပြီး Jack field တံဆိပ် အထည်တွေ ချုပ်လုပ်နေပါတယ်။

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026